သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ဒီမိုကရေစီက အောင်ပွဲခံခဲ့ပြီ” ရွေးချယ်ခံသမ္မတ Joe Biden


ရွေးကောက်ခံ သမ္မတ Joe Biden။ (ဒီဇင်ဘာ ၁၄၊ ၂၀၂၀)
ရွေးကောက်ခံ သမ္မတ Joe Biden။ (ဒီဇင်ဘာ ၁၄၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်တွေရဲ့ စိတ်ဓါတ်ရေးရာ ဒီတိုက်ပွဲမှာ ဒီမိုကရေစီက အောင်ပွဲခံခဲ့တယ်လို့ Electoral College သမ္မတရွေးချယ်ရေးအဖွဲ့က သူ့ကို အနိုင်ရမဲပေးအပြီး ရွေးကောက်ခံ သမ္မတ Joe Biden က ပြောဆိုသွားပါတယ်။

အမေရိကန် ပြည်သူတွေအနေနဲ့ ညီညွတ် ကြဖို့နဲ့ ခံစားချက် တွေကို ကုစားဖို့ တိုက်တွန်း ပြောကြားနေချိန်မှာပဲ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲဖို့ ကြိုးစားနေတဲ့ သမ္မတ Donald Trump နဲ့ သူ့ရဲ့ မဟာမိတ်တွေကိုလည်း မစ္စတာ ဘိုင်ဒန်က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း အစိုးရအလွဲှအပြောင်းလုပ်ရေးကို အာဏာကို အလွဲသုံးစားလုပ်ပြီးတော့ ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့လည်းပြောပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့စနစ်ကို ယုံကြည်မှုအပြည့်နဲ့ အမေရိကန်ပြည်သူတွေမဲပေးခဲ့ကြသလို၊ ရွေးကောက်ပွဲရဲ့ သမာသမတ်ရှိမှု ဂုဏ်သိက္ခာမပျက်မယွင်း ရှိနေဆဲဖြစ်ကြောင်းလည်း မစ္စတာ ဘန်ဒန်က ပြောပါတယ်။

တနင်္လာနေ့တုန်းက သမ္မတရွေးချယ်ရေးအဖွဲ့ဝင်တွေက Joe Biden ကို ၃၀၆ မဲပေးခဲ့ပြီး ထရမ့်ကို ၂၃၂ မဲပေးခဲ့တာဖြစ်လို့ ရွေးကောက်ပွဲ အနိုင်ရရေး လိုအပ်တဲ့ မဲပေါင်း ၂၇၀ ထက် အများအပြား ကျော်လွန် ရရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်က သမ္မတ ထရမ့်က ဟီလာရီ ကလင်တန်ကို အနိုင်ရတုန်းကလည်း အခုလို ၃၀၆ မဲနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

သမ္မတရွေးချယ်ရေးအဖွဲ့က Joe Biden ကို အနိုင်ရ မဲပေးအပြီးမှာ သမ္မတ ထရမ့်က တစ်စုံတစ်ရာ ဝေဖန်ပြောကြားတာ မရှိသေးပါဘူး။ တနင်္ဂနွေနေ့တုန်းကတော့ အကြိတ်အနယ်ယှဉ်ပြိင်ရတဲ့ ပြည်နယ်တွေမှာ မဲမသမာမှု အကြီးအကျယ်ရှိတယ်လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

“ဒီမိုကရစေီက အောငျပှဲခံခဲ့ပွီ” ရှေးခယြျခံသမ်မတ Joe Biden






XS
SM
MD
LG