သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး လှုပ်ရှားသူ ဦးထွန်းခင်နဲ့ တွေ့ဆုံမေးမြန်းခန်း


ကုလသမဂ္ဂ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ မှာ ဂမ်ဘီယာတနိုင်ငံတည်းပဲ မြန်မာကို လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်နဲ့ အမှုဖွင့်ထားတဲ့ ကိစ္စမှာ မော်လ်ဒိုက်နိုင်ငံက ဂမ်ဘီယာကို အားဖြည့် ပူးပေါင်းပါဝင်လာတာဟာ ရိုဟင်ဂျာတွေတရားမျှတမှု ရရှိရေးမှာ ပိုပြီးအားကောင်းလာစေတယ်လို့ မြင်ကြောင်း ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဌ ဦးထွန်းခင်က ပြောပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရဘက်က မော်လ်ဒိုက်နိုင်ငံ ကိစ္စ ချက်ခြင်းတုံ့ပြန်ချက် မပေးထားပေမယ့် နိုင်ငံတကား တရားရုံးမှာ တရားစွဲဆိုတဲ့ ကိစ္စတွေကို ဥပဒေကြောင်းအရ ရင်ဆိုင်သွားမယ်လို့ ပြောဆိုထားပါတယ်။ ဒီကိစ္စအပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရခေါင်းဆောင်တွေအပါအဝင် တပ်မတော် ခေါင်းဆောင်တွေအပေါ် တရားစွဲဆိုထားတဲ့ ကိစ္စ၊ ဦးထွန်းခင်ကို VOA မြန်မာပိုင်း အစီအစဉ်က မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

XS
SM
MD
LG