နောက်ဆုံးရမြန်မာနဲ့နိုင်ငံတကာသတင်းတွေနဲ့အတူ NCA လက်မှတ်ထိုးတဲ့ မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံဖို့ ထိုင်းအစိုးရက ကမ်းလှမ်းတဲ့သတင်း၊ အိန္ဒိယနယ်စပ် မီဇိုးရမ်ပြည်နယ်မှာ ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို ငွေကြေးထောက်ပံ့ဖို့ ပြည်နယ်ဝန်ကြီးချုပ်က စီစဉ်နေတဲ့သတင်း၊ ရန်ကုန်တိုင်းအတွင်းက အုပ်ချုပ်ရေးမှုးတဦးနဲ့ပညာရေးမှုးတဦး အသတ်ခံရတဲ့သတင်း၊ လူသေတဲ့အထိ မီးလောင်မှုအကြီးအကျယ်ဖြစ်ခဲ့တဲ့ ကင်းမရွာအခြေအနေ၊ ရိုဟင်ဂျာဒုက္ခသည်တွေကို ကိုယ်ရေးအချက်အလက်ကောက်ခံနေတဲ့အပေါ် ဒုက္ခသည်တွေကြား မတူသဘောထားရှိနေတာတွေကို နားဆင်ရပါမယ်။ အပတ်စဉ်အစီအစဉ်တွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ သတင်းသုံးသပ်ချက်နဲ့ အားကစားအစီအစဉ်တွေကို ထုတ်လွှင့်ပေးပါမယ်။ VOA ကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၀၁ မတ်၊ ၂၀၂၆ဗွီအိုအေ မြန်မာညချမ်း
-
၂၈ ဖေဖော်ဝါရီ၊ ၂၀၂၆ဗွီအိုအေ မြန်မာညချမ်း
-
၂၇ ဖေဖော်ဝါရီ၊ ၂၀၂၆ဗွီအိုအေ မြန်မာညချမ်း
-
၂၆ ဖေဖော်ဝါရီ၊ ၂၀၂၆ဗွီအိုအေ မြန်မာညချမ်း
-
၂၅ ဖေဖော်ဝါရီ၊ ၂၀၂၆ဗွီအိုအေ မြန်မာညချမ်း
-
၂၄ ဖေဖော်ဝါရီ၊ ၂၀၂၆ဗွီအိုအေ မြန်မာညချမ်း