သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS စစ်သွေးကြွ ခေါင်းဆောင်နဲ့ မိသားစု အသေခံဗုံးခွဲ အဆုံးစီရင်


[[ ZAWGYI ]]

IS စစ်သွေးကြွ ခေါင်းဆောင်နဲ့ မိသားစု အသေခံဗုံးခွဲ အဆုံးစီရင်

ဆီးရီးယားနိုင်ငံ အနောက်မြောက်ဖက်မှာ အမေရိကန်ရဲ့ အထူးစစ်ဆင်ရေးတခုအတွင်း IS အစ္စလာမ် စစ်သွေးကြွအဖွဲ့ခေါင်းဆောင် သေဆုံးသွားကြောင်း သမ္မတ Joe Biden အတည်ပြု ပြောကြားလိုက်ပါတယ်။

“ကမ္ဘာကြီးအတွက် အဓိကအကြမ်းဖက် ခြိမ်းခြောက်မှုတရပ်ဖြစ်တဲ့ IS အဖွဲ့ခေါင်းဆောင်ကို မနေ့ညက ကျနော့်ညွှန်ကြားချက်အရ အမေရိကန် တပ်ဖွဲ့တွေ အောင်အောင်မြင်မြင် ရှင်းလင်းနိုင်ခဲ့ပါတယ်။” လို့ သမ္မတဘိုင်ဒင် ကြာသပတေးနေ့က အိမ်ဖြူတော်မှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

IS အဖွဲ့ခေါင်းဆောင်ကို ရှင်းလင်းလိုက်တဲ့အတွက် အမေရိကန်အတွက် သာမက မဟာမိတ်တွေနဲ့ ကမ္ဘာကြီးအတွက်ပါ ပိုမိုလုံခြုံစေတယ်လို့လည်း ပြောကြားခဲ့တာပါ။ အမေရိကန် ထောက်လှမ်းရေးတွေ လနဲ့ချီထောက်လှမ်းခဲ့ပြီးနောက် ဆီးရီးယားနိုင်ငံ အနောက်မြောက်ဖက် ဒေသက လူနေအဆောက်အဦးတခုကို အမေရိကန်တပ်တွေ ဝိုင်းရံစီးနင်းချိန်မှာ IS အဖွဲ့ခေါင်းဆောင် Amir Muhammad Sa'id Abdal-Rahman al-Mawla အသေခံဗုံးခွဲခဲ့တာကြောင့် သူနဲ့ သူ့မိသားစုပါ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

IS ခေါင်းဆောင် သေဆုံးမှုကို အမေရိကန်အစိုးရက တရားဝင် အတည်မပြုသေးခင်မှာပဲ Idlib ပြည်နယ်၊ Atmeh မြို့မှာ အမေရိကန်တပ်ဖွဲ့တွေ အကြမ်းဖက်မှု တန်ပြန်ချေမှုန်းရေး စစ်ဆင်ရေးကြီးတခု စတင်နေကြောင်း လူမှုကွန်ရက်တွေမှာ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

နာရီနဲ့ချီ ကြာခဲ့တဲ့ စစ်ဆင်ရေးအတွင်း ရဟတ်ယာဉ်တွေနဲ့ အမေရိကန်တပ်ဖွဲ့တွေ ၃ ထပ်အဆောက်အဦးပေါ်ကို ဆင်းသက်တာ၊ အပြင်းအထန် တိုက်ခိုက်မှုတွေ မဖြစ်ခင် အဆောက်အဦးထဲက အရပ်သားတွေ ထွက်ပေးဖို့ အမေရိကန်တပ်တွေက အသံချဲ့စက်နဲ့ အော်ဟစ်သတိပေးတာ တွေ့ရတယ်လို့လည်း ဆိုကြပါတယ်။

သမ္မတဘိုင်ဒင်ကတော့ စစ်ဆင်ရေးမှာ အမေရိကန်တပ်တွေ ရဲရဲရင့်ရင့် ဆောင်ရွက်ခဲ့တဲ့အပေါ် ချီးကျုးပြောဆိုလိုက်သလို၊ စစ်ဆင်ရေးအပြီး အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာခဲ့ကြတယ်လို့လည်း ပြောပါတယ်။

= = = = = = = = = = = = = = = = = =

တိုက်ရိုက် လင့်ခ်

{{ UNICODE }}








XS
SM
MD
LG