(Zawgyi/Unicode)
၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် နေရာအများစုကို အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အမျိုးသားညီညွတ်ရေးအစိုးရ ဖော်ဆောင်ဖို့ဆိုပြီး ပြောဆို လုပ်ဆောင်တာတွေရှိလာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ ဘယ်လိုအစိုးရမျိုးပါလဲ၊ မြန်မာနိုင်ငံအတွက် ဒီလိုအစိုးရမျိုး တကယ်ပဲ လိုအပ်နေပါသလား၊ တကယ်တမ်း ဖွဲ့စည်းမယ်ဆိုရင်ကော ဘယ်လိုဖွဲ့စည်းသင့်ပါသလဲ ... စတာတွေနဲ့ပတ်သက်ပြီး အခုဆွေးနွေးခန်းမှာ နားဆင်ကြရပါမယ်။
သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း၊ မြန်မာ့အရေးလေ့လာသူ သုတေသီ ဦးတင်မောင်သန်းတို့ ပါဝင်ဆွေးနွေးထားကြပါတယ်။
--------------------------
(Unicode)