သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၅၀၅ နဲ့အဖမ်းခံရပြီး ပြန်လွတ်လာသူရဲ့ ထောင်တွင်း အတွေ့အကြုံ


ပြီးခဲ့တဲ့ အောက်တိုဘာလက တက်ကြွလှုပ်ရှားသူ ထောင်နဲ့ချီကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့တယ် ဆိုပေမဲ့၊ လူတွေကို မပြောရဲမဆိုရဲအောင် အကျဉ်းချထားတဲ့ကာလအတွင်း စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပမ်းတာတွေ လုပ်ခဲ့တယ်လို့ ပြန်လည် လွတ်မြောက်လာတဲ့ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။

(Zawgyi/Unicode)
အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ သူတို့ဖမ်းဆီးထားတဲ့ တက်ကြွလှုပ်ရှားသူတွေထဲက ထောင်နဲ့ချီကို ပြီးခဲ့တဲ့ အောက်တိုဘာလက ပြန်လွှတ်ပေးခဲ့တယ် ဆိုပေမဲ့၊ ပြန်လွှတ်ချိန်မှာ လူတွေ မပြောရဲမဆိုရဲအောင် အကျဉ်းချထားတဲ့ကာလအတွင်း နည်းလမ်းစုံ သုံးပြီး စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပမ်းတာတွေ လုပ်ခဲ့တဲ့အကြောင်း ပြန်လည် လွတ်မြောက်လာသူတဦးဖြစ်တဲ့ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။ ၆ လကျော် ချုပ်နှောင်ခံခဲ့ရတဲ့ ကာလအတွင်း ၄၅ ရက် သီးခြား တိုက်ပိတ်ခံခဲ့ရတယ်လို့လည်း ဒေါ်မျိုးမျိုးအေးက ပြောပြပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံရတဲ့ အခြေအနေ၊ ထောင်တွင်းဖြတ်သန်းမှုတချို့နဲ့ ပြန်လည် လွတ်မြောက်ပြီး နောက်ပိုင်း ကြုံတွေ့ရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ဒေါ်မျိုးမျိုးအေးကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။
====================
[Unicode]

XS
SM
MD
LG