ဒီကနေ့အစီအစဉ်မှာ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ COVID-19 ရောဂါကြောင့် လူမှု စီးပွားရေးကို ကုစားနိုင်ဖို့ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီကနေ ဂျပန် ယန်း ၃၀ ဘီလီယံချေးယူနိုင်ရေး လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ အကြောင်း၊ COVID-19 အရေးပေါ်ကာလအတွင်း ရန်ကုန်တိုင်းအစိုးရရဲ့ မေလ ၂၄ ရက်နေ့ကလုပ်ခဲ့တဲ့ ဘာသာရေးအခမ်းအနားတခုနဲ့ ပတ်သက်လို့ ဝေဖန်နေကြတာ၊ တရုတ်နိုင်ငံထုတ် ဖောက်ခွဲရေးသုံး ပစ္စည်းတွေကို မူဆယ်ကုန်သွယ်ရေးဇုန်မှာ မနေ့က ဖမ်းမိခဲ့ပြီး ဒီကနေ့ မူဆယ်မှာ လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲခဲ့တဲ့သတင်း၊ COVID ကာလ ပြည်တွင်းကို နယ်စပ်ဂိတ်တွေကနေတဆင့် အလုံးအရင်းနဲ့ ပြန်ဝင်လာကြတဲ့ ပြည်ပရောက် အခြေခံလုပ်သားတွေ အတွက် ပြည်တွင်းမှာ ဘယ်လိုအလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မလဲဆိုတာနဲ့ ထိုင်းနိုင်ငံဘက်က ပြန်လာတဲ့ မြန်မာအလုပ်သမား ၄,၀၀၀ နီးပါး ရှိသွားပြီဆိုတဲ့ သတင်း တွေကို နားဆင်ရပါမယ်။ သီတင်းပတ်စဉ်ကဏ္ဍတွေအဖြစ် အမေရိကန်နိုင်ငံရေးနဲ့ အင်္ဂါည ဆွေးနွေးခန်း အစီအစဉ်တွေကို နားဆင်ရပါမယ်။
နောက်ထပ်ကြည့်ရှုရန် စိတ်ဝင်စားဖွယ် ဗွီဒီယိုများ
-
၀၇ ဖေဖော်ဝါရီ၊ ၂၀၂၃
ညပိုင်း ၉း၀၀-၁၀း၀၀ ဖေဖော်ဝါရီ ၇ ၊ ၂၀၂၃
-
၀၆ ဖေဖော်ဝါရီ၊ ၂၀၂၃
ညပိုင်း ၉း၀၀-၁၀း၀၀ ဖေဖော်ဝါရီ ၆ ၊ ၂၀၂၃
-
၀၅ ဖေဖော်ဝါရီ၊ ၂၀၂၃
ညပိုင်း ၉း၀၀-၁၀း၀၀ ဖေဖော်ဝါရီ ၅ ၊ ၂၀၂၃
-
၀၄ ဖေဖော်ဝါရီ၊ ၂၀၂၃
ဗွီအိုအေ မြန်မာညချမ်း (ဖေဖော်ဝါရီ ၄၊ ၂၀၂၃)
-
၀၃ ဖေဖော်ဝါရီ၊ ၂၀၂၃
ဗွီအိုအေ မြန်မာညချမ်း ဖေဖော်ဝါရီ ၃၊ ၂၀၂၃
-
၀၂ ဖေဖော်ဝါရီ၊ ၂၀၂၃
ဗွီအိုအေ မြန်မာညချမ်း ဖေဖော်ဝါရီ ၂၊ ၂၀၂၃