သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရိုဟင္ဂ်ာေတြ ျပန္ပို႔ေရး ဘဂၤလားေဒ့ရွ္ ျမန္မာ တရုတ္ ၃ ပြင္႔ဆို္င္ ေဆြးေႏြးမည္


ကုတုပလောင္စခန္းက ရိုဟင္ဂ်ာ ဒုကၡသည္မ်ား

(Zawgyi/Unicode)
ရိုဟင္ဂ်ာေတြ ျပန္လည္ေနရာခ်ထားေရး ဘဂၤလားေဒ့ရွ္၊ ျမန္မာ၊ တရုတ္ သံုးပြင့္ဆိုင္ေဆြးေႏြးပဲြကို ဘဂၤလားေဒ့ရွ္ႏိုင္ငံ ၿမိဳ႕ေတာ္ ဒါကာမွာ ဇန္န၀ါရီလ ၁၉ ရက္ေန႔ျပဳလုပ္ဖို႔ရွိေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး Dr. AK Abdul Momen က ဗုဒၶဟူးေန႔က ေျပာၾကားခဲ့ပါတယ္။ ဒါအျပင္ အက်ဳိးျဖစ္ထြန္းတဲ့ အစည္းအေ၀းျဖစ္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္းလည္း သူက သတင္းေထာက္ေတြကို ေျပာပါတယ္။ ဒီသံုးပြင့္ဆိုင္ အစည္းအေ၀းကို ၂၀၂၀ ဇန္န၀ါရီလမွာ ျပဳလုပ္ခဲ့ၿပီးေနာက္ တႏွစ္အၾကာမွာ ထပ္မံျပဳလုပ္တာျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္အေနနဲ႔ ရိုဟင္ဂ်ာ ၈.၄ သိန္းအမည္စာရင္းကို ျမန္မာႏိုင္ငံကို စိစစ္အတည္ျပဳဖို႔ လဲႊေျပာင္းေပးခဲ့တယ္လို႔ ၀န္ႀကီး Momen ကဆိုပါတယ္။

ဒါေပမဲ့ ျမန္မာႏိုင္ငံဘက္က လူေပါင္း ၄၂,၀၀၀ ေလာက္ကိုပဲ အတည္ျပဳခဲ့ၿပီး လုပ္ေဆာင္တဲ့ေနရာမွာ အလြန္ေႏွးေကြးေၾကာင္း ေဒါက္တာ Momen ကေျပာပါတယ္။ ရိုဟင္ဂ်ာေတြ ေနရပ္ရင္းျပန္ႏိုင္ေရး ဘဂၤလားေဒ့ရွ္ဘက္က အလုပ္လုပ္ေနတယ္ဆိုေပမဲ့ ျမန္မာဘက္က အလားတူ တုန္႔ျပန္လုပ္ေဆာင္တာမ်ဳိးမရွိခဲ့ဘူးလို႔လည္း သူဆိုပါတယ္။ ျမန္မာအေနနဲ႔ ၁၉၇၈ နဲ႔၁၉၉၂ခုႏွစ္ေတြတုန္းက သူတို႔ႏိုင္ငံသားေတြျပန္ၿပီးေခၚယူခဲ့တဲ့ ကိစၥတုန္းကလို အခုတေခါက္မွာလည္း အဲဒီလိုမ်ဳိး ေဆာင္ရြက္မယ္လို႔ အၿမဲတမ္းေမွ်ာ္လင့္ေၾကာင္း ၀န္ႀကီးက ေျပာၾကားခဲ့ပါတယ္။

COVID-19 ကပ္ေရာဂါျဖစ္ပြားမႈနဲ႔ ျမန္မာႏိုင္ငံမွာ အေထြေထြးေရြးေကာက္ပဲြေတြေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္မွာ ရိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရးကိစၥ အေကာင္အထည္မေဖၚႏိုင္ခဲ့ေပမဲ့ အခုဒီႏွစ္ ဇန္န၀ါရီလမွာ စတင္မယ္လို႔ေတာ့ ဘဂၤလားေဒ့ရွ္အစိုးရက အရြက္အျမြက္ေျပာၾကားခဲ့ပါတယ္။

ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရဘက္ကေတာ့ ဘဂၤလားေဒ့ရွ္ဒုကၡသည္ေတြကို စိစစ္ၿပီး ျပန္လည္လက္ခံမယ္လို႔ သေဘာတူခဲ့ေပမယ့္ အခုခ်ိန္ထိ ရိုဟင္ဂ်ာေတြ ေနရပ္ျပန္ႏိုင္ျခင္းမရွိေသးပါဘူး။

................................................

တိုက္႐ိုက္ လင့္ခ္


(Unicode)


ရိုဟင်ဂျာတွေ ပြန်လည်နေရာချထားရေး ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ ဇန်နဝါရီလ ၁၉ ရက်နေ့ပြုလုပ်ဖို့ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး Dr. AK Abdul Momen က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ ဒါအပြင် အကျိုးဖြစ်ထွန်းတဲ့ အစည်းအဝေးဖြစ်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက သတင်းထောက်တွေကို ပြောပါတယ်။ ဒီသုံးပွင့်ဆိုင် အစည်းအဝေးကို ၂၀၂၀ ဇန်နဝါရီလမှာ ပြုလုပ်ခဲ့ပြီးနောက် တနှစ်အကြာမှာ ထပ်မံပြုလုပ်တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်အနေနဲ့ ရိုဟင်ဂျာ ၈.၄ သိန်းအမည်စာရင်းကို မြန်မာနိုင်ငံကို စိစစ်အတည်ပြုဖို့ လွဲှပြောင်းပေးခဲ့တယ်လို့ ဝန်ကြီး Momen ကဆိုပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံဘက်က လူပေါင်း ၄၂,၀၀၀ လောက်ကိုပဲ အတည်ပြုခဲ့ပြီး လုပ်ဆောင်တဲ့နေရာမှာ အလွန်နှေးကွေးကြောင်း ဒေါက်တာ Momen ကပြောပါတယ်။ ရိုဟင်ဂျာတွေ နေရပ်ရင်းပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ်ဘက်က အလုပ်လုပ်နေတယ်ဆိုပေမဲ့ မြန်မာဘက်က အလားတူ တုန့်ပြန်လုပ်ဆောင်တာမျိုးမရှိခဲ့ဘူးလို့လည်း သူဆိုပါတယ်။ မြန်မာအနေနဲ့ ၁၉၇၈ နဲ့၁၉၉၂ခုနှစ်တွေတုန်းက သူတို့နိုင်ငံသားတွေပြန်ပြီးခေါ်ယူခဲ့တဲ့ ကိစ္စတုန်းကလို အခုတခေါက်မှာလည်း အဲဒီလိုမျိုး ဆောင်ရွက်မယ်လို့ အမြဲတမ်းမျှော်လင့်ကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

COVID-19 ကပ်ရောဂါဖြစ်ပွားမှုနဲ့ မြန်မာနိုင်ငံမှာ အထွေထွေးရွေးကောက်ပွဲတွေကြောင့် ၂၀၂၀ ပြည့်နှစ်မှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စ အကောင်အထည်မဖေါ်နိုင်ခဲ့ပေမဲ့ အခုဒီနှစ် ဇန်နဝါရီလမှာ စတင်မယ်လို့တော့ ဘင်္ဂလားဒေ့ရှ်အစိုးရက အရွက်အမြွက်ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရဘက်ကတော့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံမယ်လို့ သဘောတူခဲ့ပေမယ့် အခုချိန်ထိ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။

XS
SM
MD
LG