သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းဒေသကြီးတချို့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆိုကြပြီ


 ဖေဖေါ်ဝါရီ ၆ ရက်နေ့က စတင်ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်
ဖေဖေါ်ဝါရီ ၆ ရက်နေ့က စတင်ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်

[ ZAWGYI ]

စစ်အာဏာသိမ်းလိုက်တဲ့ မြန်မာနိုင်ငံမှာ လွှတ်တော်အစည်းအဝေး အသီးသီးကို ရပ်ဆိုင်းထားပေမယ့် ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်း ဒေသကြီးက လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖေဖေါ်ဝါရီလ (၆)ရက် (၇)ရက် နေ့တွေက အစည်းအဝေးပြုလုပ်ပြီး ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။

ရန်ကုန်တိုင်းလွှတ်တော် အွန်လိုင်းဖြင့် ကျင်းပစဉ်
ရန်ကုန်တိုင်းလွှတ်တော် အွန်လိုင်းဖြင့် ကျင်းပစဉ်

၂၀၂၀ နိုဝင်ဘာလ (၈)ရက် ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း (၉၀)အတွင်း လွှတ်တော် အစည်းအဝေး ခေါ်ယူကျင်းပရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့အညီ အခုလို သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော်အမတ်တွေက အစည်းအဝေး ကျင်းပခဲ့ကြတာပါ။

ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက ဖေဖေါ်ဝါရီ (၆)ရက် စနေနေ့မှာ ဗွီဒီယိုကွန်ဖရင့်နဲ့ လွှတ်တော်အစည်းအဝေး ပထမနေ့ ကျင်းပနေပုံနဲ့ ကျမ်းသစ္စာကျိန်ဆို နေပုံတွေကို NLD ဖေ့စ်ဘုတ်ခ် မှာ တင်ထားပါတယ်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမနေ့ အစည်းအဝေးနဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကိုလည်း တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးတက်ရောက်တဲ့ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း (၇၄)ဦးရှိပြီး၊ ကိုယ်တိုင်တက်ရောက်သူ (၃၄) ဦး၊ အွန်လိုင်း ကွန်ဖရင့်နဲ့တက်ရောက်သူ (၃၃)ဦးရှိခဲ့ပါတယ်။ ကျန် လွှတ်တော်ကိုယ်စားလှယ် (၇) ဦးကတော့ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့အတွက် တက်ရောက်နိုင်ခြင်းမရှိဘူးလို့ NLD ပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ပထမအစည်းအဝေးကို အွန်လိုင်းကွန်ဖရင့်နဲ့ ကျင်းပခဲ့ပြီး NLD လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦးအနက် ၁၈ ဦးတက်ရောက်ခဲ့ပြီး ကျန်တဲ့ သုံးဦးကတော့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့အတွက် တက်ရောက်နိုင်ခြင်းမရှိဘူးလို့လည်း တနင်္ဂနွေနေ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

လွှတ်တော်အစည်းအဝေးတွေ စတင်ကျင်းပမယ့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီး NLD အစိုးရ ခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေး ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ လွှတ်တော်အစည်းအဝေး အားလုံးကိုလည်း ရပ်ဆိုင်းထားပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီတရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။

[ UNICODE ]







XS
SM
MD
LG