သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီရက္နဲ႕ဆီးရီယားနယ္စပ္မွာ ကန္ေလေၾကာင္းတိုက္ခိုက္


အေမရိကန္ေလေၾကာင္းတိုက္ခိုက္မႈအတြင္း ပ်က္စီးသြားတဲ့ အီရက္နယ္စပ္က အေဆာက္အဦး (ဓာတ္ပံု- VOA)

(Zawgyi/Unicode)

အီရက္နဲ႔ ဆီးရီးယား နယ္စပ္နားက အီရန္ေက်ာေထာက္ေနာက္ခံျပဳ စစ္ေသြးႂကြအုပ္စုေတြရဲ႕ အေဆာက္အအံုသံုးခုကို ေလေၾကာင္းကတိုက္ခုိက္ခဲ့ေၾကာင္း အေမရိကန္ ကာကြယ္ေရး ဝန္ႀကီးဌာနက ေျပာပါတယ္။ အီရက္မွာရွိတဲ့အေမရိကန္တပ္ဖြဲ႔ေတြကို စစ္ေသြးႂကြအုပ္စုေတြက ေမာင္းသူမဲ့ ရဟတ္ယာဥ္ေတြနဲ႔ တိုက္ခိုက္ဖို႔ အဲဒီအေဆာက္အဦးေတြကိုသံုးခဲ့ေၾကာင္း ပန္တဂြန္စစ္ဌာနခ်ဳပ္ ျပန္ၾကားေရး ဝန္ႀကီး John Kirby က ေျပာခဲ့တာပါ။

သမၼတဂ်ဳိးဘိုင္ဒန္ရဲ႕ ညႊန္ၾကားခ်က္အရ စစ္ေသြးႂကြေတြ လက္နက္သိုေလွာင္ထားတဲ့ ဆီးရီးယား က အေဆာက္အဦး ၂ ခု၊ အီရတ္မွာ ၁ ခု စုစုေပါင္း ၃ ေနရာကို အေမရိကန္စစ္တပ္က တုိက္ခုိက္ခဲ့ေၾကာင္း ဝန္ႀကီးကာဘီက ေျပာပါတယ္။

အခုေလေၾကာင္းတုိက္ခုိက္မႈဟာ စစ္ေသြးႂကြေတြရဲ႕တုိက္ခုိက္မႈေတြကို တုံ႔ျပန္ကာကြယ္တဲ့ စစ္ဆင္ေရးျဖစ္ေၾကာင္း သူက ေျပာပါတယ္။ အေမရိကန္စစ္တပ္အတြက္ အႏၱရာယ္ႀကီးလာေနတာကို ကန္႔သတ္ထိန္းခ်ဳပ္ဖို႔ရည္ရြယ္ၿပီး လိုအပ္သလို သင့္ေလ်ာ္သေလာက္၊ ခ်င့္ခ်င့္ခ်ိန္ခ်ိန္နဲ႔ အေရးယူေဆာင္ရြက္ခဲ့တာျဖစ္ေပမယ့္ ဒါဟာ တိက်ရွင္းလင္းၿပီး ျပတ္သားတဲ့ သတင္းစကားလည္းျဖစ္တယ္လို႔ ဝန္ႀကီး ကာဘီက ေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က အီရန္ဗိုလ္ခ်ဳပ္ႀကီး ကက္ဆမ္ ဆိုလီမာနီ (Qassem Soleimani ) ကို ဘက္ဂၢဒက္ေလဆိပ္နားမွာ အေမရိကန္ဘက္က ဒံုးက်ည္နဲ႔တုိက္ခုိက္သတ္ျဖတ္ခဲ့ၿပီးတဲ့ေနာက္ အီရတ္မွာရွိတဲ့ အေမရိကန္စစ္အေျခစိုက္ စခန္းေတြကို ပစ္မွတ္ထားၿပီး ဒံုးက်ည္နဲ႔တုိက္ခုိက္မႈေတြရွိလာေနတာပါ။

စိုးရိမ္ဖြယ္ၿခိမ္းေျခာက္မႈရွိတဲ့ ေနရာေတြကို ပစ္မွတ္ထားၿပီး ခ်ိန္ခ်ိန္ဆဆနဲ႔ ေလေၾကာင္းတိုက္ခိုက္မႈေတြလုပ္ခဲ့ပံုရတယ္လို႔ ေအာက္လႊတ္ေတာ္ ဥကၠဌ Nancy Pelosi က ေျပာပါတယ္။ အေမရိကန္ေတြရဲ႕လြတ္လပ္မႈကိုအကာအကြယ္ေပးေနတဲ့ စစ္သူရဲေကာင္းေတြကို အကာအကြယ္ေပးဖို႔ ဦးစားေပးေဆာင္ရြက္ခ်က္ျဖစ္တယ္လို႔လည္း ေအာက္လႊတ္ေတာ္ဥကၠဌက ေျပာခဲ့ပါတယ္။

..........................................................................

အီရက်နဲ့ဆီးရီယားနယ်စပ်မှာ ကန်လေကြောင်းတိုက်ခိုက်

(Unicode)

အီရက်နဲ့ ဆီးရီးယား နယ်စပ်နားက အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအုပ်စုတွေရဲ့ အဆောက်အအုံသုံးခုကို လေကြောင်းကတိုက်ခိုက်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ အီရက်မှာရှိတဲ့အမေရိကန်တပ်ဖွဲ့တွေကို စစ်သွေးကြွအုပ်စုတွေက မောင်းသူမဲ့ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်ဖို့ အဲဒီအဆောက်အဦးတွေကိုသုံးခဲ့ကြောင်း ပန်တဂွန်စစ်ဌာနချုပ် ပြန်ကြားရေး ဝန်ကြီး John Kirby က ပြောခဲ့တာပါ။

သမ္မတဂျိုးဘိုင်ဒန်ရဲ့ ညွှန်ကြားချက်အရ စစ်သွေးကြွတွေ လက်နက်သိုလှောင်ထားတဲ့ ဆီးရီးယား က အဆောက်အဦး ၂ ခု၊ အီရတ်မှာ ၁ ခု စုစုပေါင်း ၃ နေရာကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့ကြောင်း ဝန်ကြီးကာဘီက ပြောပါတယ်။

အခုလေကြောင်းတိုက်ခိုက်မှုဟာ စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုတွေကို တုံ့ပြန်ကာကွယ်တဲ့ စစ်ဆင်ရေးဖြစ်ကြောင်း သူက ပြောပါတယ်။ အမေရိကန်စစ်တပ်အတွက် အန္တရာယ်ကြီးလာနေတာကို ကန့်သတ်ထိန်းချုပ်ဖို့ရည်ရွယ်ပြီး လိုအပ်သလို သင့်လျော်သလောက်၊ ချင့်ချင့်ချိန်ချိန်နဲ့ အရေးယူဆောင်ရွက်ခဲ့တာဖြစ်ပေမယ့် ဒါဟာ တိကျရှင်းလင်းပြီး ပြတ်သားတဲ့ သတင်းစကားလည်းဖြစ်တယ်လို့ ဝန်ကြီး ကာဘီက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က အီရန်ဗိုလ်ချုပ်ကြီး ကက်ဆမ် ဆိုလီမာနီ (Qassem Soleimani ) ကို ဘက်ဂ္ဂဒက်လေဆိပ်နားမှာ အမေရိကန်ဘက်က ဒုံးကျည်နဲ့တိုက်ခိုက်သတ်ဖြတ်ခဲ့ပြီးတဲ့နောက် အီရတ်မှာရှိတဲ့ အမေရိကန်စစ်အခြေစိုက် စခန်းတွေကို ပစ်မှတ်ထားပြီး ဒုံးကျည်နဲ့တိုက်ခိုက်မှုတွေရှိလာနေတာပါ။

စိုးရိမ်ဖွယ်ခြိမ်းခြောက်မှုရှိတဲ့ နေရာတွေကို ပစ်မှတ်ထားပြီး ချိန်ချိန်ဆဆနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပုံရတယ်လို့ အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi က ပြောပါတယ်။ အမေရိကန်တွေရဲ့လွတ်လပ်မှုကိုအကာအကွယ်ပေးနေတဲ့ စစ်သူရဲကောင်းတွေကို အကာအကွယ်ပေးဖို့ ဦးစားပေးဆောင်ရွက်ချက်ဖြစ်တယ်လို့လည်း အောက်လွှတ်တော်ဥက္ကဌက ပြောခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG