သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထားဝယ် MSF လုပ်ငန်းများ ပိတ်ပင်ခံရ


HIV၊ တီဘီနဲ့ အသည်းရောင်အသားဝါရောဂါတွေကုသပေးနေတဲ့ အင်းစိန်မြို့က MSF ဆေးခန်းတခု (ဓာတ်ပုံ-Courtesy)
HIV၊ တီဘီနဲ့ အသည်းရောင်အသားဝါရောဂါတွေကုသပေးနေတဲ့ အင်းစိန်မြို့က MSF ဆေးခန်းတခု (ဓာတ်ပုံ-Courtesy)

(Zawgyi/Unicode)
တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) ရဲ့ လုပ်ငန်းတွေအားလုံးကို ရပ်ပစ်ဖို့ ဒေသဆိုင်ရာအာဏာပိုင်တွေက ညွှန်ကြားထားတဲ့စာတစောင်ကို လက်ခံရရှိခဲ့တယ်လို့ MSF အဖွဲ့က ပြောတဲ့အကြောင်း AFP သတင်းတပုဒ်မှာ ရေးထားပါတယ်။

MSF အဖွဲ့ဟာ ထားဝယ်မြို့မှာ HIV လူနာတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးလာတာ နှစ် ၂၀ ကျော်ပါပြီ။
"အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းတွေ ဆိုးဆိုးရွားရွား ထိခိုက်နေတဲ့ ကာလမျိုးမှာ MSF ရဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းရတာဟာ မိမိတို့လူနာအများအပြားအတွက် အသက်အန္တရာယ် ရှိနိုင်ပါတယ်" လို့ MSF အဖွဲ့က AFP ကိုပြောပါတယ်။

ထားဝယ်မြို့ဟာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဇာတိမြို့ဖြစ်ပြီး အခုလို လုပ်ငန်းတွေရပ်ဆိုင်းခိုင်းတဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းပေးဖို့ ထားဝယ်အာဏာပိုင်တွေကို MSF အဖွဲ့က ပန်ကြားထားပါတယ်။
MSF အဖွဲ့ရဲ့လုပ်ငန်းတွေကို ဘာ့ကြောင့်ရပ်ခိုင်းတာလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

..............................................................................

ထားဝယ် MSF လုပ်ငန်းများ ပိတ်ပင်ခံရ
please wait

No media source currently available

0:00 0:00:46 0:00
တိုက်ရိုက် လင့်ခ်



(Unicode)



XS
SM
MD
LG