သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဆန္ဒပြပွဲတွေအတွင်း စစ်တပ်အခန်းကဏ္ဍ လွှတ်တော်မှာ ရှင်းလင်းတင်ပြမယ်


George Floyd သေဆုံးခဲ့မှုအပေါ် မကျေနပ်တာကြောင့် ဆန္ဒပြခဲ့ကြသူတချို့ကို ဝါရှင်ဒန်မြို့တော် အိမ်ဖြူတော်နားမှာ တွေ့ရ။ (ဇွန် ၀၃၊ ၂၀၂၀)
George Floyd သေဆုံးခဲ့မှုအပေါ် မကျေနပ်တာကြောင့် ဆန္ဒပြခဲ့ကြသူတချို့ကို ဝါရှင်ဒန်မြို့တော် အိမ်ဖြူတော်နားမှာ တွေ့ရ။ (ဇွန် ၀၃၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်ပြည်ထောင်စုမှာ ရဲလက်ချက်နဲ့ George Floyd သေဆုံးခဲ့မှုအပေါ် မကျေနပ်တဲ့ ဆန္ဒပြမှုတွေအတွင်း အိမ်ဖြူတော်နားမှာ ဆန္ဒပြသူတွေအပေါ် ကိုင်တွယ်ခဲ့တာအပါအဝင် အငြင်းပွားစရာ ကိစ္စတွေနဲ့ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးနဲ့ ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌတို့ လွှတ်တော်မှာ ဒီနေ့ ထွက်ဆိုကြရမှာဖြစ်ပါတယ်။

ဝန်ကြီး Mark Esper (ဝဲ) နဲ့ ဗိုလ်ချုပ်ကြီး Mark Milley (ယာ)
ဝန်ကြီး Mark Esper (ဝဲ) နဲ့ ဗိုလ်ချုပ်ကြီး Mark Milley (ယာ)

အောက်လွှတ်တော်မှာပြုလုပ်မယ့် ကြားနာပွဲအတွင်း ဝန်ကြီး Mark Esper နဲ့ ဗိုလ်ချုပ်ကြီး Mark Milley တို့ကို လွှတ်တော်အမတ်တွေက မေးခွန်းထုတ်ကြမှာပါ။

ဇွန်လ ၁ ရက်နေ့က အိမ်ဖြူတော်နား ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေသုံး ဖြိုခွဲခဲ့သလို အဲဒီနေ့ ညမှာပဲ ဝါရှင်တန်မြို့တော်ထဲက ဆန္ဒပြသူတွေကို ဖြိုခွဲဖို့ အမျိုးသားလုံခြုံရေးအရန်တပ်ဖွဲ့ ရဟတ်ယာဉ်တစင်း နိမ့်နိမ့်လေး ပျံသန်းခဲ့တာကြောင့် စစ်တပ်အရင်းအမြစ်တွေကို ခုလိုသုံးတာ သင့်တော်ရဲ့လားဆိုတာကို Pentagon စစ်ဌာနချုပ်မှာလည်း စုံစမ်းစစ်ဆေးနေပါတယ်။

နိုင်ငံတွင်း မငြိမ်သက်မှုတွေကို နှိမ်နှင်းဖို့ စစ်တပ်ကို အသုံးပြုတဲ့ဥပဒေကို သမ္မတ Trump ထုတ်ပြန်အသုံးချတဲ့အပေါ် သူဆန့်ကျင်တယ်လို့ ကာကွယ်ရေးဝန်ကြီး Esper က Pentagon စစ်ဌာနချုပ်သတင်းစာရှင်းပွဲတခုမှာ ပြောခဲ့ပါတယ်။

ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့ပြီးမကြာခင်မှာပဲ အိမ်ဖြူတော်နားက ဘုရားကျောင်းမှာ သမ္မတ ဓာတ်ပုံအရိုက်ခံဖို့ သွားခဲ့တုန်းက သမ္မတနောက် ပါသွားခဲ့တဲ့အပေါ်နောင်တရတယ်လို့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ Milley ကပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






ဆန်ဒပွသူတှကေို ဖွိုခှငျးခဲ့ပွီးမကွာခငျမှာပဲ အိမျဖွူတောျနားက ဘုရားကြောငျးမှာ သမ်မတ ဓာတျပုံအရိုကျခံဖို့ သှားခဲ့တုနျးက သမ်မတနောကျ ပါသှားခဲ့တဲ့အပေါျနောငျတရတယျလို့ ပူးတှဲစဈဦးစီးခြုပျမြားအဖှဲ့ဥက်ကဋ်ဌ Milley ကပွောကွားခဲ့ပါတယျ။

XS
SM
MD
LG