သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဏာဖီဆန္ ဘက္ေျပာင္းလာသူ တပ္မေတာ္သား ၈၀၀ ေက်ာ္ရွိၿပီ (ဗိုလ္ႀကီးမင္းေမာင္ေမာင္)


Army officers detain a man during a protest against the military coup in Yangon, Myanmar, March 2, 2021. Picture taken from behind a window. REUTERS/Stringer

{{Zawgyi/Unicode}}

စစ္တပ္အာဏာသိမ္းၿပီးတဲ့ေနာက္ အာဏာဖီဆန္တဲ့အေနနဲ႔ တပ္ကေန ထြက္ေျပးလာသူ ၈၀၀ ေက်ာ္႐ွိတယ္လို႔ ဇြန္လကထြက္ေျပးလာသူ ဗိုလ္ႀကီးမင္းေမာင္ေမာင္က ေျပာပါတယ္။ သူကေတာ့ ရန္ကုန္တိုင္း တိုက္ႀကီးၿမိဳ႕နယ္မွာ အေျခစိုက္တဲ့ အမွတ္ ၁၄ စစ္ေျမျပင္ေဆးတပ္ရင္းက ခဲြစိတ္ပါရဂူျဖစ္ပါတယ္။ စစ္ေကာင္စီကို ဆန္႔က်င္ေနသူေတြဘက္ ေျပာင္းလာသူေတြထဲက အျမင့္ဆံုးရာထူးနဲ႔ ဘယ္တပ္ေတြကလဲဆိုတာ မစုျမတ္မြန္က ဗိုလ္ႀကီးမင္းေမာင္ေမာင္ကို ဆက္သြယ္ေမးထားပါတယ္။

မစုျမတ္မြန္ ။. ။ အခုစစ္တပ္က အာဏာသိ္မ္းၿပီးေနာက္ ဗိုလ္ႀကီးတို႔လို တပ္ကထြက္လာသူ တပ္မေတာ္က ထြက္လာသူ ဘယ္ႏွစ္ေယာက္ေလာက္ရွိလဲရွင့္။

ဗိုလ္ႀကီးမင္းေမာင္ေမာင္. ။. ။ ထြက္လာတဲ့သူေတြကေတာ့ အမ်ားႀကီးပဲေပါ့။ သူတို႔ေတြကေတာ့ ပုံစံမ်ဳိးစုံနဲ႔ေပါ့။ တခ်ဳိ႕ေတြကေတာ့ လြတ္ေျမာက္နယ္ေျမမွာရွိၾကတယ္ ။ တခ်ဳိ႕ကေတာ့ျပည္သူလူထု႔ထဲမွာ ရွိၾကတယ္။ သို႔ေသာ္လည္းပဲ ရွိတဲ့ Data စာရင္းဇယားအရ အၾကမ္းဖ်င္းအားျဖင့္ ၈၀၀ နဲ႔ တေထာင္ၾကားမွာရွိၾကပါတယ္။ က်ေနာ္တို႔ ၈၈ အေရးအခင္းတုံးက ျပည္သူလူထု႔နဲ႔ ပူးေပါင္းတဲ့ တပ္မေတာ္သား အင္အားဆိုတာ အင္မတန္နည္းပါတယ္။ အခု ျပည္သူလူထု႔နဲ႔ ပူးေပါင္းတဲ့ တပ္မေတာ္သားအင္အားဆိုတာ ေထာင္ဂဏန္းနီးပါးေပါ့။ ေနာက္ပိုင္းလည္း ဒီထက္မ်ားလာမယ္လုိ႔ က်ေနာ္အေနနဲ႔ ေမွ်ာ္လင့္ပါတယ္။ ဒါအင္မတန္မ်ားတဲ့ ပမာဏပါ။

မစုျမတ္မြန္ ။. ။ ေစာေစာက ေျပာေတာ့ ၈၀၀ ဝန္က်င္ေလာက္လို႔ေျပာေတာ့ ဘယ္တပ္ေတြကထြက္လာလဲလို႔ အမ်ားဆုံးလို႔သိရပါတယ္။ ရာထူးအျမင့္ဆုံးက ဘယ္အဆင့္ရွိလဲရွင့္ ။

