သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အပေါ် အဂတိမှု နောက်ထပ်တမှု စွဲဆိုမည်


FILE - A protester holds a photo of detained Myanmar civilian leader Aung San Suu Kyi during a demonstration against the military coup outside the Myanmar Embassy in Bangkok on Feb. 7, 2021.
FILE - A protester holds a photo of detained Myanmar civilian leader Aung San Suu Kyi during a demonstration against the military coup outside the Myanmar Embassy in Bangkok on Feb. 7, 2021.

[[ ZAWGYI ]]

ဒေါ်အောင်ဆန်းစုကြည် အပေါ် အဂတိမှု နောက်ထပ်တမှု စွဲဆိုမည်

ဖမ်းဆီးထိန်းသိမ်းတာ ခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု နောက်တမှုနဲ့ ထပ်မံ တရားစွဲဆိုတော့မှာဖြစ်ကြောင်း စစ်ကောင်စီက ကြာသပတေးနေ့မှာ သတင်း ထုတ်ပြန်ပါတယ်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် ၅ နယ်မြေရဲစခန်းမှာ ဖေဖေါ်ဝါရီလ ၃ ရက်နေ့က တိုင်ချက်ဖွင့် အရေးယူဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က လုပ်ဆောင်နေတာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း လှူဒါန်းငွေအဖြစ်နဲ့ အကြောင်းပြ ပေးအပ်တဲ့ ငွေ အမေရိကန်ဒေါ်လာ ၅၅၀,၀၀၀ (ငါးသိန်းငါးသောင်း) ကို ပုဂ္ဂလိက လုပ်ငန်းရှင်တဦး လုပ်နေတဲ့ လုပ်ငန်းအဆင်ပြေအောင် လုပ်ပေးတဲ့အနေနဲ့ ၂၀၁၉ နဲ့ ၂၀၂၀ မှာ တံစိုးလက်ဆေင်အဖြစ် ၄ ကြိမ်ခွဲ လက်ခံယူခဲ့တာ တွေ့ရှိရတယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိအမှု ၁၀ မှုအပြင် ၊ ရွေးကောက်ပွဲမှာ မလျော်ဩဇာ သုံးခဲ့တယ်လို့ဆိုတဲ့ အမှုတွေအတွက်လည်း တရားရင်ဆိုင်နေရတာ ဖြစ်ပြီး အမှု ၅ မှုအတွက် ထောင်ဒဏ် စုစုပေါင်း ၆ နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

စစ်ကောင်စီ တရားစွဲထားတဲ့အမှုတွေရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး မကောင်းတဲ့အတွက် ကြာသပတေးနေ့က တရားရုံး ကြားနာပွဲကို မလာနိုင်ခဲ့ဘူးလို့ တရားရုံးနဲ့နီးစပ်တဲ့ ရှေ့နေတဦးက VOA ကို ပြောပါတယ်။

ဒါကြောင့် နေပြည်တော်အထူးတရားရုံးမှာ ကြားနာစစ်ဆေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့စီးပွားရေးအကြံပေး Sean Turnell နဲ့ NLD ဝန်ကြီး ၃ ဦးတို့အပေါ် တရားစွဲထားတဲ့ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်တယ်ဆိုတဲ့အမှုကို ဖေဖော်ဝါရီ ၃ ရက်မှာ မစစ်ဆေးနိုင်ခဲ့ပဲ ၁၀ ရက်နေ့ကို ရွှေ့ဆိုင်းခဲ့ပါတယ်။

==================================

တိုက်ရိုက် လင့်ခ်

{{ UNICODE }}







XS
SM
MD
LG