သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

သြဂုတ်လ ၂၃ ရက်၊ တနင်္လာနေ့ ဗွီအိုအေ ညပိုင်း ၉း၀၀-၁၀း၀၀


တိုက်ရိုက် လင့်ခ်

ဗွီအိုအေမြန်မာပိုင်း ဆောင်းပါးရှင် ဦးစည်သူအောင်မြင့် ဖမ်းဆီးခံရတဲ့အပေါ် ဗွီအိုအေ ဌာနမှူးရဲ့ တုန့်ပြန်ချက်၊ ကိုဗစ်လူနာ ကူညီပေးသူတွေ ခြိမ်းခြောက်ခံနေရ၊ ကယားမှာ ကရင်နီကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်၊ မူဆယ် ပန်ဆိုင်းမှာ စစ်ကောင်စီနဲ့ MNDAA တိုက်ပွဲဖြစ်၊ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍနဲ့ ဘလော့ဂါတွေပြောသမျှ အစီအစဉ်တွေကို နားဆင်ကြရပါမယ်။ +++သောတရှင်တွေ နားဆင်ရမယ့် ဗွီအိုအေအမေရိကန်အသံရဲ့ တနင်္လာညပိုင်း မြန်မာဘာသာအစီအစဉ်တွေကတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း VOA သတင်းဌာနနဲ့ Frontier Myanmar သတင်းဌာနတွေကို တပ်မတော် ဝေဖန်ဆန့်ကျင်တိုက်ခိုက်တဲ့သတင်း ဆောင်းပါးများရေးသားပေးပို့လို့ ဖမ်းဆီးထိန်းသိမ်းလိုက်တာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ချက်အပေါ် ဗွီအိုအေဌာနမှူးရဲ့တုန့်ပြန်ချက်၊ ကိုဗစ်လူနာတွေကို ကူညီပေးနေသူတွေအပေါ် အာဏာပိုင်တွေဘက်က ခြိမ်းခြောက်နေတာ၊ ကယားဘော်လခဲဘက်က ကရင်နီကာကွယ်ရေးတပ်နဲ့ စစ်တပ်တို့ကြား တိုက်ပွဲအခြေအနေ၊ မူဆယ်ပန်ဆိုင်း ဘက်က MNDAA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေအကြောင်းစတဲ့သတင်းပေးပို့ချက်တွေနဲ့ အပတ်စဉ်ကဏ္ဍတွေကို နားဆင်ရဖို့ရှိပါတယ်။

XS
SM
MD
LG