သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ ကုိဗစ္ေၾကာင့္ ေသဆုံးသူ ၂ ဦးနဲ႔ ကူးစက္သူ ၁၂၀ ထပ္တုိး 


(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ ကုိဗစ္-၁၉ ကူးစက္သူ (၁၂၀) ဦး စစ္ေဆး ေတြ႔ရွိခဲ့ၿပီး ေသဆုံးသူ (၂) ဦးရွိခဲ့ေၾကာင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက စက္တင္ဘာ ၁၀ ရက္၊ ၾကာသပေတးေန႔ မနက္ ၈ နာရီ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏုိင္ငံမွာ အခုခ်ိန္ထိ ကုိရုိနာဗုိင္းရပ္စ္ ကူးစက္သူ စုစုေပါင္း ၂,၀၀၉ ဦးနဲ႔ ေသဆုံးသူ စုစုေပါင္း (၁၄) ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

ေဖာင္ႀကီး ကုိဗစ္-၁၉ ကုသေရးဌာနမွာ ကုသမႈခံယူေနတဲ့ အသက္ (၅၅) ႏွစ္အ႐ြယ္ ဆီးခ်ိဳေရာဂါႏွင့္ ေသြးတိုးေရာဂါအခံရွိသူ ဓာတ္ခြဲအတည္ျပဳ လူနာအမ်ိဳးသမီး (လူနာအမွတ္ ၁၅၉၀) ဟာ ျပင္းထန္အဆုတ္ေရာင္ေရာဂါေၾကာင့္ ႐ုတ္တရက္အသက္ရႉ လမ္းေၾကာင္းပ်က္စီးျခင္း၊ ႐ုတ္တရက္ ႏွလုံးရပ္ျခင္းေၾကာင့္ စက္တင္ဘာလ ၉ ရက္ေန႔၊ ည ၁၁ နာရီ ၄၅ မိနစ္မွာ ေသဆုံးသြားသလုိ၊ ေနာက္ထပ္ လူနာတဦးျဖစ္တဲ့ အသက္ (၄၅) ႏွစ္အ႐ြယ္ ဆီးခ်ိဳေရာဂါအခံရွိသူ ဓာတ္ခြဲ အတည္ျပဳလူနာ အမ်ိဳးသား (လူနာ အမွတ္ ၁၄၉၁) ဟာလည္း ျပင္းထန္အဆုတ္ေရာင္ေရာဂါေၾကာင့္ ႐ုတ္တရက္ အသက္ရႉ လမ္းေၾကာင္း ပ်က္စီးျခင္း၊ ႏွလုံးႂကြက္သားေရာင္ရမ္းျခင္းေၾကာင့္ စက္တင္ဘာလ ၁၀ ရက္ေန႔ မနက္ ၂ နာရီ ၅၀ မိနစ္မွာ ေသဆုံးသြားေၾကာင္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အခု အသစ္ထပ္မံေတြ႔ရွိတဲ့ လူနာ ၁၂၀ ဦးဟာ စက္တင္ဘာလ ၉ ရက္ေန႔က ဓါတ္ခြဲ စမ္းသပ္ခဲ့တဲ့ သူေတြျဖစ္တာေၾကာင့္ မေန႔ စက္တင္ဘာ ၉ ရက္ေန႔မနက္မွာ အတည္ျပဳထားတဲ့ လူနာနဲ႔ေပါင္းလုိက္ရင္ တရက္အတြင္း လူနာ စုစုေပါင္း ၂၀၂ ဦးကုိ ဓါတ္ခြဲ အတည္ျပဳႏုိင္ခဲ့တာပါ။ ဒါဟာ ျမန္မာႏုိင္ငံမွာ တရက္အတြင္း အမ်ားဆုံး ကူးစက္မႈ စံခ်ိန္တင္လုိက္တာလည္း ျဖစ္ပါတယ္။

ဒီကေန႔ စမ္းသပ္အတည္ျပဳလုိက္တဲ့ လူနာေတြထဲမွာ ရန္ကုန္တုိင္းက (၅၀) ဦးနဲ႔ အမ်ားဆုံးျဖစ္ၿပီး၊ ရခုိင္ျပည္နယ္က (၄၇) နဲ႔ ဒုတိယ၊ က်န္ လူနာေတြကေတာ့ ဧရာ၀တီတုိင္းက (၉) ဦး၊ ေနျပည္ေတာ္က (၄) ဦး၊ မေကြးတုိင္းက (၃) ဦး၊ မြန္ျပည္နယ္က (၃) ဦး၊ မႏၱေလးတုိင္းက (၂) ဦးနဲ႔ စစ္ကုိင္းတုိင္းက (၁) ဦးစီ အသီးသီးျဖစ္ၾကပါတယ္။

