သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူငယ်နဲ့ ကျန်းမာရေးကောင်းသူ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ၂၀၂၂ ခုနှစ်အထိစောင့်ရနိုင်


"COVID 19 ကာကွယ်ဆေး"လို့ တံဆိပ်ကပ်ထားတဲ့ ပုလင်းများ။ (ဧပြီ ၁၀၊ ၂၀၂၀)
"COVID 19 ကာကွယ်ဆေး"လို့ တံဆိပ်ကပ်ထားတဲ့ ပုလင်းများ။ (ဧပြီ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

WHO ရဲ့ ဦးဆောင်သိပ္ပံပညာရှင် Soumya Swaminathan
WHO ရဲ့ ဦးဆောင်သိပ္ပံပညာရှင် Soumya Swaminathan

လူငယ်တွေနဲ့ ကျန်းမာရေးကောင်းတဲ့သူတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ ၂၀၂၂ ခုနှစ်အထိ စောင့်ရနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောလိုက်ပါတယ်။ ကျန်းမာရေး အာဏာပိုင်တွေအနေနဲ့ ကျန်းမာရေဝန်ထမ်းတွေ၊ တရားဥပဒေစိုးမိုးရေးနဲ့ အရေးပေါ်ဝန်ထမ်းတွေအပါအဝင် ရှေ့တန်းကဆောင်ရွက်နေသူတွေ၊ အဲဒီနောက် သက်ကြီးပိုင်းတွေကို ဦးစားပေးသွားနိုင်ဖွယ်ရှိတယ်လို့ WHO ရဲ့ ဦးဆောင်သိပ္ပံပညာရှင် Soumya Swaminathan က ဒီနေ့ ပြောလိုက်တာပါ။

ဘေးအန္တရာယ်ကင်းပြီး ထိရောက်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အနည်းဆုံးတမျိုးတော့ လာမယ့် ၂၀၂၁ ခုနှစ်မှာ ထွက်ရှိဖို့ မျှော်လင့်ကြောင်း၊ ဒါပေမဲ့ အဲဒီထွက်ရှိလာမဲ့ ကာကွယ်ဆေးဟာ အကန့်အသတ်နဲ့သာဖြစ်လိမ့်မယ်လို့ Swaminathan က ပြောပါတယ်။

ကမ္ဘာတဝန်းမှာ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးအဖြစ် စမ်းသပ်ထုတ်လုပ်နေတဲ့ ဆေးအမျိုးပေါင်း ၁၇၀ ကျော်ရှိပါ တယ်။ အဲဒီထဲမှာ ၁၀ ခုက လူတွေနဲ့စမ်းသပ်တဲ့ နောက်ပိုင်းအဆင့်ကို ရောက်ရှိနေပြီး ကျန်တာတွေကတော့ တခြားအဆင့်တွေမှာပဲ ရှိနေပါသေးတယ်။

အမေရိကန်က Johnson & Johnson နဲ့ AstraZeneca ကုမ္ပဏီတွေကတော့ နောက်ဆုံးအဆင့် စမ်းသပ်မှုတွေကို မကြာသေးခင်က ခေတ္တရပ်ဆိုင်းထားပါတယ်။ ဒီကာကွယ်ဆေး စမ်းသပ်တဲ့နေရာမှာ စေတနာ့ဝန်ထမ်းအဖြစ်နဲ့ လူကိုယ်တိုင် စမ်းသပ်ခံတဲ့သူတစ်ယောက် ဖျားနာခဲ့တာကြောင့် အဲဒီလို ခေတ္တရပ်ဆိုင်းထားတာပါ။ အခုလို ကာကွယ်ဆေးတွေထုတ်နိုင်ဖို့ ကြိုးစားနေချိန်မှာပဲ ဥရောပမှာလည်း ကူးစက်မှုတွေ ပြန်မြင့်တက်လာနေတာကြောင့် ကန့်သတ်မှုအသစ်တွေ ပြန်ချမှတ်လာနေပါတယ်။ ကမ္ဘာတဝန်းမှာ အခုဆိုရင် ရောဂါကူးစက်သူ ၃၈ သန်းကျော်သွားပြီဖြစ်ပြီး သေဆုံးသူလည်း ၁,၀၀၀,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG