သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေရာဂါအက်ပ္အတည္းၾကား ျမန္မာ့စုိက္ပ်ဳိးေရးပုိ႔ကုန္ေတြအတြက္ ေစ်းကြက္သစ္ေတြ႔


ကပ္ေရာဂါအက်ပ္အတည္းၾကားစိုက္ပ်ိဳးေရးပို႔ကုန္ေစ်းကြက္သစ္ျမန္မာေတြ႕ရွိ

{{Zawgyi/Unicode}}

ျမန္မာ့စိုက္ပ်ိဳးေရး ထြက္ကုန္ေတြကို ကမာၻ႔တျခားႏိုင္ငံေတြအထိ တင္ပို႔ႏိုင္ဖို႔ ျမန္မာႏိုင္ငံက စတင္ေျခလွမ္းေနတာမွာ ေအာင္ျမင္မႈေတြရေနေၾကာင္း ကုန္သည္လုပ္ငန္းရွင္ေတြရဲ႕ ေျပာျပခ်က္ကို ကိုေဇာ္ထက္ က တင္ျပေပးမွာပါ။

ျပည္တြင္းက ေတာင္သူေတြ၊ ပို႔ကုန္လုပ္ငန္းရွင္ေတြဟာ ကိုဗစ္အက်ပ္အတည္းေၾကာင့္ ျဖစ္လာတဲ့ နယ္စပ္ကုန္သြယ္ေရး အထူးသျဖင့္ ျမန္မာ- တ႐ုတ္ ကုန္သြယ္ေရး ရပ္တန႔္ေနတာကို ေျဖရွင္းဖို႔ႀကိဳးစားရင္း ပို႔ကုန္ ေစ်းကြက္သစ္ေတြ ရလာေနပါၿပီ။

အကန႔္အသတ္မ်ားတဲ့ တ႐ုတ္နယ္စပ္ ကုန္သြယ္ေရးကို စိတ္ပ်က္ေနတဲ့ ျမန္မာ ကုန္သည္ေတြဟာ အေရွ႕အလယ္ပိုင္း၊ ဥေရာပနဲ႔ ယူေကေစ်းကြက္ေတြကို ရွာေဖြရင္း အခုဆိုရင္ ဒီႏိုင္ငံေတြက ျမန္မာသီးႏွံေတြကို ဝယ္ယူဖို႔ စတင္ကမ္းလွမ္းလာတာပါ။ ၿပီးခဲ့တဲ့လက ျပည္တြင္း ေထာပတ္သီးေတြ အဂၤလန္ႏိုင္ငံကို ပထမဦးဆုံး စမ္းသပ္တင္ပို႔လိုက္ၿပီးေနာက္ပိုင္း ျမန္မာစိုက္ပ်ိဳးေရး ထြက္ကုန္ေတြကို ဝယ္ယူဖို႔ ႏိုင္ငံတခ်ိဳ႕က ကမ္းလွမ္းတာ၊ ေမးျမန္းတာေတြ ရွိခဲ့ပါတယ္။

ဒီအေျခအေနကို ျမန္မာႏိုင္ငံ သစ္သီဝလံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္း႐ြက္ စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ားအသင္း အေထြေထြ အတြင္းေရးမႉး ေဒၚစႏၵာမ်ိဳးက ဗြီအိုေအကို ေျပာပါတယ္။

“အခုလက္ရွိ အဂၤလန္ကို ပို႔လိုက္တာက သစ္သီးလို ကုန္စိမ္းေတာင္မွ က်ေနာ္တို႔ အျပည္ျပည္ဆိုင္ရာ ေစ်းကြက္ အႀကီးႀကီးထိ သြားလို႔ရတယ္ဆိုတာ အရမ္းေပါက္သြားေတာ့ အရမ္းေတြ စိုက္ၾကတယ္။ ရတဲ့ေစ်းကြက္ မေပ်ာက္ေအာင္ ဆက္လုပ္ဖို႔ လိုတာေပါ့ေနာ္။ သူတို႔ေတြ အစက နားလည္တာက EU ( ဥေရာပသမဂၢ) တို႔ ဘာတို႔ဆို certificate ေတြ အမ်ားႀကီးနဲ႔ တ႐ုတ္ထက္ ခက္မွာပဲလို႔ ထင္ရတယ္။ အမွန္ေတာ့ ပို႔ရတာ အရမ္းလြယ္တယ္၊ အခြင့္အလမ္း အမ်ားႀကီးရွိတယ္၊ ေထာပတ္သီးနဲ႔ တရက္တရက္ ဖုန္းေျဖရတာ မနည္းဘူး၊ ႏိုင္ငံတကာကေန What’sUp တို႔ ဘာတို႔နဲ႔ ေမးေနတာ။ င႐ုပ္ပြရွိလား၊ သရက္သီးဆို ဘာေတြရွိတာလဲ၊ နင္တို႔ ေထာပတ္သီးေတာင္ရမွေတာ့ တျခားအသီးေတြလည္း ရမွာေပါ့ဆိုၿပီးေတာ့ နယ္သာလန္၊ ဥပမာ ပိုလန္ဆိုရင္ သံပုရာသီး အဲလိုေမးလာတယ္။ အီတလီဆိုရင္ ဒီမွာ ဘာလာရင္းႏွီးျမႇဳပ္ႏွံရမလဲ၊ စကၤာပူဆိုရင္ သူက အျပည္ျပည္ဆိုင္ရာ ပို႔ေဆာင္ေရး Logistics ကို ပူးေပါင္းရေအာင္ဆိုၿပီးေတာ့ ကမ္းလွမ္းတယ္၊ ေတာက္ေလွ်ာက္ပဲ။”

ဒီဇင္ဘာ ၁၃ ရက္က ျမန္မာ့ဖရဲသီးေတြတင္ထားတဲ့ ကုန္သေဘၤာဟာ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု UAE ကို ပထမဆုံးအႀကိမ္ စတင္ထြက္ခြာ ခဲ့ပါတယ္။ အဲဒီအေျခအေနမွာ တ႐ုတ္ႏိုင္ငံကလည္း ျမန္မာ့ဖရဲသီးကို ႏွစ္ ၁၀၀ အတြင္း မေပးဖူးတဲ့ ေစ်းနဲ႔ဝယ္ယူေနတာပါ။ စိုက္ပ်ိဳးေရးထြက္ကုန္ေတြ ေစ်းရဖို႔ဆိုရင္ ေရာင္းလိုအား၊ ဝယ္လိုအား ခ်င့္ခ်ိန္ၿပီး စိုက္ဖို႔နဲ႔ ေစ်းကြက္မ်ားမ်ား ျဖန႔္ၾကက္ထားႏိုင္ဖို႔ ျမန္မာႏိုင္ငံ ဖရဲ၊ သခြားေမႊး စိုက္ပ်ိဳး၊ တင္ပို႔၊ ေရာင္းခ်သူမ်ားအသင္း ဥကၠ႒ ဦးႏိုင္ဝင္းက ေျပာပါတယ္။

“မႏွစ္ကတုန္းကဆိုရင္ တ႐ုတ္ႀကီးဆီသြားတာ အဲဒီပစၥည္းသြားပို႔တဲ့ ကားခပါ စိုက္ရတဲ့ဘဝေရာက္တာ မႏွစ္က။ သူတို႔က ေကာင္းၿပီဆိုရင္ ဘယ္သူမွ လိုက္မမီေအာင္ ေပးထားတဲ့ေစ်းက ဟိုးမိုးေရာက္ေနေရာ။ မေကာင္းၿပီဆိုရင္လည္း ေျမႀကီးေအာက္ေတာင္ေရာက္တယ္ အဝီစိေရာက္ေအာင္ခ်တယ္။ အဲဒီေတာ့ တႏိုင္ငံတည္းထက္စာရင္ ႏိုင္ငံမ်ားမ်ား ေစ်းကြက္ရွာႏိုင္ရင္ ပိုေကာင္းတာေပါ့။”