အခုေနာက္ပုိင္း ကုိဗစ္-၁၉ ကူးစက္မႈေတြဟာ ျပည္ပခရီးသြားရာဇငင္ မရွိသူေတြ မ်ားလာတာေၾကာင့္ အမ်ားျပည္သူအေနနဲ႔ အသြားအလာ ဆင္ျခင္ၾကဖုိ႔ က်န္းမာေရး၀န္ႀကီးဌာနက သတိေပးခ်က္ ထုတ္ျပန္ထားသလုိ ဒီရက္ပုိင္းအတြင္း ကူးစက္မႈအမ်ားဆုံးျဖစ္ေနတဲ့ ရန္ကုန္တုိင္းေဒသႀကီးအတြင္းက ၿမိဳ႕နယ္ (၂၈) ၿမိဳ႕နယ္မွာ Stay at Home - မလုိအပ္ဘဲ ေနအိမ္အျပင္မထြက္ၾကဖုိ႔ ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ျမန္မာႏုိင္ငံမွာ အခုခ်ိန္ထိ ကူးစက္သူ စုစုေပါင္း ၂,၀၀၉ ဦး ရွိခဲ့တဲ့အထဲက ကုသမႈခံယူၿပီး ေဆးရုံကဆင္းခြင့္ရရွိသူ ၅၅၃ ဦး ရွိခဲ့ၿပီးျဖစ္တယ္လုိ႔လည္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

..............

မြန်မာမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၂ ဦးနဲ့ ကူးစက်သူ ၁၂၀ ထပ်တိုး

(Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်သူ (၁၂၀) ဦး စစ်ဆေး တွေ့ရှိခဲ့ပြီး သေဆုံးသူ (၂) ဦးရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁၀ ရက်၊ ကြာသပတေးနေ့ မနက် ၈ နာရီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အခုချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ စုစုပေါင်း ၂,၀၀၉ ဦးနဲ့ သေဆုံးသူ စုစုပေါင်း (၁၄) ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးဌာနမှာ ကုသမှုခံယူနေတဲ့ အသက် (၅၅) နှစ်အရွယ် ဆီးချိုရောဂါနှင့် သွေးတိုးရောဂါအခံရှိသူ ဓာတ်ခွဲအတည်ပြု လူနာအမျိုးသမီး (လူနာအမှတ် ၁၅၉၀) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်းပျက်စီးခြင်း၊ ရုတ်တရက် နှလုံးရပ်ခြင်းကြောင့် စက်တင်ဘာလ ၉ ရက်နေ့၊ ည ၁၁ နာရီ ၄၅ မိနစ်မှာ သေဆုံးသွားသလို၊ နောက်ထပ် လူနာတဦးဖြစ်တဲ့ အသက် (၄၅) နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ ဓာတ်ခွဲ အတည်ပြုလူနာ အမျိုးသား (လူနာ အမှတ် ၁၄၉၁) ဟာလည်း ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်း၊ နှလုံးကြွက်သားရောင်ရမ်းခြင်းကြောင့် စက်တင်ဘာလ ၁၀ ရက်နေ့ မနက် ၂ နာရီ ၅၀ မိနစ်မှာ သေဆုံးသွားကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခု အသစ်ထပ်မံတွေ့ရှိတဲ့ လူနာ ၁၂၀ ဦးဟာ စက်တင်ဘာလ ၉ ရက်နေ့က ဓါတ်ခွဲ စမ်းသပ်ခဲ့တဲ့ သူတွေဖြစ်တာကြောင့် မနေ့ စက်တင်ဘာ ၉ ရက်နေ့မနက်မှာ အတည်ပြုထားတဲ့ လူနာနဲ့ပေါင်းလိုက်ရင် တရက်အတွင်း လူနာ စုစုပေါင်း ၂၀၂ ဦးကို ဓါတ်ခွဲ အတည်ပြုနိုင်ခဲ့တာပါ။ ဒါဟာ မြန်မာနိုင်ငံမှာ တရက်အတွင်း အများဆုံး ကူးစက်မှု စံချိန်တင်လိုက်တာလည်း ဖြစ်ပါတယ်။

ဒီကနေ့ စမ်းသပ်အတည်ပြုလိုက်တဲ့ လူနာတွေထဲမှာ ရန်ကုန်တိုင်းက (၅၀) ဦးနဲ့ အများဆုံးဖြစ်ပြီး၊ ရခိုင်ပြည်နယ်က (၄၇) နဲ့ ဒုတိယ၊ ကျန် လူနာတွေကတော့ ဧရာဝတီတိုင်းက (၉) ဦး၊ နေပြည်တော်က (၄) ဦး၊ မကွေးတိုင်းက (၃) ဦး၊ မွန်ပြည်နယ်က (၃) ဦး၊ မန္တလေးတိုင်းက (၂) ဦးနဲ့ စစ်ကိုင်းတိုင်းက (၁) ဦးစီ အသီးသီးဖြစ်ကြပါတယ်။

အခုနောက်ပိုင်း ကိုဗစ်-၁၉ ကူးစက်မှုတွေဟာ ပြည်ပခရီးသွားရာဇငင် မရှိသူတွေ များလာတာကြောင့် အများပြည်သူအနေနဲ့ အသွားအလာ ဆင်ခြင်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားသလို ဒီရက်ပိုင်းအတွင်း ကူးစက်မှုအများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ် (၂၈) မြို့နယ်မှာ Stay at Home - မလိုအပ်ဘဲ နေအိမ်အပြင်မထွက်ကြဖို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ အခုချိန်ထိ ကူးစက်သူ စုစုပေါင်း ၂,၀၀၉ ဦး ရှိခဲ့တဲ့အထဲက ကုသမှုခံယူပြီး ဆေးရုံကဆင်းခွင့်ရရှိသူ ၅၅၃ ဦး ရှိခဲ့ပြီးဖြစ်တယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG