သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကပ်ရောဂါကြေင့် HIV နဲ့ TB တိုက်ဖျက်ရေးထိခိုက်


FILE - A TB patient sleeps in his room at the Sizwe Tropical Diseases Hospital in Johannesburg, South Africa, August 5, 2019.
FILE - A TB patient sleeps in his room at the Sizwe Tropical Diseases Hospital in Johannesburg, South Africa, August 5, 2019.

ကိုဗစ်ကပ်ရောဂါကြေင့် HIV နဲ့ TB တိုက်ဖျက်ရေးထိခိုက်

{{Zawgyi/Unicode}}

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ်ထဲ HIV နဲ့ TB အဆုပ်နာရောဂါ တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အကြီးအကျယ် ထိခိုက်မှုတွေ ရှိခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ အစိုးရတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက လုပ်ငန်းတွေ ပူးပေါင်းပါဝင်တဲ့ Global Fund အဖွဲ့ရဲ့ အစီရင်ခံစာသစ်အရ၊ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း HIV တားဆီးရေး လုပ်ငန်းတွေမှာ ဝန်ဆောင်မှုပေးနိုင်ခဲ့တဲ့ အရေအတွက်ဟာ ဒီအရင်တနှစ်နဲ့ယှဉ်ရင် ၁၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သလို၊ HIV ပိုး စစ်ဆေးမှုတွေဟာလည်း ၂၂ ရာခိုင်နှုန်း ကျဆင်းခဲ့တာကို တွေ့ရှိခဲ့တာပါ။

Global Fund အဖွဲ့က ကူညီနေတဲ့ နိုင်ငံတွေမှာ ဆေးမတိုးတဲ့ TB အဆုပ်နာရောဂါအတွက် ကုသပေးနေသူ အရေအတွက်ဟာလည်း ၁၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဆေးမတိုးတဲ့ ပြင်းထန်တဲ့ TB ရောဂါအတွက် ကုသပေးနေသူ အရေအတွက်ဟာလည်း ၃၇ ရာခိုင်နှုန်းအထိ ထိုးကျသွားတာကြောင့် စိုးရိမ်ရကြောင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ အခြေစိုက် Global Fund အဖွဲ့က သတိပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲမှာ လူပေါင်း ၁ သန်းလောက် TB ရောဂါအတွက် ဆေးကုသမှု မရခဲ့ကြတာကြောင့် ဒီအထဲက လူပေါင်း ထောင်ချီပြီး အသက်ဆုံးရှုံး ကြရလိမ့်မယ်လို့လည်း Global Fund အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ Peter Sands က Reuters သတင်းဌာနကို ပြောဆိုခဲ့တာပါ။

ကိုဗစ်ရောဂါကြောင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ထိခိုက်မှုတွေဟာ HIV နဲ့ TB ရောဂါလောက် အခြေအနေ မဆိုးဘူးလို့လည်း Global Fund အဖွဲ့က ပြောပါတယ်။

..................................................

တိုက်ရိုက် လင့်ခ်

ကိုဗဈကပျရောဂါကွငေ့ျ HIV နဲ့ TB တိုကျဖကြျရေးထိခိုကျ

{{Unicode}}






XS
SM
MD
LG