ဗုိလ္ႀကီးမင္းေမာင္ေမာင္ ။. ။ အမ်ားဆုံးဆိုတာထက္ေတာ့ လွ်ပ္တျပက္ေတြရတဲ့ အေနအထားေတာ့မဟုတ္ဘူး။ ဘက္ေပါင္းစုံက ထြက္လာၾကတာေပါ့ ။ အဲေတာ့ အခုအခ်ိန္အထိေတာ့ ဗိုလ္မွဴးအဆင့္က အျမင့္ဆုံးရာထူးထြက္လာၾကတာေပါ့.။ ေနာက္ပိုင္း ျပည္သူ႔လႈပ္ရွားမႈေတြ အားေကာင္းလာမယ္။ သူတို႔ကုိယ္တိုင္လည္း တခ်ဳိ႕ေနရာမွာ ျပည္သူနဲ႔ ပူးေပါင္းခ်င္တဲ့ အေနအထားေတြရွိလာမယ္ဆိုရင္ေတာ့ ဒီထက္ရာထူးႀကီးမားတဲ့ ပုဂၢိဳလ္ေတြလည္း ျပည္သူနဲ႔ ပူးေပါင္းလာလိမ့္မယ္လို႔ က်ေနာ္အေနနဲ႔ ေမွ်ာ္လင့္ေနတယ္ ေမွ်ာ္လင့္ေနစဲေပါ့။

မစုျမတ္မြန္။. ။ ေစာေစာက ေမးတဲ့ ေမးခြန္းျပန္ေမးရမယ္ဆိုရင္ ၾကည္း၊ ေရ၊ ေလ ဘယ္တပ္ေတြက ထြက္လာတဲ့သူမ်ားတယ္လို႔ ေျပာရမလဲရွင့္ ။

ဗိုလ္ႀကီး မင္းေမာင္ေမာင္ ။. ။ အဲဒါေတာ့ က်ေနာ္မွာ Data အတိအက်မသိတဲ့အတြက္ေၾကာင့္ ေျပာလို႔ေတာ့မရဘူးဗ်။ အခုနေျပာသလို ေနရာစုံကထြက္လာေတာ့ က်ေနာ္အေနနဲ႔ ေျပာလို႔ေတာ့မရဘူး။

မစုျမတ္မြန္။. ။ စစ္တပ္အာဏာသိမ္းတာက ေဖေဖာ္ဝါရီလ ၁ ရက္ကမွသိမ္းတယ္။ ဗုိလ္ႀကီးက ဇြန္လ ကမွ ထြက္လာတယ္ေပါ့။ ေလးလအၾကာမွထြက္လာတယ္။ ဒီၾကားထဲမွာ အခက္ခဲရွိလို႔လား ။ ဘာေၾကာင့္ ေလးလေလာက္အၾကာမွထြက္လာတယ္လို႔ေျပာလို႔ရလားရွင့္။

ဗိုလ္ႀကီးမင္းေမာင္ေမာင္ ။. ။ အဲဒါကေတာ့ က်ေနာ္ လွ်ဳိ႔ဝွက္ခ်က္ကို ေျပာျပရမွာေပါ့ေနာ္။ က်ေနာ္ဟာ အာဏာသိမ္းၿပီးတဲ့အခ်ိန္ကစၿပီးေတာ့ ဒါအခုနကေျပာသလိုေပါ့။ က်ေနာ့္ရဲ လူမႈကြန္ရက္ အေကာင့္ဟာ (. ) ျဖစ္သြားတယ္။ သို႔ေသာ္ ေနာက္တဖက္ လူမႈကြန္ရက္ အေကာင့္ကေန Motivation စာေတြေရးေနခဲ့တယ္။ တဖက္မွာလည္း ျပည္သူနဲ႔ပူးေပါင္းဖို႔ အခြင့္အလန္းရွာေနတယ္။ သုိ႔ေသာ္လည္း ဘယ္လိုပူးေပါင္းရမလဲဆိုတာကို မသိဘူးေပါ့ေနာ္။ ဘယ္သူနဲ႔ ဆက္သြယ္ရမလဲ ။ ဘယ္လိုလုပ္ရမလဲဆိုတာကို နည္းလမ္းေတြရွာေနတာေပါ့ေနာ္။ တလက္စတည္း ဆက္သြယ္လို႔ရတဲ့ သူေတြနဲ႔ဆက္သြယ္ထားတယ္။ သုိ႔ေသာ္လည္းပဲ အေၾကာင္းျပန္ၾကားမႈေတာ့မရွိခဲ့ဘူး။ ဒါေပမယ့္ ၾကာေလၾကာေလ က်ေနာ္အေနနဲ႔ အထဲမွာေနရတဲ့ အရာတခုက စိတ္ဖိစီးမႈကို ခံစားလာရတယ္။ အဲဒီေတာ့ ဘယ္လိုနည္းနဲ႔ျဖစ္ျဖစ္ က်ေနာ္အေနနဲ႔ ရေအာင္ထြက္မယ္ကြာဆုိၿပီးေတာ့ က်ေနာ္ဆုံးျဖတ္ၿပီးေတာ့ ထြက္လာတာပါ။ ၾကားထဲမွာေတာ့ အာဏာသိမ္းတဲ့အခ်ိန္ကစၿပီး ေတာက္ေလွ်ာက္ ႀကိဳးစားေနခဲ့တာပဲ။

မစုျမတ္မြန္။.။ ဗိုလ္ႀကီးက CDM လုပ္ၿပီးတပ္ကေန ထြက္ေျပးလာခဲ့တာေပါ့။ အဲဒီေနာက္မွာေကာ ေနာက္ဆုံးတာဝန္ထမ္းေဆာင္ခဲ့တဲ့ ေဆးတပ္ရင္းမွာ ဘယ္လိုဂယက္ေတြရုိက္ခတ္မႈေတြရွိခဲ့လဲရွင့္။

ဗုိလ္ႀကီးမင္းေမာင္ေမာင္ ။. ။ က်ေနာ္လိုက္ၿပီးေတာ့ မစုံစမ္းေတာ့ဘူးဗ် ။ ထားခဲ့တဲ့အျခားတဖက္မွာ ဒီအတိုင္းရွိပါေစလို႔ပဲ ထားခဲ့တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္ဟာ ျပည္သူဖက္ေတာ္သားျဖစ္သြားၿပီး။ က်ေနာ္စိတ္ဝင္စားတာက ျပည္သူအေရးပဲ စိတ္ဝင္စားတယ္။ ဒီေႏြဦးေတာ္လွန္ေရးေအာင္ျမင္ဖို႔အတြက္ က်ေနာ္တို႔အေနနဲ႔ ဘယ္လိုရႈေထာင့္ကေန ပါဝင္ေပးလို႔ရမလဲလို႔ပဲ က်ေနာ္စိတ္ဝင္စားတယ္။ ၿပီးခဲ့တဲ့အရာေတြကို က်ေနာ္ေမ့လိုက္ပါၿပီ။

မစုျမတ္မြန္။.။ အခုတပ္ကေနထြက္လာၿပီး ျပည္သူအမ်ားဆႏၵျပသူေတြနဲ႔ စစ္ေကာင္စီကို ဆန္႔က်င္သူေတြနဲ႔ရပ္တည္ေနၿပီဆိုေတာ့ ေရွ႕ဆက္ၿပီးေတာ့ ဗိုလ္ႀကီးဘာေတြလုပ္မယ္အစီစဥ္ရွိလဲရွင့္ ။

ဗို္လ္ႀကီး မင္းေမာင္ေမာင္ ။.။ က်ေနာ္ဟာ ခြဲစိတ္ဆရာဝန္တေယာက္ပါ။ က်ေနာ္ရဲ႕ ပေရာဖက္ရွင္ကေတာ့ ေဆးကု႔သခြဲစိတ္ျခင္းေပါ့ဗ်ာ။ သို႔ေသာ္လည္းပဲ ေႏြဦးေတာ္လွန္ေရးမွာေတာ့ က်ေနာ္ႏိုင္တဲ့ဝန္ထမ္းမွာပဲ။ က်ေနာ္ဘာေတြလုပ္ေနသလဲဆိုတာကေတာ့ က်ေနာ္လုံၿခဳံေရးအေျခအေနအရ တခ်ဳိ႕အရာေတြကိုေတာ့ က်ေနာ္မေျပာပရေစနဲ႔။

မစုျမတ္မြန္ ။.။ ေက်းဇူးတင္ပါတယ္ ဗုိလ္ႀကီးမင္းေမာင္ေမာင္ ရွင့္။

ဗုိလ္ႀကီးမင္းေမာင္ေမာင္ ။။ ေက်းဇူးတင္ပါတယ္ မစုျမတ္မြန္ ေရ။

..............................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အာဏာဖီဆန်တဲ့အနေနဲ့ တပ်ကနေ ထွက်ပြေးလာသူ ၈၀၀ ကျော်ရှိတယ်လို့ ဇွန်လကထွက်ပြေးလာသူ ဗိုလ်ကြီးမင်းမောင်မောင်က ပြောပါတယ်။ သူကတော့ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်မှာ အခြေစိုက်တဲ့ အမှတ် ၁၄ စစ်မြေပြင်ဆေးတပ်ရင်းက ခွဲစိတ်ပါရဂူဖြစ်ပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်နေသူတွေဘက် ပြောင်းလာသူတွေထဲက အမြင့်ဆုံးရာထူးနဲ့ ဘယ်တပ်တွေကလဲဆိုတာ မစုမြတ်မွန်က ဗိုလ်ကြီးမင်းမောင်မောင်ကို ဆက်သွယ်မေးထားပါတယ်။

မစုမြတ်မွန် ။. ။ အခုစစ်တပ်က အာဏာသိမ်းပြီးနောက် ဗိုလ်ကြီးတို့လို တပ်ကထွက်လာသူ တပ်မတော်က ထွက်လာသူ ဘယ်နှစ်ယောက်လောက်ရှိလဲရှင့်။

ဗိုလ်ကြီးမင်းမောင်မောင်. ။. ။ ထွက်လာတဲ့သူတွေကတော့ အများကြီးပဲပေါ့။ သူတို့တွေကတော့ ပုံစံမျိုးစုံနဲ့ပေါ့။ တချို့တွေကတော့ လွတ်မြောက်နယ်မြေမှာရှိကြတယ် ။ တချို့ကတော့ပြည်သူလူထု့ထဲမှာ ရှိကြတယ်။ သို့သော်လည်းပဲ ရှိတဲ့ Data စာရင်းဇယားအရ အကြမ်းဖျင်းအားဖြင့် ၈၀၀ နဲ့ တထောင်ကြားမှာရှိကြပါတယ်။ ကျနော်တို့ ၈၈ အရေးအခင်းတုံးက ပြည်သူလူထု့နဲ့ ပူးပေါင်းတဲ့ တပ်မတော်သား အင်အားဆိုတာ အင်မတန်နည်းပါတယ်။ အခု ပြည်သူလူထု့နဲ့ ပူးပေါင်းတဲ့ တပ်မတော်သားအင်အားဆိုတာ ထောင်ဂဏန်းနီးပါးပေါ့။ နောက်ပိုင်းလည်း ဒီထက်များလာမယ်လို့ ကျနော်အနေနဲ့ မျှော်လင့်ပါတယ်။ ဒါအင်မတန်များတဲ့ ပမာဏပါ။

မစုမြတ်မွန် ။. ။ စောစောက ပြောတော့ ၈၀၀ ဝန်ကျင်လောက်လို့ပြောတော့ ဘယ်တပ်တွေကထွက်လာလဲလို့ အများဆုံးလို့သိရပါတယ်။ ရာထူးအမြင့်ဆုံးက ဘယ်အဆင့်ရှိလဲရှင့် ။

ဗိုလ်ကြီးမင်းမောင်မောင် ။. ။ အများဆုံးဆိုတာထက်တော့ လျှပ်တပြက်တွေရတဲ့ အနေအထားတော့မဟုတ်ဘူး။ ဘက်ပေါင်းစုံက ထွက်လာကြတာပေါ့ ။ အဲတော့ အခုအချိန်အထိတော့ ဗိုလ်မှူးအဆင့်က အမြင့်ဆုံးရာထူးထွက်လာကြတာပေါ့.။ နောက်ပိုင်း ပြည်သူ့လှုပ်ရှားမှုတွေ အားကောင်းလာမယ်။ သူတို့ကိုယ်တိုင်လည်း တချို့နေရာမှာ ပြည်သူနဲ့ ပူးပေါင်းချင်တဲ့ အနေအထားတွေရှိလာမယ်ဆိုရင်တော့ ဒီထက်ရာထူးကြီးမားတဲ့ ပုဂ္ဂိုလ်တွေလည်း ပြည်သူနဲ့ ပူးပေါင်းလာလိမ့်မယ်လို့ ကျနော်အနေနဲ့ မျှော်လင့်နေတယ် မျှော်လင့်နေစဲပေါ့။

မစုမြတ်မွန်။. ။ စောစောက မေးတဲ့ မေးခွန်းပြန်မေးရမယ်ဆိုရင် ကြည်း၊ ရေ၊ လေ ဘယ်တပ်တွေက ထွက်လာတဲ့သူများတယ်လို့ ပြောရမလဲရှင့် ။

ဗိုလ်ကြီး မင်းမောင်မောင် ။. ။ အဲဒါတော့ ကျနော်မှာ Data အတိအကျမသိတဲ့အတွက်ကြောင့် ပြောလို့တော့မရဘူးဗျ။ အခုနပြောသလို နေရာစုံကထွက်လာတော့ ကျနော်အနေနဲ့ ပြောလို့တော့မရဘူး။

မစုမြတ်မွန်။. ။ စစ်တပ်အာဏာသိမ်းတာက ဖေဖော်ဝါရီလ ၁ ရက်ကမှသိမ်းတယ်။ ဗိုလ်ကြီးက ဇွန်လ ကမှ ထွက်လာတယ်ပေါ့။ လေးလအကြာမှထွက်လာတယ်။ ဒီကြားထဲမှာ အခက်ခဲရှိလို့လား ။ ဘာကြောင့် လေးလလောက်အကြာမှထွက်လာတယ်လို့ပြောလို့ရလားရှင့်။

ဗိုလ်ကြီးမင်းမောင်မောင် ။. ။ အဲဒါကတော့ ကျနော် လျှို့ဝှက်ချက်ကို ပြောပြရမှာပေါ့နော်။ ကျနော်ဟာ အာဏာသိမ်းပြီးတဲ့အချိန်ကစပြီးတော့ ဒါအခုနကပြောသလိုပေါ့။ ကျနော့်ရဲ လူမှုကွန်ရက် အကောင့်ဟာ (. ) ဖြစ်သွားတယ်။ သို့သော် နောက်တဖက် လူမှုကွန်ရက် အကောင့်ကနေ Motivation စာတွေရေးနေခဲ့တယ်။ တဖက်မှာလည်း ပြည်သူနဲ့ပူးပေါင်းဖို့ အခွင့်အလန်းရှာနေတယ်။ သို့သော်လည်း ဘယ်လိုပူးပေါင်းရမလဲဆိုတာကို မသိဘူးပေါ့နော်။ ဘယ်သူနဲ့ ဆက်သွယ်ရမလဲ ။ ဘယ်လိုလုပ်ရမလဲဆိုတာကို နည်းလမ်းတွေရှာနေတာပေါ့နော်။ တလက်စတည်း ဆက်သွယ်လို့ရတဲ့ သူတွေနဲ့ဆက်သွယ်ထားတယ်။ သို့သော်လည်းပဲ အကြောင်းပြန်ကြားမှုတော့မရှိခဲ့ဘူး။ ဒါပေမယ့် ကြာလေကြာလေ ကျနော်အနေနဲ့ အထဲမှာနေရတဲ့ အရာတခုက စိတ်ဖိစီးမှုကို ခံစားလာရတယ်။ အဲဒီတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကျနော်အနေနဲ့ ရအောင်ထွက်မယ်ကွာဆိုပြီးတော့ ကျနော်ဆုံးဖြတ်ပြီးတော့ ထွက်လာတာပါ။ ကြားထဲမှာတော့ အာဏာသိမ်းတဲ့အချိန်ကစပြီး တောက်လျှောက် ကြိုးစားနေခဲ့တာပဲ။

မစုမြတ်မွန်။. ။ ဗိုလ်ကြီးက CDM လုပ်ပြီးတပ်ကနေ ထွက်ပြေးလာခဲ့တာပေါ့။ အဲဒီနောက်မှာကော နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့တဲ့ ဆေးတပ်ရင်းမှာ ဘယ်လိုဂယက်တွေရိုက်ခတ်မှုတွေရှိခဲ့လဲရှင့်။

ဗိုလ်ကြီးမင်းမောင်မောင် ။. ။ ကျနော်လိုက်ပြီးတော့ မစုံစမ်းတော့ဘူးဗျ ။ ထားခဲ့တဲ့အခြားတဖက်မှာ ဒီအတိုင်းရှိပါစေလို့ပဲ ထားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ဟာ ပြည်သူဖက်တော်သားဖြစ်သွားပြီး။ ကျနော်စိတ်ဝင်စားတာက ပြည်သူအရေးပဲ စိတ်ဝင်စားတယ်။ ဒီနွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် ကျနော်တို့အနေနဲ့ ဘယ်လိုရှုထောင့်ကနေ ပါဝင်ပေးလို့ရမလဲလို့ပဲ ကျနော်စိတ်ဝင်စားတယ်။ ပြီးခဲ့တဲ့အရာတွေကို ကျနော်မေ့လိုက်ပါပြီ။

မစုမြတ်မွန်။. ။ အခုတပ်ကနေထွက်လာပြီး ပြည်သူအများဆန္ဒပြသူတွေနဲ့ စစ်ကောင်စီကို ဆန့်ကျင်သူတွေနဲ့ရပ်တည်နေပြီဆိုတော့ ရှေ့ဆက်ပြီးတော့ ဗိုလ်ကြီးဘာတွေလုပ်မယ်အစီစဉ်ရှိလဲရှင့် ။

ဗိုလ်ကြီး မင်းမောင်မောင် ။. ။ ကျနော်ဟာ ခွဲစိတ်ဆရာဝန်တယောက်ပါ။ ကျနော်ရဲ့ ပရောဖက်ရှင်ကတော့ ဆေးကု့သခွဲစိတ်ခြင်းပေါ့ဗျာ။ သို့သော်လည်းပဲ နွေဦးတော်လှန်ရေးမှာတော့ ကျနော်နိုင်တဲ့ဝန်ထမ်းမှာပဲ။ ကျနော်ဘာတွေလုပ်နေသလဲဆိုတာကတော့ ကျနော်လုံခြုံရေးအခြေအနေအရ တချို့အရာတွေကိုတော့ ကျနော်မပြောပရစေနဲ့။

မစုမြတ်မွန် ။. ။ ကျေးဇူးတင်ပါတယ် ဗိုလ်ကြီးမင်းမောင်မောင် ရှင့်။

ဗိုလ်ကြီးမင်းမောင်မောင် ။ ။ ကျေးဇူးတင်ပါတယ် မစုမြတ်မွန် ရေ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG