[[ ZAWGYI ]]
ဥေရာပမွာ ကန္ အင္အားတိုးခ်ဲ႕မယ္႔ အစီအစဥ္ NATO ႀကိဳဆို
႐ုရွား၊ ယူကရိန္းနယ္စပ္မွာ တင္းမာမႈေတြ ေပၚေပါက္ေနခ်ိန္ အေမရိကန္က ဥေရာပမွာ ေနာက္ထပ္ တပ္အင္အားတုိးခ်မယ့္ အစီအစဥ္အေပၚ ေျမာက္အတၱလန္တိတ္စာခ်ဳပ္ (NATO) အဖဲြ႔ အတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg ကႀကိဳဆုိလုိက္ၿပီး၊ မဟာမိတ္အဖဲြ႔ရဲ႕ အေရွ႕ေတာင္ဖက္ ေဒသကုိ တပ္ေတြ တုိးခ်ဖုိ႔ စဥ္းစားေနတယ္လုိ႔လည္း ေျပာပါတယ္။
႐ုရွားက စစ္ေရးအရ လႈပ္ရွားလာခဲ့ရင္ တုံ႔ျပန္ဖုိ႔ NATO အဖဲြ႔က ျပင္ဆင္ေနေပမဲ့ အဓိပၸါယ္ရွိတဲ့ ေဆြးေႏြးမႈေတြနဲ႔ ျပႆနာကုိ သံတမန္ေရးနည္းနဲ႔ ေျဖရွင္းဖုိ႔ အသင့္ရွိေနေၾကာင္းလည္း ၾကာသပေတးေန႔မွာပဲ သတင္းေထာက္ေတြကုိ ေျပာလုိက္တာပါ။
႐ုရွားအေနနဲ႔ တင္းမာမႈေတြကုိ ေလွ်ာ့ခ်ဖုိ႔ ရန္လုိတဲ့ လုပ္ရပ္ေတြ ေနာက္ထပ္ လုပ္လာမယ္ဆုိရင္ ႀကီးႀကီးမားမား ေပးဆပ္ရလိမ့္မယ္လုိ႔လည္း NATO အဖဲြ႔ အႀကီးအကဲက သတိေပးခဲ့ပါတယ္။ ႐ုရွားသမၼတ ေျပာခြင့္ရ Dmitry Peskov ကေတာ့ အေမရိကန္ရဲ႕ စစ္အင္အား တုိးျမႇင့္တဲ့ အစီအစဥ္ဟာ ေဒသတြင္းမွာ တင္းမာမႈေတြ ႀကီးထြားေစတယ္လုိ႔ ၾကာသပေတးေန႔မွာပဲ ေျပာဆုိခဲ့တာပါ။
ယူကရိန္းနယ္စပ္မွာ ႐ုရွားက တပ္အင္အား ၁ သိန္းေလာက္ ခ်ထားတာကုိ ျပန္႐ုပ္သိမ္းေအာင္ ႐ုရွားသမၼတ Vladimir Putin ကုိ နားခ်ႏုိင္ဖုိ႔ ေမွ်ာ္လင့္ခ်က္နဲ႔ စီးပြားေရး ပိတ္ဆုိ႔ဒဏ္ခတ္မယ့္ အစီအစဥ္ေတြနဲ႔ ဖိအားေပးဖုိ႔ အေမရိကန္နဲ႔ အေနာက္မဟာမိတ္ ႏုိင္ငံေတြ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။ ႐ုရွားကေတာ့ ယူကရိန္းအေပၚ က်ဳးေက်ာ္တုိက္ခုိက္ဖုိ႔ ရည္ရြယ္မထားေၾကာင္း ေျပာဆုိထားတာပါ။ NATO အဖဲြ႔ အႀကီးအကဲကေတာ့ ယူကရိန္းႏုိင္ငံ ေျမာက္ပုိင္းနဲ႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့ ဘဲလာ႐ုစ္ႏုိင္ငံထဲကုိ ႐ုရွားကတပ္ေတြ အလုံးအရင္းနဲ႔ ၀င္ေရာက္လႈပ္ရွားေနတာ ေတြ႔ရေၾကာင္း ၾကာသပေတးေန႔မွာပဲ ေျပာဆုိခဲ့ပါတယ္။
ဒီလေႏွာင္းပုိင္းမွာ ႐ုရွားနဲ႔ ဘဲလာ႐ုစ္ ၂ ႏုိင္ငံ ပူးတဲြစစ္ေရးေလ့က်င့္ဖုိ႔ စီစဥ္ခဲ့တာျဖစ္ေပမဲ့ ၾကာသပေတးေန႔မွာ စစ္ေရးေလ့က်င့္မႈေတြ စတင္ေနတာပါ။ တပ္အင္အား ၃ ေသာင္းနဲ႔ တုိက္ေလယာဥ္ေတြ၊ မစ္ဇုိင္းဒုံးေတြနဲ႔ စစ္ေရးလႈပ္ရွားမႈေတြဟာ စစ္ေအးေခတ္ေနာက္ပုိင္း အမ်ားဆုံးျဖစ္တယ္လုိ႔လည္း NATO အဖဲြ႔ အႀကီးအကဲက ေျပာပါတယ္။
= = = = = = = = = = = = = = = =
{{ UNICODE }}
ဥရောပမှာ ကန် အင်အားတိုးချဲ့မယ့် အစီအစဉ် NATO ကြိုဆို
ရုရှား၊ ယူကရိန်းနယ်စပ်မှာ တင်းမာမှုတွေ ပေါ်ပေါက်နေချိန် အမေရိကန်က ဥရောပမှာ နောက်ထပ် တပ်အင်အားတိုးချမယ့် အစီအစဉ်အပေါ် မြောက်အတ္တလန်တိတ်စာချုပ် (NATO) အဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg ကကြိုဆိုလိုက်ပြီး၊ မဟာမိတ်အဖွဲ့ရဲ့ အရှေ့တောင်ဖက် ဒေသကို တပ်တွေ တိုးချဖို့ စဉ်းစားနေတယ်လို့လည်း ပြောပါတယ်။
ရုရှားက စစ်ရေးအရ လှုပ်ရှားလာခဲ့ရင် တုံ့ပြန်ဖို့ NATO အဖွဲ့က ပြင်ဆင်နေပေမဲ့ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးမှုတွေနဲ့ ပြဿနာကို သံတမန်ရေးနည်းနဲ့ ဖြေရှင်းဖို့ အသင့်ရှိနေကြောင်းလည်း ကြာသပတေးနေ့မှာပဲ သတင်းထောက်တွေကို ပြောလိုက်တာပါ။
ရုရှားအနေနဲ့ တင်းမာမှုတွေကို လျှော့ချဖို့ ရန်လိုတဲ့ လုပ်ရပ်တွေ နောက်ထပ် လုပ်လာမယ်ဆိုရင် ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်လို့လည်း NATO အဖွဲ့ အကြီးအကဲက သတိပေးခဲ့ပါတယ်။ ရုရှားသမ္မတ ပြောခွင့်ရ Dmitry Peskov ကတော့ အမေရိကန်ရဲ့ စစ်အင်အား တိုးမြှင့်တဲ့ အစီအစဉ်ဟာ ဒေသတွင်းမှာ တင်းမာမှုတွေ ကြီးထွားစေတယ်လို့ ကြာသပတေးနေ့မှာပဲ ပြောဆိုခဲ့တာပါ။
ယူကရိန်းနယ်စပ်မှာ ရုရှားက တပ်အင်အား ၁ သိန်းလောက် ချထားတာကို ပြန်ရုပ်သိမ်းအောင် ရုရှားသမ္မတ Vladimir Putin ကို နားချနိုင်ဖို့ မျှော်လင့်ချက်နဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မယ့် အစီအစဉ်တွေနဲ့ ဖိအားပေးဖို့ အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ရုရှားကတော့ ယူကရိန်းအပေါ် ကျုးကျော်တိုက်ခိုက်ဖို့ ရည်ရွယ်မထားကြောင်း ပြောဆိုထားတာပါ။ NATO အဖွဲ့ အကြီးအကဲကတော့ ယူကရိန်းနိုင်ငံ မြောက်ပိုင်းနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ဘဲလာရုစ်နိုင်ငံထဲကို ရုရှားကတပ်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လှုပ်ရှားနေတာ တွေ့ရကြောင်း ကြာသပတေးနေ့မှာပဲ ပြောဆိုခဲ့ပါတယ်။
ဒီလနှောင်းပိုင်းမှာ ရုရှားနဲ့ ဘဲလာရုစ် ၂ နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ စီစဉ်ခဲ့တာဖြစ်ပေမဲ့ ကြာသပတေးနေ့မှာ စစ်ရေးလေ့ကျင့်မှုတွေ စတင်နေတာပါ။ တပ်အင်အား ၃ သောင်းနဲ့ တိုက်လေယာဉ်တွေ၊ မစ်ဇိုင်းဒုံးတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ စစ်အေးခေတ်နောက်ပိုင်း အများဆုံးဖြစ်တယ်လို့လည်း NATO အဖွဲ့ အကြီးအကဲက ပြောပါတယ်။