သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၁ ခုနှစ် ကမ္ဘာတဝန်း ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ဖို့ ကုလပြင်ဆင်


"COVID 19 ကာကွယ်ဆေး" လို့ ရေးထားတဲ့ ပုလင်းတခု။ (ဧပြီ ၁၀၊ ၂၀၂၀)
"COVID 19 ကာကွယ်ဆေး" လို့ ရေးထားတဲ့ ပုလင်းတခု။ (ဧပြီ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

၂၀၂၁ ခုနှစ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးတဲ့အခါ လိုအပ်လာမယ့် ဆေးထိုးအပ်တွေ ဘီလီယံနဲ့ ချီပြီး စုဆောင်းနေပြီလို့ ကုလသမဂ္ဂအဖွဲ့က ဒီကနေ့ပြောပါတယ်။ ဒီနှစ်ကုန်လောက်မှာ ဆေးထိုးအပ် သန်း ၅၂၀ လောက် သိုလှောင်ထားနိုင်မယ်လို့ ရည်ရွယ်ထားတယ်လို့လည်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့UNICEF က ပြောပါတယ်။

ကာကွယ်ဆေးထိုးနှံရမယ့် အရေအတွက် နဲ့ အညီ ဆေးထိုးအပ်တွေ လိုအပ်လာမှာဖြစ်တယ်လို့လည်း UNICEF ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။ အသုံးပြုပြီးသား ဆေးထိုးအပ်တွေကို လုံလုံခြုံခြုံစနစ်တကျ စွန့်ပစ်နိုင်ဖို့ သေတ္တာ ၅,၀၀၀,၀၀၀ ဝယ်ယူသွားမယ်လို့လည်း UNICEF ကပြောပါတယ်။

တနင်္လာနေ့အထိစာရင်းတွေအရ တကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ သန်း ၄၀ ကျော်နေပြီး သေဆုံးသူပေါင်းက ၁.၁ သန်းကျော်ရှိပါတယ်။

COVID-19 ကာကွယ်ဆေးထိုးနှံတာက လူ့သမိုင်းမှာ အရေအတွက်အများဆုံး ကာကွယ်ဆေးထိုးပေးတဲ့ ဖြစ်စဉ်ကြီးတွေထဲက တခုဖြစ်တာကြောင့် ကာကွယ်ဆေးထုတ်လုပ်ဖို့လိုအပ်သမျှ အမြန်ဆုံးလုပ်ဖို့ လိုအပ်တယ်လို့လည်း UNICEF အမှုဆောင်ဒါရိုက်တာ Henrietta Fore ကပြောပါတယ်။ ဒီနှစ်ကုန်မှာ ဆေးထိုးအပ်သန်း ၅၀၀ လောက်ကို အဆင်သင့်ရှိအောင်လုပ်ထားပြီး ငွေကြေးအလေအလွင့်မရှိ အလျင်အမြန် အသုံးပြုနိုင်အောင်ပြင်ဆင်ထားတယ်လို့လည်း သူကပြောပါတယ်။

ဒီသိုလှောင်ထားတဲ့ ဆေးထိုးအပ်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဦးဆောင်လုပ်ကိုင်နေတဲ့ လူတိုင်းအတွက် ကာကွယ်ဆေးရဖို့ Covax အစီအစဉ်မှာ အသုံးပြုသွားမှာဖြစ်ပါတယ်။

အခုလက်ရှိ တကမ္ဘာလုံး အလားအလာရှိတဲ့ ကာကွယ်ဆေးစမ်းသပ်မှုပေါင်း ၄၂ ခု လောက်က လူတွေနဲ့ စမ်းသပ်နေပြီး ဒီအထဲက ၁၀ ခုလောက်ကတော့နောက်ဆုံးအဆင့် စမ်းသပ်မှုတွေကို ပြုလုပ်နေပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG