သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ပုပ္ရဟန္းမင္းႀကီးရဲ႕ အီရတ္ခရီးစဥ္


ပုပ္ရဟန္းမင္းႀကီးရဲ႕ အီရတ္ခရီးစဥ္

(Zawgyi/Unicode)

အသက္ ၈၄ ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ ပုပ္ရဟန္းမင္းၾကီး Francis ဟာ အီရတ္ႏိုင္ငံကို တနလၤာေန ့က အလည္အပတ္ေရာက္ရွိခဲ့ၿပီး ႏိုင္ငံရဲ႕ ဘာသာေရးနဲ ့ႏိုင္ငံေရးေခါင္းေဆာင္ေတြနဲ ့ေတြ ့ဆံုခဲ့ပါတယ္။

“က်ေနာ္ Mosul ၿမိဳ ့က ဖ်က္ဆီးခံထားရတဲ့ ခရစ္ယာန္ ဘုရားေက်ာင္းတခုရဲ႕ ေရွ ႕ကို ေရာက္ၿပီး ရပ္တန္ ့လိုက္ခ်ိန္မွာ ေျပာစရာ စကားလံုးမရွိေတာပါဘူး။ မယံုႏိုင္စရာပါ။ တကယ္ကို မယံုႏိုင္စရာႀကီးပါ။ “

“ဒီဘုရားေက်ာင္းေတြတင္ မဟုတ္ပါဘူး Mosul ၿမိဳ႕က အျခား ခရစ္ယာန္ေက်ာင္းေတြလည္း ဖ်က္ဆီးခံရတာပါ။ ISIS ေတြ သေဘာမတူတာလည္း ျဖစ္ေကာင္းျဖစ္ခဲ့မွာပါ။ လူသားရဲ့ ရက္စက္ၾကမ္းၾကဳတ္မွုက မယံုနိုင္ေအာင္ပါပဲ” လို ့ပုပ္ရဟန္းမင္းၾကီး ဖရန္စစ္က ေျပာဆိုသြားပါတယ္။

သံုးရက္ၾကာခရီးစဥ္အတြင္း စစ္ေၾကာင့္ ပ်က္စီးခဲ့ရတဲ့ ဘာသာေရးၿမိဳ႕ေတာ္ျဖစ္တဲ့ Mosul ၿမိဳ႕ အပါအ၀င္ ၿမိဳ႕ႀကီးေတာ္ေတာ္မ်ားကို ခရီးဆက္ေနတာျဖစ္ပါတယ္။

တိုင္းျပည္ရဲ့ ဘာသာေရး ၿမိဳ႕ေတာ္ျဖစ္တဲ့ Najaf မွာ အီရတ္နဲ ့အျခားနိုင္ငံေတြရဲ့ ရွီယာ ဘာသာေရး ေခါင္းေဆာင္အျဖစ္ က်ယ္က်ယ္ျပန္ ့ျပန္ ့လက္ခံထားတဲ့ Ayatollah Ali al-Sistani နဲ ့လည္း ထူးထူးျခားျခားေတြ ့ဆံုခဲ့တာပါ။

ဘာသာေရးအရ အတူယွဥ္တြဲေနထိုင္မႈျပရုပ္အျဖစ္ ဒီအစည္းအေ၀းကို က်ယ္က်ယ္ျပန္ ့ျပန္ ့ေဖာ္ျပၾကရာမွာ အီရတ္အစိုးရက မတ္လ ၆ ရက္ေန ့ကို သည္းခံျခင္းတရားနဲ ့အတူယွဥ္တြဲေနထိုင္ျခင္း အမ်ိဴးသားေန ့အျဖစ္ ေၾကညာခဲ့ပါတယ္။

ပုပ္ရဟန္းမင္းႀကီးရဲ႕ အီရတ္ခရီးစဥ္
please wait

No media source currently available

0:00 0:01:09 0:00
တိုက္႐ိုက္ လင့္ခ္


............

ပုပ်ရဟန်းမင်းကြီးရဲ့ အီရတ်ခရီးစဉ်

(Unicode)

အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ အီရတ်နိုင်ငံကို တနင်္လာနေ့က အလည်အပတ်ရောက်ရှိခဲ့ပြီး နိုင်ငံရဲ့ ဘာသာရေးနဲ့နိုင်ငံရေးခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။

“ကျနော် Mosul မြို့က ဖျက်ဆီးခံထားရတဲ့ ခရစ်ယာန် ဘုရားကျောင်းတခုရဲ့ ရှေ့ကို ရောက်ပြီး ရပ်တန့်လိုက်ချိန်မှာ ပြောစရာ စကားလုံးမရှိတောပါဘူး။ မယုံနိုင်စရာပါ။ တကယ်ကို မယုံနိုင်စရာကြီးပါ။ “

“ဒီဘုရားကျောင်းတွေတင် မဟုတ်ပါဘူး Mosul မြို့က အခြား ခရစ်ယာန်ကျောင်းတွေလည်း ဖျက်ဆီးခံရတာပါ။ ISIS တွေ သဘောမတူတာလည်း ဖြစ်ကောင်းဖြစ်ခဲ့မှာပါ။ လူသားရဲ့ ရက်စက်ကြမ်းကြုတ်မှုက မယုံနိုင်အောင်ပါပဲ” လို့ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောဆိုသွားပါတယ်။

သုံးရက်ကြာခရီးစဉ်အတွင်း စစ်ကြောင့် ပျက်စီးခဲ့ရတဲ့ ဘာသာရေးမြို့တော်ဖြစ်တဲ့ Mosul မြို့ အပါအဝင် မြို့ကြီးတော်တော်များကို ခရီးဆက်နေတာဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ ဘာသာရေး မြို့တော်ဖြစ်တဲ့ Najaf မှာ အီရတ်နဲ့အခြားနိုင်ငံတွေရဲ့ ရှီယာ ဘာသာရေး ခေါင်းဆောင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားတဲ့ Ayatollah Ali al-Sistani နဲ့လည်း ထူးထူးခြားခြားတွေ့ဆုံခဲ့တာပါ။

ဘာသာရေးအရ အတူယှဉ်တွဲနေထိုင်မှုပြရုပ်အဖြစ် ဒီအစည်းအဝေးကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြကြရာမှာ အီရတ်အစိုးရက မတ်လ ၆ ရက်နေ့ကို သည်းခံခြင်းတရားနဲ့အတူယှဉ်တွဲနေထိုင်ခြင်း အမျိူးသားနေ့အဖြစ် ကြေညာခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG