သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီမြစ်ရေကြီးနိုင်တဲ့ အန္တရာယ်


ဧရာဝတီမြစ်။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၁၂)
ဧရာဝတီမြစ်။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၁၂)

[Zawgyi/Unicode]

မြန်မာနိုင်ငံနေရာတချို့မှာ မိုးသည်းထန် ရေကြီးမှုတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ကြရတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပေးပါမယ်။

မြန်မာနိုင်ငံ အထက်ပိုင်း ဒေသတွေမှာ မကြာသေးခင်ရက်တွေအတွင်း ဧရာဝတီမြစ်ရေ ဆက်တိုက်မြင့်တက်လာနေတာကြောင့် ရေကြီးနိုင်တဲ့ အန္တရာယ် သတိထားဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသလို၊ ရာနဲ့ချီတဲ့ ဒေသခံတွေကိုလည်း ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးထွန်းဦးကတော့ ဒီသီတင်းပတ်ထဲ မိုးလျော့နည်းမယ်လို့ ခန့်မှန်းထားတဲ့အတွက် စိုးရိမ်ရေမှတ်အထိ ရောက်နိုင်တဲ့ အန္တရာယ်မရှိပေမဲ့ သတိထားဖို့လိုတယ်လို့ ပြောပါတယ်။

"ဒီသတ်မှတ်ထားတဲ့စခန်းမှာ စိုးရိမ်ရေမှတ်ကို မရောက်သော်ငြားလည်း ကိုယ့်ရဲ့နေရာအနေအထားပေါ်မှာ မူတည်ပြီး ပြင်ဆင်ထားသင့်တယ်ပေါ့နော်။ ဘာလို့လည်းဆိုတော့ ရေတက်နေတယ်ဆိုတော့ အထက်မှာတက်နေသည့်အတွက် အောက်မှာတော့ သက်ရောက်မှုကရှိမှာပဲ။ အနည်းနဲ့အများတော့ တက်လာမှာပဲ။ စိုးရိမ်ရတဲ့ရေမှတ်မရောက်သော်လည်းပဲ အနိမ့်ပိုင်းတွေ့တော့ ရေလွှမ်းမိုးမှုက ရှိဦးမှာပါပဲခင်ဗျ။"

ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ ရွှေကူမှာလည်း ပြီးခဲ့တဲ့ စနေနေ့ နှောင်းပိုင်းကစလို ရေဘေးကယ်ဆယ်ရေးစခန်း ၁၁ ခုဖွင့်လှစ်ခဲ့ရပြီး လူဦးရေ ၆၀၀ ကျော်ကို ပြောင်းရွှေ့နေရာချထားပေးရတယ်လို့လည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ရေဘေးကြောင့် ရွှေ့ပြောင်းလာသူတွေကို ကိုဗစ်ကာလအတွင်း အရင်နှစ်တွေကနဲ့မတူ တခြားထောက်ပံ့မှုတွေပါ စီစဉ်ပေးထားတယ်လို့ လူကယ်ပြန်ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

"ရေတော့ပြန်ကျနေတယ်။ အဲတော့ ပြန်ပြောင်းရွှေ့ဖို့ တချို့တလေတော့ လုပ်နေကြပြီပေါ့။ ဝိုင်းမော်မှာတော့ ပြန်ရွှေ့ကုန်ကြပြီ။ အခုကတော့ ရေကြီးရေလျှံတဲ့ကာလ ရောက်လာပြီပေါ့နော်။ ရောက်လာတဲ့အခါကျတော့ ပြီးခဲ့တဲ့နှစ်တွေနဲ့ မတူတာက ဒီနှစ်ရေဘေးပြောင်းရွှေ့ရသူတွေကို Mask တွေပါ ထောက်ပံ့ဖို့ပေါ့နော်။ Mask တို့ ဆပ်ပြာတို့ အဲဒါတွေထောက်ပံ့ဖို့ စီစဉ်ထားတာရှိတယ်။"

နောက်လာမယ့် ၂ ရက်အတွင်းမှာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာလည်း ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ရောက်လာနိုင်လို့ မြစ်ကမ်းဘေးနေထိုင်သူတွေကို ရေဘေးသတိပေး လိုက်လံနှိုးဆော်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

ဧရာဝတီမွဈရကွေီးနိုငျတဲ့ အန်တရာယျ









XS
SM
MD
LG