ခ်င္းစိမ္း (ဂ်င္း) နမူနာကို ဒီဇင္ဘာ ၁၇ ရက္ေန႔မွာ ယူေက (UK) ႏိုင္ငံေတြကို နမူနာတင္ပို႔လိုက္ပါတယ္။ စကၤာပူႏိုင္ငံကလည္း ျပည္တြင္းကဖရဲသီးကို ဝယ္ယူဖို႔ ကမ္းလွမ္းေနတာလည္း ရွိပါတယ္။ နာနတ္သီးနဲ႔ ေထာပတ္သီးကို တ႐ုတ္ျပည္ပို႔ဖို႔ ၂၀၁၇ ကတည္းက ကမ္းလွမ္းခဲ့ေပမဲ့ ဒီေန႔အထိ မရေသးေၾကာင္း ကုန္သည္ေတြက ေျပာပါတယ္။ ဒါေၾကာင့္လည္း ေစ်းကြက္သစ္ေတြရွာရင္း ဒီႏိုင္ငံေတြရဲ႕ လိုအပ္ခ်က္ေတြ ျဖည့္ဆည္းရင္းနဲ႔ ကုန္စည္ျဖန႔္ခ်ိေရးလမ္းေၾကာင္း (supply chain) တခုလုံး အေျပာင္းအလဲျဖစ္ခဲ့ေၾကာင္း ေဒၚစႏၵာမ်ိဳးက ေျပာပါတယ္။

စိုက္ပ်ိဳးေရး ထြက္ကုန္ေတြ အဆက္မျပတ္ ပို႔ႏိုင္ဖို႔ဆိုရင္ ကုန္အမွာအတြက္ အၿမဲအဆင္သင့္ ျဖစ္ေနဖို႔နဲ႔ ႏိုင္ငံတကာ စံခ်ိန္မီ ထုတ္ပိုးစက္႐ုံေတြ၊ သယ္ယူေရးစနစ္ေတြ လိုသလို အစိုးရဘက္ကလည္း ပူးေပါင္းပါဝင္ဖို႔လည္း သူက အႀကံျပဳတာပါ။

“ကိုဗစ္ေၾကာင့္ ရလာတဲ့ supply chain အသစ္ေပါ့။ ကိုဗစ္သာ မျဖစ္ေသးရင္ေတာ့ တ႐ုတ္ကိုပဲ နည္းနည္း လြယ္လြယ္ကူကူ ေမွ်ာလိုက္ေနဦးမွာေပါ့။ အသက္ရွင္ေရးဆိုေတာ့ ဒီႏွစ္က အရမ္း႐ုန္းျဖစ္သြားတဲ့ သေဘာပဲ။ အခုက်မတို႔က supply chain အသစ္တခုထဲကို ခပ္တည္တည္နဲ႔ တိုးဝင္သြားၿပီဆိုေတာ့ ဆက္လုပ္ဖို႔ လိုတာေပါ့ေနာ္၊ မဟုတ္ရင္ က်မတို႔ Germany ကို လြန္ခဲ့တဲ့ ၂၀၁၈ က သရက္သီး စိန္တလုံး ပို႔လိုက္တဲ့အခါမွာ သူက အရမ္းႀကိဳက္တာပဲ၊ ျမဴးနစ္ၿမိဳ႕ကိုပို႔တာ။ ေအာင္ျမင္ၿပီဆိုေတာ့ က်မတို႔က ဒီဘက္မွာ ဆက္လက္ၿပီး မပို႔ႏိုင္ဘူး။ မပို႔ႏိုင္ေတာ့ ဒီဘက္မွာ တိုးထားတာ ျပန္ေပ်ာက္သြားတယ္။ အစိုးရကလည္း သစ္သီးဝလံေတြ ဟင္းသီးဟင္း႐ြက္ေတြ အျပည္ျပည္ဆိုင္ရာ ေစ်းကြက္ကို ရွာတယ္ဆိုရင္ အဲဒါေလးကို သူတို႔ အေနာက္က လိုက္ပံ့ပိုးေပးဖို႔ လိုတာေပါ့။”

အစိုးရကိန္းဂဏန္းေတြအတိုင္းဆိုရင္ ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းအသားတင္ ထုတ္လုပ္မႈတန္ဖိုး (GDP) ၂၀၁၀ ကေန ၂၀၁၇ ခုႏွစ္အထိ ႏွစ္တိုင္း ၈ ရာခိုင္ႏႈန္း တိုးတက္ေနတာပါ။ ဒီထဲမွာ စိုက္ပ်ိဳးေရးဆိုင္ရာ GDP က ၃.၂ ရာခိုင္ႏႈန္းရွိပါတယ္။ ဒါေပမဲ့ ေမွ်ာ္လင့္မထားတဲ့ ကမာၻ႔ကပ္ေရာဂါေၾကာင့္ ၂၀၁၉-၂၀၂၀ မွာ ျမန္မာ့စီးပြားေရးတိုးတက္ႏႈန္းဟာ ၁.၇ ရာခိုင္ႏႈန္းအထိ က်သြားႏိုင္တယ္လို႔ ကမာၻ႔ဘဏ္က ခန႔္မွန္းထားပါတယ္။

လတ္တေလာ ကပ္ေရာဂါကူးစက္ႏႈန္း ဆက္ၿပီးရွိေနေပမဲ့လည္း ျမန္မာႏိုင္ငံဟာ စိုက္ပ်ိဳးေရးက႑မွာ အထိသိပ္မနာဘဲ ျပည္ပပို႔ကုန္အားလုံးရဲ႕ ၂၂ ရာခိုင္ႏႈန္း ရွိပါတယ္။ ဒီထဲမွာ သစ္သီးဝလံနဲ႔ ဟင္းသီးဟင္း႐ြက္က အဓိက ပို႔ကုန္ေတြပါ။ ဒါေပမဲ့လည္း ဒီက႑တခုလုံး ကပ္ေရာဂါ ႐ိုက္ခတ္မႈကို ခံေနရၿပီး ကုန္သြယ္ေရး အတားအဆီးေတြ အထူးသျဖင့္ ျမန္မာ-တ႐ုတ္ နယ္စပ္ကုန္သြယ္ေရး ဂိတ္ေတြမွာ တင္းက်ပ္မႈေတြရွိေနဆဲ ျဖစ္ပါတယ္။

လက္ရွိေတာ့ တ႐ုတ္ဟာ ျမန္မာႏိုင္ငံအတြက္ အဓိကကုန္သြယ္ဖက္ႏိုင္ငံျဖစ္ၿပီး ျမန္မာအစိုးရ စာရင္းအရဆိုရင္ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္မွာ ႏွစ္ႏိုင္ငံ ကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာ ၁၂ ဘီလီယံေက်ာ္ ( ၁၂၁၂၆.၂၇၈) ရွိၿပီး ထိုင္းႏိုင္ငံက ဒုတိယ အမ်ားဆုံးနဲ႔ အေမရိကန္ေဒၚလာ သန္း ၅,၀၀၀ ေက်ာ္ (၅၁၀၉. ၄၇၄) ရွိပါတယ္။

ဒီဇင္ဘာလ ၁၆ ရက္ မေန႔ကလုပ္ခဲ့တဲ့ ကမာၻ႔ဘဏ္ ( ျမန္မာ) တာဝန္ရွိသူေတြနဲ႔ အစိုးရတာဝန္ရွိသူေတြ၊ စီးပြားေရးပညာရွင္ေတြရဲ႕ ျမန္မာ့စီးပြားေရး သုံးသပ္ခ်က္ အြန္လိုင္းေဆြးေႏြးပြဲမွာလည္း စိုက္ပ်ိဳးေရးလုပ္ငန္းကို ထည့္သြင္းေဆြးေႏြးခဲ့ၿပီး ကပ္ေရာဂါေၾကာင့္ ထိခိုက္ခဲ့ရတဲ့ ဒီေစ်းကြက္တခုလုံး ျပန္ၿပီး ထူေထာင္ႏိုင္ဖို႔ အႀကံျပဳခဲ့တာလည္း ရွိပါတယ္။

.............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာ့စိုက်ပျိုးရေး ထွက်ကုန်တွေကို ကမ္ဘာ့တခြားနိုင်ငံတွေအထိ တင်ပို့နိုင်ဖို့ မြန်မာနိုင်ငံက စတင်ခြေလှမ်းနေတာမှာ အောင်မြင်မှုတွေရနေကြောင်း ကုန်သည်လုပ်ငန်းရှင်တွေရဲ့ ပြောပြချက်ကို ကိုဇော်ထက် က တင်ပြပေးမှာပါ။

