သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမပါဘဲ ကျင်းပတဲ့ အာဆီယံအစည်းအဝေးပွဲတွေ အဆုံးသတ်


Virus Outbreak ASEAN
Virus Outbreak ASEAN

မြန်မာမပါဘဲ ကျင်းပတဲ့ အာဆီယံအစည်းအဝေးပွဲတွေ အဆုံးသတ်

{{Zawgyi/Unicode}}

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးပွဲတွေကို မြန်မာနိုင်ငံမပါဘဲ အဆုံးသတ်ခဲ့ပြီးနောက် ရှေ့လာမယ့် အစည်းအဝေးတွေမှာ ပါဝင်နိုင်မယ့် အခြေအနေအပေါ် မေးခွန်းထုတ်နေကြပါတယ်။ ထိပ်သီးအစည်းအဝေးပွဲတွေကို ဦးဆောင်ကျင်းပခဲ့တဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းကတော့ မြန်မာနိုင်ငံကို ပစ်ပယ်မထားကြောင်း ပြောခဲ့တာပါ။

“မစွက်ဖက်ရေး မူဝါဒအပါအဝင် အာဆီယံ ပဋိဉာဉ်မှာ ပြဌာန်းထားတဲ့ အချက်တွေကို အခိုင်အမာ ကိုင်စွဲထားတဲ့ တချိန်တည်းမှာပဲ၊ အခုအစည်းအဝေးမှာ မြန်မာနိုင်ငံကိုလည်း နေရာပေးခဲ့ပါတယ်။ ပြည်တွင်းရေး ကိစ္စတွေကိုတော့ မြန်မာပြည်သူတွေကသာ အပြည့်အ၀ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။” လို့ အာဆီယံ အစည်းအဝေးပွဲတွေ အဆုံးသတ်တဲ့ ကြာသပတေးနေ့မှာ ဘရူနိုင်းစော်ဘွား Hassanal Bolkiah ကပြောလိုက်တာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတာကို ဖြေရှင်းဖို့ အာဆီယံက အထူးကိုယ်စားလှယ် ခန့်အပ်တာ အပါအဝင် ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပါတယ်။ ဒါပေမဲ့လည်း ဘုံသဘောတူညီချက်တွေ လက်တွေ့ ဖြစ်မလာသေးတာကြောင့် အာဆီယံက ထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

မြန်မာစစ်ကောင်စီကတော့ အာဆီယံအသင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တဲ့ ဆုံးဖြတ်ချက်အဖြစ် ကန့်ကွက်ခဲ့ပါတယ်။

လာမယ့် ဒီဇင်ဘာလထဲ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး အင်အားကြီး ၇ နိုင်ငံ (G-7) နဲ့ အာဆီယံ အစည်းအဝေးပွဲကို အိမ်ရှင်အဖြစ် ကျင်းပမယ့် ဗြိတိန်ကလည်း မြန်မာစစ်အာဏာပိုင်တွေကို ပါဝင်ခွင့် ငြင်းဆန်ထားတာပါ။

နိုဝင်ဘာလ နှောင်းပိုင်းမှာ ကျင်းပမယ့် အာဆီယံနဲ့ ဥရောပထိပ်သီး အစည်းအဝေးပွဲကိုလည်း မြန်မာကို မဖိတ်ဖို့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံက အရိပ်အမြွက်ပြောကြားထားတာပါ။

အာဆီယံနဲ့ ဆက်စပ် အစည်းအဝေးတွေ အဆုံးသတ်တဲ့ ကြာသပတေးနေ့မှာပဲ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကလည်း မြန်မာနိုင်ငံက အခြေအနေတွေ တိုးတက်မှု မရှိရင် တခြားနည်းလမ်းတွေ ရှာရလိမ့်မယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မြန်မာမပါဘဲ ကျင်းပတဲ့ အာဆီယံအစည်းအဝေးပွဲတွေ အဆုံးသတ်
please wait

No media source currently available

0:00 0:01:41 0:00
တိုက်ရိုက် လင့်ခ်

...................................


{{Unicode}}








XS
SM
MD
LG