Total နဲ့ Chevron မြန်မာနိုင်ငံက ထွက်မယ့်အပေါ် အကဲခတ်တွေ သတိနဲ့ကြိုဆို
{{Zawgyi/Unicode}}
နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ ပြင်သစ်နိုင်ငံက Total နဲ့ အမေရိကန်က Chevron တို့ မြန်မာနိုင်ငံက လုပ်ငန်းတွေ ရပ်မယ့်အကြောင်း ကြေညာလိုက်တဲ့အပေါ် အကဲခတ်တချို့က သတိထားကြိုဆိုလိုက်ကြပါတယ်။ မြန်မာစစ်ကောင်စီအပေါ် ဖိအားပေးဖို့ ရည်ရွယ်တဲ့ လုပ်ရပ်ဖြစ်ပေမဲ့ လက်တွေ့ထိရောက်မှု ရှိဖို့ဆိုရင် ဥရောပသမဂ္ဂ (EU) နဲ့ အမေရိကန် ပြည်ထောင်စုတို့က ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ဖို့ လိုတယ်လို့လည်း ထောက်ပြကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေတွေ ဆိုးရွားကျဆင်းလာနေတာကြောင့် မြန်မာနိုင်ငံထဲက စီးပွားရေးလုပ်ငန်းတွေကို ပြန်ရုပ်သိမ်းမယ့်အကြောင်း ပြင်သစ် စွမ်းအင်ကုမ္ပဏီ TOTAL နဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron တို့က ဇန်နဝါရီ(၂၁) သောကြာနေ့က အသီးသီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ ကမ္ဘာ့ စွမ်းအင်ကုမ္ပဏီကြီး(၂)ခုက အခုလို လုပ်ငန်းပြန်ရုပ်သိမ်းလိုက်တာက စစ်ကောင်စီကို စီးပွားရေး နိုင်ငံရေးအရ အထိနာစေတယ်လို့ မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူ ဦးစိန်ဌေးက မြင်ပါတယ်။
" ခုလို ပိတ်ဆို့မှုက စစ်ကောင်စီအတွက် ထိခိုက်နစ်နာမှု အများဆုံးဖြစ်နိုင်ပါတယ်။ ဓါတ်ငွေ့ရောင်းရတဲ့ ဝင်ငွေက ဒေါ်လာ(၁.၄)ဘီလျံ ဝန်းကျင်လောက် ရှိတယ်ပေါ့။ အဲဒီထဲမှာ ဒီ Total တို့ Chevron တို့ရဲ့ ratio ဖြစ်တဲ့ ၃ ပုံ ၁ ပုံလောက် နစ်နာသွားမှာပေါ့။ ဒါ စီးပွားရေးအရ နစ်နာနိုင်တာကို ပြောတာပါ။ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီတွေက ခုလို ထွက်ခွာသွားတယ်ဆိုရင် ကျန်တဲ့ကုမ္ပဏီတွေလည်း လက်တွန့်တာတွေ ဖြစ်လာနိုင်တာပေါ့။ အခုလို ထွက်သွားတဲ့ အကျိုးဆက်သည် နိုင်ငံရေးအရရော ၊ စီးပွားရေး အရရော စစ်ကောင်စီအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါ ခင်ဗျ။"
ရေနံနဲ့သဘာဝဓါတ်ငွေ့လို စွမ်းအင်ကဏ္ဍကရတဲ့ ဝင်ငွေကို မြန်မာစစ်ကောင်စီလက်ထဲ စီးဆင်းမှု မရှိရအောင် ထိန်းချုပ်ထားဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုခဲ့ဖူးတာပါ။ TOTAL နဲ့ Chevron တွေက အခုလို ကုမ္ပဏီလုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်းရုံလောက်နဲ့ မလုံလောက်ပဲ သက်ဆိုင်ရာနိုင်ငံ အစိုးရတွေက ဥပဒေပြဌာန်းပြီး ဒီစွမ်းအင်ကဏ္ဍကို ပိတ်ဆို့ဒဏ်ခတ်မှု လုပ်ဖို့ လိုတယ်လို့ HRW ခေါ် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ အာရှရေးရာဒါရိုက်တာ John Sifton က တိုက်တွန်းပါတယ်။
“Total က ငွေပေးချေတာတွေ ရပ်ထားပြီး လုပ်ငန်းတွေ ဆက်လက် လုပ်ခွင့်ရအောင် ပိတ်ဆို့ဒဏ်ခတ်တာမျိုးလို၊ အမေရိကန် ပြည်ထောင်စုနဲ့ EU တို့က လုပ်ရမယ့် ကိစ္စတွေအတွက် Total က ဒီထက်ပို ဖိအားပေးတာမျိုးကို ကျနော်တို့က ဖြစ်စေချင်ပါတယ်။ လုပ်ငန်းတွေရပ်မလား၊ အစိုးရက ပိတ်ဆို့ဒဏ်ခတ်မလား ဆိုတာက အဓိကကိစ္စပါ၊ အစိုးရက ဒဏ်ခတ်လိုက်ခြင်းအားဖြင့် ပေးချေရမယ့် ငွေတွေကို ဘဏ်က ထိန်းချုပ်ထားမှာ ဖြစ်တာကြောင့် Total အနေနဲ့လည်း အပြစ်တင်ခံရမှာ မဟုတ်ပါဘူး။”
၂၀၂၁ ဖေဖေါ်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းခဲ့ချိန်ကစလို့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆက်တိုက် ဖြစ်လာနေတဲ့အတွက် မြန်မာစစ်ကောင်စီပေါ် ဖိအားပေးတဲ့အနေနဲ့ စွမ်းအင်ကဏ္ဍတွေမှာပါ ဥပဒေနဲ့ ဒဏ်ခတ်အရေးယူမှု ချမှတ်ဆောင်ရွက်ဖို့ကို အမေရိကန် အစိုးရရော၊ ပြင်သစ်အစိုးရတွေကပါ ပျက်ကွက်နေသေးတယ်လို့ HRW ရဲ့ John Sifton က ထောက်ပြပါတယ်။
“အမေရိကန် အနေနဲ့ ဒီထက်ပိုလုပ်သင့်သလား ဆိုရင်တော့၊ သမ္မတ ဘိုင်ဒင်အနေနဲ့ သမ္မတ မာခရွန်အပေါ် ဒီကိစ္စနဲ့ ပတ်သက်လို့ လက်ခံလာအောင် ဒီထက်ပိုပြီး ဖိအားပေးသင့်ပါတယ်။ တကယ်တမ်းမှာတော့ EU နဲ့ ပြင်သစ်အစိုးရ တို့ရဲ့ ပျက်ကွက်မှုကြောင့် ဖြစ်ရတာပါ။ သူတို့ကို လုပ်ပါ၊ လုပ်ပါဆိုပြီး အများက ဝိုင်းဝန်း တိုက်တွန်းနေတဲ့ ကိစ္စကို လုပ်ဖို့ပျက်ကွက်ခဲ့တာပါ။”
TOTAL နဲ့ Chevron ကုမ္ပဏီတွေ မြန်မာနိုင်ငံကလုပ်ငန်း ပြန်ရုပ်သိမ်းသွားပေမယ့် ထိုင်းနိုင်ငံက PTTEP ၊ တောင်ကိုရီးယား POSCO ၊ အိန္ဒိယ ONGC ၊ ဂျပန် Nippon Oil ကုမ္ပဏီနဲ့ တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီအသီးသီး မြန်မာ့ စွမ်းအင်ထုတ်လုပ်မှုကဏ္ဍမှာ ဆက်ရှိနေသေးတာပါ။
TOTAL နဲ့ Chevron တို့ရဲ့ နေရာမှာ အခြားကုမ္ပဏီကြီးတွေ အစားထိုး နေရာယူလာနိုင်မလား ဆိုတဲ့ မေးခွန်းထုတ်မှုတွေ ပေါ်ထွက်လာပါတယ်။ စီးပွားရေးလေ့လာသူ ဦးစိန်ဌေးကတော့ အဲဒီလို အလွယ်တကူ ဝင်လာနိုင်တဲ့ အနေအထား မမြင်မိဖူးလို့ သုံးသပ်ပါတယ်။
" စီးပွားရေးအရပဲ ကြည့်တဲ့ တရုတ်တို့လို အိမ်နီးနားချင်းနိုင်ငံတွေက ဒီလစ်ဟာသွားတဲ့ နေရာမှာ အစားထိုးတာမျိုးတော့ ဖြစ်လာနိုင်တယ်။ သို့သော်လည်းပဲ အရှိန်အဟုန်နဲ့ ဝင်ငွေပြန်ရဖို့က သူတို့အတွက် ခဲယဉ်းမယ်။ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုဖြစ်တဲ့ NDAA ကို သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ်ထိုးလိုက်တဲ့အတွက် ဥပဒေအတည် ဖြစ်သွားပြီ။ Law ဖြစ်သွားတဲ့အတွက် အဲဒီမှာ ငွေပေးငွေယူ အပါအဝင် ၊ international transaction တွေပေ့ါ။ ဒါတွေက အမေရိကန်နိုင်ငံနဲ့ ပတ်သက်နေတဲ့ အခါကျတော့ အဲဒီရဲ့ ထိခိုက်နစ်နာမှုတွေက လာတော့မယ်။ ပြောချင်တာက တရုတ်အပါအဝင်ပေ့ါဗျာ အိမ်နီးနားချင်းက စီးပွားရေးမျက်နှာကိုသာ ကြည့်တဲ့ လက်ရှိကုမ္ပဏီတွေက အစားထိုးမှု မြန်မြန်ဆန်ဆန် လုပ်နိုင်ပါ့မလား။ အဲဒါကြောင့် ဒီတခါ ပိတ်ဆို့မှုသည် စကစရဲ့ အရှိုက်ကိုတော့ အလဲထိုးတာမှာ အပြင်းထန်ဆုံး ဖြစ်လိမ့်မယ်လို့ ကျနော် သုံးသပ်မိပါတယ်။ "
၂၀၂၁ ခုနှစ် စာရင်းတွေအရ မြန်မာနိုင်ငံဟာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကဏ္ဍကနေ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ (၁.၄)ဘီလျံဝန်းကျင် ဝင်ငွေရခဲ့တယ်လို့ အာဏာမသိမ်းခင် လွှတ်တော်ဘတ်ဂျက်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ဝင်ငွေစုစုပေါင်းရဲ့ ၁၀% ကျော်ရှိတယ်လို့ ခန့်မှန်းထားတာပါ။
မြန်မာနိုင်ငံတွင်း တူးဖေါ်ထုတ်လုပ်နေတဲ့ ရတနာ ရေနံသဘာဝဓါတ်ငွေ့လုပ်ငန်းမှာ ပြင်သစ် TOTAL ကုမ္ပဏီက ၃၂ % ကျော်ပိုင်ဆိုင်ပြီး ၊ မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE က ၁၅ % နဲ့ ကျန်တဲ့ အစုရှယ်ယာကိုတော့ အမေရိကန် Chevron နဲ့ ထိုင်း PTTEP တို့ ပိုင်ဆိုင်ကြပါတယ်။
ရွှေဂက်စ် စီမံကိန်းကိုတော့ တောင်ကိုရီးယား POSCO ကုမ္ပဏီက ထုတ်လုပ်နေပြီး ၊ တရုတ်နိုင်ငံကို တင်ပို့နေတာပါ။ ဒီစီမံကိန်းမှာ ကိုရီးယားက KOGAS, မြန်မာ MOGE နဲ့ အိန္ဒိယက စွမ်းအင်ကုမ္ပဏီတွေဖြစ်တဲ့ ONGC နဲ့ GAIL တို့ ရင်းနှီးမြှုပ်နှံ ထားကြပါတယ်။
ရဲတခွန် စွမ်းအင် စီမံကိန်းမှာတော့ မလေးရှား Petronas၊ ထိုင်း PTT ၊ ဂျပန် Nippon Oil နဲ့ မြန်မာ MOGE တို့ ရှယ်ယာပါဝင်ကြပါတယ်။
................................