ပြည်တွင်းက တောင်သူတွေ၊ ပို့ကုန်လုပ်ငန်းရှင်တွေဟာ ကိုဗစ်အကျပ်အတည်းကြောင့် ဖြစ်လာတဲ့ နယ်စပ်ကုန်သွယ်ရေး အထူးသဖြင့် မြန်မာ- တရုတ် ကုန်သွယ်ရေး ရပ်တန့်နေတာကို ဖြေရှင်းဖို့ကြိုးစားရင်း ပို့ကုန် ဈေးကွက်သစ်တွေ ရလာနေပါပြီ။

အကန့်အသတ်များတဲ့ တရုတ်နယ်စပ် ကုန်သွယ်ရေးကို စိတ်ပျက်နေတဲ့ မြန်မာ ကုန်သည်တွေဟာ အရှေ့အလယ်ပိုင်း၊ ဥရောပနဲ့ ယူကေဈေးကွက်တွေကို ရှာဖွေရင်း အခုဆိုရင် ဒီနိုင်ငံတွေက မြန်မာသီးနှံတွေကို ဝယ်ယူဖို့ စတင်ကမ်းလှမ်းလာတာပါ။ ပြီးခဲ့တဲ့လက ပြည်တွင်း ထောပတ်သီးတွေ အင်္ဂလန်နိုင်ငံကို ပထမဦးဆုံး စမ်းသပ်တင်ပို့လိုက်ပြီးနောက်ပိုင်း မြန်မာစိုက်ပျိုးရေး ထွက်ကုန်တွေကို ဝယ်ယူဖို့ နိုင်ငံတချို့က ကမ်းလှမ်းတာ၊ မေးမြန်းတာတွေ ရှိခဲ့ပါတယ်။

ဒီအခြေအနေကို မြန်မာနိုင်ငံ သစ်သီဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အထွေထွေ အတွင်းရေးမှူး ဒေါ်စန္ဒာမျိုးက ဗွီအိုအေကို ပြောပါတယ်။

“အခုလက်ရှိ အင်္ဂလန်ကို ပို့လိုက်တာက သစ်သီးလို ကုန်စိမ်းတောင်မှ ကျနော်တို့ အပြည်ပြည်ဆိုင်ရာ ဈေးကွက် အကြီးကြီးထိ သွားလို့ရတယ်ဆိုတာ အရမ်းပေါက်သွားတော့ အရမ်းတွေ စိုက်ကြတယ်။ ရတဲ့ဈေးကွက် မပျောက်အောင် ဆက်လုပ်ဖို့ လိုတာပေါ့နော်။ သူတို့တွေ အစက နားလည်တာက EU ( ဥရောပသမဂ္ဂ) တို့ ဘာတို့ဆို certificate တွေ အများကြီးနဲ့ တရုတ်ထက် ခက်မှာပဲလို့ ထင်ရတယ်။ အမှန်တော့ ပို့ရတာ အရမ်းလွယ်တယ်၊ အခွင့်အလမ်း အများကြီးရှိတယ်၊ ထောပတ်သီးနဲ့ တရက်တရက် ဖုန်းဖြေရတာ မနည်းဘူး၊ နိုင်ငံတကာကနေ What’sUp တို့ ဘာတို့နဲ့ မေးနေတာ။ ငရုပ်ပွရှိလား၊ သရက်သီးဆို ဘာတွေရှိတာလဲ၊ နင်တို့ ထောပတ်သီးတောင်ရမှတော့ တခြားအသီးတွေလည်း ရမှာပေါ့ဆိုပြီးတော့ နယ်သာလန်၊ ဥပမာ ပိုလန်ဆိုရင် သံပုရာသီး အဲလိုမေးလာတယ်။ အီတလီဆိုရင် ဒီမှာ ဘာလာရင်းနှီးမြှုပ်နှံရမလဲ၊ စင်္ကာပူဆိုရင် သူက အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေး Logistics ကို ပူးပေါင်းရအောင်ဆိုပြီးတော့ ကမ်းလှမ်းတယ်၊ တောက်လျှောက်ပဲ။”

ဒီဇင်ဘာ ၁၃ ရက်က မြန်မာ့ဖရဲသီးတွေတင်ထားတဲ့ ကုန်သင်္ဘောဟာ အာရပ်စော်ဘွားများပြည်ထောင်စု UAE ကို ပထမဆုံးအကြိမ် စတင်ထွက်ခွာ ခဲ့ပါတယ်။ အဲဒီအခြေအနေမှာ တရုတ်နိုင်ငံကလည်း မြန်မာ့ဖရဲသီးကို နှစ် ၁၀၀ အတွင်း မပေးဖူးတဲ့ ဈေးနဲ့ဝယ်ယူနေတာပါ။ စိုက်ပျိုးရေးထွက်ကုန်တွေ ဈေးရဖို့ဆိုရင် ရောင်းလိုအား၊ ဝယ်လိုအား ချင့်ချိန်ပြီး စိုက်ဖို့နဲ့ ဈေးကွက်များများ ဖြန့်ကြက်ထားနိုင်ဖို့ မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုး၊ တင်ပို့၊ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောပါတယ်။

“မနှစ်ကတုန်းကဆိုရင် တရုတ်ကြီးဆီသွားတာ အဲဒီပစ္စည်းသွားပို့တဲ့ ကားခပါ စိုက်ရတဲ့ဘဝရောက်တာ မနှစ်က။ သူတို့က ကောင်းပြီဆိုရင် ဘယ်သူမှ လိုက်မမီအောင် ပေးထားတဲ့ဈေးက ဟိုးမိုးရောက်နေရော။ မကောင်းပြီဆိုရင်လည်း မြေကြီးအောက်တောင်ရောက်တယ် အဝီစိရောက်အောင်ချတယ်။ အဲဒီတော့ တနိုင်ငံတည်းထက်စာရင် နိုင်ငံများများ ဈေးကွက်ရှာနိုင်ရင် ပိုကောင်းတာပေါ့။”

ချင်းစိမ်း (ဂျင်း) နမူနာကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ယူကေ (UK) နိုင်ငံတွေကို နမူနာတင်ပို့လိုက်ပါတယ်။ စင်္ကာပူနိုင်ငံကလည်း ပြည်တွင်းကဖရဲသီးကို ဝယ်ယူဖို့ ကမ်းလှမ်းနေတာလည်း ရှိပါတယ်။ နာနတ်သီးနဲ့ ထောပတ်သီးကို တရုတ်ပြည်ပို့ဖို့ ၂၀၁၇ ကတည်းက ကမ်းလှမ်းခဲ့ပေမဲ့ ဒီနေ့အထိ မရသေးကြောင်း ကုန်သည်တွေက ပြောပါတယ်။ ဒါကြောင့်လည်း ဈေးကွက်သစ်တွေရှာရင်း ဒီနိုင်ငံတွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းရင်းနဲ့ ကုန်စည်ဖြန့်ချိရေးလမ်းကြောင်း (supply chain) တခုလုံး အပြောင်းအလဲဖြစ်ခဲ့ကြောင်း ဒေါ်စန္ဒာမျိုးက ပြောပါတယ်။

စိုက်ပျိုးရေး ထွက်ကုန်တွေ အဆက်မပြတ် ပို့နိုင်ဖို့ဆိုရင် ကုန်အမှာအတွက် အမြဲအဆင်သင့် ဖြစ်နေဖို့နဲ့ နိုင်ငံတကာ စံချိန်မီ ထုတ်ပိုးစက်ရုံတွေ၊ သယ်ယူရေးစနစ်တွေ လိုသလို အစိုးရဘက်ကလည်း ပူးပေါင်းပါဝင်ဖို့လည်း သူက အကြံပြုတာပါ။

“ကိုဗစ်ကြောင့် ရလာတဲ့ supply chain အသစ်ပေါ့။ ကိုဗစ်သာ မဖြစ်သေးရင်တော့ တရုတ်ကိုပဲ နည်းနည်း လွယ်လွယ်ကူကူ မျှောလိုက်နေဦးမှာပေါ့။ အသက်ရှင်ရေးဆိုတော့ ဒီနှစ်က အရမ်းရုန်းဖြစ်သွားတဲ့ သဘောပဲ။ အခုကျမတို့က supply chain အသစ်တခုထဲကို ခပ်တည်တည်နဲ့ တိုးဝင်သွားပြီဆိုတော့ ဆက်လုပ်ဖို့ လိုတာပေါ့နော်၊ မဟုတ်ရင် ကျမတို့ Germany ကို လွန်ခဲ့တဲ့ ၂၀၁၈ က သရက်သီး စိန်တလုံး ပို့လိုက်တဲ့အခါမှာ သူက အရမ်းကြိုက်တာပဲ၊ မြူးနစ်မြို့ကိုပို့တာ။ အောင်မြင်ပြီဆိုတော့ ကျမတို့က ဒီဘက်မှာ ဆက်လက်ပြီး မပို့နိုင်ဘူး။ မပို့နိုင်တော့ ဒီဘက်မှာ တိုးထားတာ ပြန်ပျောက်သွားတယ်။ အစိုးရကလည်း သစ်သီးဝလံတွေ ဟင်းသီးဟင်းရွက်တွေ အပြည်ပြည်ဆိုင်ရာ ဈေးကွက်ကို ရှာတယ်ဆိုရင် အဲဒါလေးကို သူတို့ အနောက်က လိုက်ပံ့ပိုးပေးဖို့ လိုတာပေါ့။”

အစိုးရကိန်းဂဏန်းတွေအတိုင်းဆိုရင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) ၂၀၁၀ ကနေ ၂၀၁၇ ခုနှစ်အထိ နှစ်တိုင်း ၈ ရာခိုင်နှုန်း တိုးတက်နေတာပါ။ ဒီထဲမှာ စိုက်ပျိုးရေးဆိုင်ရာ GDP က ၃.၂ ရာခိုင်နှုန်းရှိပါတယ်။ ဒါပေမဲ့ မျှော်လင့်မထားတဲ့ ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၁၉-၂၀၂၀ မှာ မြန်မာ့စီးပွားရေးတိုးတက်နှုန်းဟာ ၁.၇ ရာခိုင်နှုန်းအထိ ကျသွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

လတ်တလော ကပ်ရောဂါကူးစက်နှုန်း ဆက်ပြီးရှိနေပေမဲ့လည်း မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကဏ္ဍမှာ အထိသိပ်မနာဘဲ ပြည်ပပို့ကုန်အားလုံးရဲ့ ၂၂ ရာခိုင်နှုန်း ရှိပါတယ်။ ဒီထဲမှာ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်က အဓိက ပို့ကုန်တွေပါ။ ဒါပေမဲ့လည်း ဒီကဏ္ဍတခုလုံး ကပ်ရောဂါ ရိုက်ခတ်မှုကို ခံနေရပြီး ကုန်သွယ်ရေး အတားအဆီးတွေ အထူးသဖြင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေမှာ တင်းကျပ်မှုတွေရှိနေဆဲ ဖြစ်ပါတယ်။

လက်ရှိတော့ တရုတ်ဟာ မြန်မာနိုင်ငံအတွက် အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာအစိုးရ စာရင်းအရဆိုရင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော် ( ၁၂၁၂၆.၂၇၈) ရှိပြီး ထိုင်းနိုင်ငံက ဒုတိယ အများဆုံးနဲ့ အမေရိကန်ဒေါ်လာ သန်း ၅,၀၀၀ ကျော် (၅၁၀၉. ၄၇၄) ရှိပါတယ်။

ဒီဇင်ဘာလ ၁၆ ရက် မနေ့ကလုပ်ခဲ့တဲ့ ကမ္ဘာ့ဘဏ် ( မြန်မာ) တာဝန်ရှိသူတွေနဲ့ အစိုးရတာဝန်ရှိသူတွေ၊ စီးပွားရေးပညာရှင်တွေရဲ့ မြန်မာ့စီးပွားရေး သုံးသပ်ချက် အွန်လိုင်းဆွေးနွေးပွဲမှာလည်း စိုက်ပျိုးရေးလုပ်ငန်းကို ထည့်သွင်းဆွေးနွေးခဲ့ပြီး ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ ဒီဈေးကွက်တခုလုံး ပြန်ပြီး ထူထောင်နိုင်ဖို့ အကြံပြုခဲ့တာလည်း ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG