သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ICJ မွာ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳခြင္႔ ဘယ္ဘက္က ရရွိႏိုင္မလဲ


[ ZAWGYI ]

ICJ မွာ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳခြင္႔ ဘယ္ဘက္က ရရွိႏိုင္မလဲ

ျမန္မာႏုိင္ငံအေပၚ လူမ်ိဳးတုန္း သတ္ျဖတ္မွုေတြ က်ဴးလြန္တယ္ဆုိတဲ့ စြပ္စဲြခ်က္နဲ့ ႏုိင္ငံတကာတရားရုံး ICJ မွာ ဂမ္ဘီယာႏုိင္ငံက တရားစဲြဆုိထားတဲ့အမႈကုိ လာမယ့္ ေဖေဖၚ၀ါရီလ ၂၁ ရက္ေန့မွာ ျပန္လည္စတင္ ၾကားနာဖို့ရွိပါတယ္။ ဒီေနရာမွာ ျမန္မာႏုိင္ငံ ကုိယ္စားျပဳတက္ေရာက္ခြင့္နဲ့ပတ္သက္ၿပီး NUG အစိုးရကေရာ၊ အာဏာသိမ္းစစ္ ေကာင္စီဘက္ကပါ ကုိယ္စားျပုခြင့္ေတြေ လ်ာက္တင္ထားပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဥပေဒရႈေဒါင့္ အပါအ၀င္ အလားအလာတခ်ိဳ႕ကုိ ကုိေဇာ္မုိးေက်ာ္ ဆက္သြယ္ေမးျမန္း စုစည္း တင္ျပထားပါတယ္။


၂၀၁၇ ခုႏွစ္က ရခုိင္ျပည္နယ္ထဲမွာ ရုိဟင္ဂ်ာေတြအေပၚ ျမန္မာလုံၿခံဳေရးတပ္ဖဲြ့ေတြက အၾကမ္းဖက္တုိက္ခုိက္မႈ သတ္ျဖတ္မႈေတြ က်ဴးလြန္ခဲ့တယ္ဆုိကာ ၂၀၁၉ ခုႏွစ္မွာ ဂမ္ဘီယာႏုိင္ငံက တရားလုိလုပ္ၿပီး ICJ ႏုိင္ငံတကာခုံရုံးမွာ ျမန္မာႏုိင္ငံအေပၚတရားစဲြ ဆုိခဲ့ပါတယ္။ အဲဒီအခ်ိန္က ေရြးေကာက္ပဲြအႏုိင္ရ NLD အစိုးရေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကုိယ္တုိင္ တက္ေရာက္ေျဖရွင္းခဲ့ပါတယ္။

အခုအခါ ျမန္မာႏုိင္ငံမွ ာစစ္တပ္က အာဏာသိမ္းခဲ့တဲ့ၿပီးတဲ့ေနာက္ ျမန္မာႏုိင္ငံကုိ ကုိယ္စားျပၿပီး ICJ ႏုိင္ငံတကာခုံရုံးမွ ာတက္ေရာက္ဖုိ႔ကိစၥမွာ ၂၀၂၀ ေရြးေကာက္ပဲြ အႏုိင္ရာ NLD လႊတ္ေတာ္ကုိယ္စားလွယ္ေတြကုိ အေျခခံထားတဲ့ NUG အစိုးရနဲ့ အာဏာသိမ္း စစ္ေကာင္စီတုိ႔ၾကားအၿပိဳင္အဆုိင္ ၾကိဳးပမ္းမႈေတြ ရွိေနပါတယ္။ ဒီလုိ အေျခအေနမွာ ႏုိင္ငံတကာဥပေဒေတြနဲ့ ႏုိင္ငံတကာ ခုံရုံးရဲ႕လုပ္ထုံးလုပ္နည္းေတြအရ ဘယ္လုိ အလားအလာေတြ ရွိပါသလဲလုိ႔ လူ့အခြင့္ေရးေရွ့ေန ဦးမင္းလြင္ဦးကုိ ေမးၾကည့္တဲ့အခါ အခုလို ေျဖပါတယ္။

" ႏိုင္ငံတကာ တရားရုံးက ႏိုင္ငံေတာ္ေပၚမွာ တရားစြဲထားတာ ျဖစ္ပါတယ္။ ႏိုင္ငံေတာ္ ဆိုတာကေတာ့ လူဦးေရ ရွိရမယ္၊ နယ္နမိတ္ ရွိရမယ္၊ အခ်ဳပ္ျခာ အာဏာပိုင္ရမယ္ စတဲ့အခ်က္ေတြ ပါဝင္မွ ႏိုင္ငံေတာ္လို႔ ေခၚတာ။ အခုကိစၥမွာက်ေတာ့ စစ္ေကာင္စီဖက္က နယ္ေျမပိုင္စိုးမႈ ရွိတယ္။ အုပ္ခ်ဳပ္တဲ့ လူဦးေရ ရွိေနတယ္ အခ်ဳပ္အျခာအာဏာလည္း အသင့္တင့္ ရွိေနတယ္။ ႏိုင္ငံတကာက အသိမွတ္ မျပဳေပမဲ့လည္း အစုိးရတရပ္မ်ဳိး အသြင္ေဆာင္ေနတဲ့ ကိစၥျဖစ္ေနတဲ့အတြက္ စစ္ေကာင္စီဖက္အတြက္ ပိုအေလးသာႏိုင္တယ္လို႔ က်ေနာ္ ျမင္မိပါတယ္။"

အာဏာသိမ္း စစ္ေကာင္စီဘက္က သတ္မွတ္ခ်က္ေတြျဖစ္တဲ့ အခ်ဳပ္အျခာအာဏာ၊ နယ္ေျမ၊ လူဦးေရ၊ အစုိးရ ဆုိတာေတြရွိတယ္လုိ႔ ေျပာဆုိထားေပမယ့္၊ NUG အစိုးရဘက္ကလည္း သူတုိ႔မွာ တရား၀င္မႈ ရွိတဲ့အတြက္ ကုိယ္စားျပဳခြင့္ရွိတယ္လုိ့ ေဖေဖၚ၀ါရီလ ၂ ရက္ေန့က VOA နဲ့ဆက္သြယ္ေမးျမန္းစဥ္ NUG ရဲ႕ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္က ေျပာဆုိခဲ့ပါတယ္။

" အာဏာသိမ္း စစ္ေခါင္းေဆာင္က ျပည္သူကုိ ဘယ္လိုမွ ကိုယ္စားျပဳခြင့္ မရွိဘူး။ ICJ မွာက ႏိုင္ငံကို တရားစြဲတာ ျဖစ္တယ္။ ျပည္သူက ေရြးေကာက္တင္ေျမႇာက္ထားတဲ့ ျပည္သူကုိ ကုိယ္စားျပဳတဲ့ အစိုးရကပဲ ကိုယ္စားျပဳရမွာ ျဖစ္တယ္။"

NUG အစုိးရဘက္ကလည္း တရား၀င္မႈ ရွိတဲ့အတြက္ သူတုိ့အေနနဲ့ ကုိယ္စားျပဳခြင့္ ရွိတယ္လုိ႔ ေျပာဆုိထားပါတယ္။ ဒီအေပၚမွာေရာဘယ္လုိျမင္ပါသလဲ ဦးမင္းလြင္ဦးခင္ဗ်။

ဦးမင္းလြင္ဦး ။ ။ ဟုတ္ပါတယ္ NUG အစိုးရကေနၿပီး ျပည္သူကို ကုိယ္စားျပဳတယ္ဆိုတဲ့ အေနနဲ႔ တင္ထားတာ က်ေနာ္တုိ႔ ေတြ႔ရပါတယ္။ ဒီေနရာမွာ ICJ က ဆုံးျဖတ္လုိက္တဲ့ ကိစၥကို ေနာက္ဆက္တြဲ အေကာင္ထည္ေဖၚရမယ့္ အခါမ်ဳိးမွာ ျပည္တြင္း တရားစီရင္ေရးဟာ အားကိုးလို႔ မရႏိုင္ေတာ့တဲ့အတြက္ ႏိုင္ငံတကာ ခုံရုံးတခုကပဲ အျပစ္က်ဴးလြန္သူေတြေပၚ စီရင္ဆုံးျဖတ္ေပးဖို႔ဆိုတဲ့ လမ္းေၾကာင္းဖက္ တခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ NUG က သြားလိုဟန္ရွိပါတယ္။

ဦးေဇာ္မုိးေက်ာ္ ။ ။ တခုေမးခ်င္တာက ႏုိင္ငံတကာခုံရုံးက ဆုံးျဖတ္ခ်မွတ္တာေတြရွိပါတယ္။ ၂၀၁၉ တုန္းကလည္းရွိခဲ့ပါတယ္။ အခုလည္း ေနာက္ထပ္ခ်မွတ္မႈေတြ လုပ္မယ္ဆုိရင္ ဒီေနာက္ဆက္တဲြေတြအေပၚမွာ အေကာင္အထည္ေဖၚႏုိင္မယ့္ အေျခအေနကေရာ ဘယ္လုိရွိပါသလဲ။

ဦးမင္းလြင္ဦး ။ ။ ၾကားကာလ အစီအမံ အေနနဲ႔ အခ်က္(၄)ခ်က္ ခ်မွတ္ထားတာ ရွိတယ္။ အဲဒါေတြကို ဆက္လက္ အေကာင္ထည္ေဖၚဖို႔ ဆိုရင္ေတာ့ က်ေနာ္တုိ႔ ႀကဳိက္ႀကဳိက္ မႀကဳိက္ႀကိဳက္ လက္ရွိ စစ္ေကာင္စီရဲ႕ စီမံခန္႔ခြဲမႈေအာက္မွာ ရွိေနတဲ့အတြက္ ဒါေတြကိုပဲ အေလးထားၿပီးေတာ့ စီမံေဆာင္ရြက္သြားလိမ့္မယ္လို႔ က်ေနာ္ ျမင္ပါတယ္။

ဦးေဇာ္မုိးေက်ာ္ ။ ။ ဆုိေတာ့ NUG အစိုးရ အေနနဲ့ေရာ ဒါေတြကုိ လုပ္ႏုိင္တဲ့အေျခအေနမရွိဘူးလား။

ဦးမင္းလြင္ဦး ။ ။ ေလာေလာဆယ္ အေျခအေနအရ အလားအလာ နည္းတယ္လို႔ပဲ ျမင္ပါတယ္။

တရားရုံက ခ်မွတ္တဲ့ ကိစၥရပ္ေတြကုိ အေကာင္အထည္ေဖၚဖုိ႔ရာ ထိန္းခ်ဳပ္ လုပ္ေဆာင္ႏိုင္တဲ့ယႏၱရားေတြ လိုအပ္တယ္လုိ႔ ဆုိပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ The Hage ၿမိဳ့မွာျပဳလုပ္ခဲ့တဲ့ ICJ ႏုိင္ငံတကာခုံရုံးမွ ာဘာေတြ ဆုံးျဖတ္ခဲ့ပါသလဲ။ ဘာေတြ ေလွ်ာက္လဲွခဲ့ပါသလဲ။ အဲဒီတုန္းက The Hage ၿမိဳ့ကုိ ကုိယ္တုိင္သတင္းသြားယူခဲ့တဲ့ VOA အႀကီးတန္း အယ္ဒီတာ ဦးေက်ာ္ဇံသာကုိ ေမးၾကည့္ပါတယ္။

ဦးေက်ာ္ဇံသာ ။ ။ ဂမ္ဘီယာႏိုင္ငံက အခ်က္(၅)ခ်က္ ေလွ်ာက္ထားတာပါ။ ျမန္မာႏိုင္ငံသည္ လူမ်ဳိးတုန္းသုတ္သင္ရွင္းလင္းမႈလို႔ ေခၚတဲ့ ကုလ သေဘာတူညီမႈကို က်ဴးလြန္ ေဖါက္ဖ်က္တယ္။ တနည္းအားျဖင္ ့လူမ်ဳိးတုန္းသုတ္သင္ရွင္းလင္းမႈ က်ဴးလြန္တယ္ဆိုတာ ICJ အေနနဲ႔ အဆုံးျဖတ္ေပးၿပီး ေၾကညာဖို႔ဆိုတဲ့အခ်က္ ပါပါတယ္။ ေနာက္တခ်က္က ဒီလို မေတာ္မတရား လုပ္ေဆာင္ေနတာေတြကို ခ်က္ခ်င္း ရပ္ဆိုင္းေပဖို႔ ၊ ၃ က က်ဴးလြန္သူေတြကို ႏိုင္ငံတကာအဆင့္ စစ္ေဆး အေရးယူဖို႔၊ ၄ က နစ္နာသူေတြအတြက္ ေလွ်ာ္ေၾကးေပးဖို႔၊ ၅ က ဒီလူေတြကို ဂုဏ္သိကၡာရွိရွိ လုံၿခဳံစြာ ျပန္ခြင့္ေပးဖို႔ ျဖစ္ပါတယ္။ ဂမ္ဘီယာဖက္ကေတာ့ အေထာက္ထား အခ်က္လက္ေပါင္း မ်ားစြာကို တင္ျပပါတယ္။ ျမန္မာဖက္က ခုခံတဲ့အခါမွာေတာ့ ဂမ္ဘီယာႏိုင္ငံဟာ နစ္နာတဲ့ ႏိုင္ငံ မဟုတ္ဘူး။ OIC က စုေပါင္းေထာက္ပံ့တဲ့ အတြက္ေၾကာင့္ တရားစြဲျခင္းသာ ျဖစ္တယ္။ ဒါေၾကာင့္ ဂမ္ဘီယာက တရားစြဲခြင့္ မရွိဘူးလို႔ ျမန္မာဖက္က ေခ်ပပါတယ္။ ေနာက္တခုက ICJ အေနနဲ႔လည္း Genocide ေျမာက္တဲ့အမႈကိုသာလွ်င္ စီရင္ပိုင္ခြင့္ ရွိတာ။ အခုအမႈမွာေတာ့ လူသားေတြေပၚ က်ဴးလြန္တဲ့ ျပစ္မႈေတြ မွန္ေသာ္လည္းပဲ၊ လူမ်ဳိးတုန္း သတ္ျဖတ္ရွင္းလင္းမႈ မဟုတ္ဘူးဆိုတာ ေခ်ပတာေတြ႔ရပါတယ္။ ဒါေၾကာင့္ Genocide မေျမာက္တဲ့အတြက္ေၾကာင့္ ICJ အေနနဲ႔ စီရင္ပိုင္ခြင့္ မရွိဘူးလို႔လည္း ေခ်ပတာ ေတြ႔ရပါတယ္။

ဦးေဇာ္မုိးေက်ာ္ ။ ။ ဟုတ္ကဲ့ခင္ဗ် ေနာက္တခုက ဒီတရားခြင္မွာေပါ့ေလ ဘာေတြ အျပန္အလွန္ေလွ်ာက္လဲွခဲ့လဲ ၊ ဘာေတြ ဆုံးျဖတ္ခဲ့ပါသလဲခင္ဗ်ာ။

ဦးေက်ာ္ဇံသာ ။ ။ ရက္စက္ၾကမ္းၾကဳပ္တဲ့ အျပဳမူေတြ ခ်က္ခ်င္းရပ္ဖုိ႔ ၊ ေနာက္ဆက္ မျဖစ္ေအာင္ ထိမ္းသိန္းထားဖို႔၊ အမႈသည္ ႏွစ္ဖက္စလုံးက ဒီအေျခအေနကို ပိုဆိုးသြားေအာင္ မလုပ္ၾကဖို႔၊ သက္ေသ အေထာက္ထားေတြ မဖ်က္ဆီးပစ္ဖို႔ ၊ ေနာက္ဆုံးတခ်က္က ျမန္မာဖက္က ၅ လတႀကိမ္ အစီရင္ခံစာ တင္သြင္းရမယ္လို႔ ဆိုထားပါတယ္။

ဦးေက်ာ္ဇံသာေျပာဆို သြားတာျဖစ္ပါတယ္။

တကယ္တမ္းေတာ့ ႏုိင္ငံတကာ ခုံရုံးရဲ့ဆုံးျဖတ္ခ်က္ေတြဟာ မလုိက္နာမေနရ ဆုံးျဖတ္ခ်က္ေတြ မဟုတ္ဘူးလုိ႔ ဦးမင္းလြင္ဦးကေျပာဆုိပါတယ္။ ႏုိင္ငံတကာခုံရုံးမွာ အခုလုိ တင္ျပထားတဲ့ေလွ်ာက္လဲွခ်က္ေတြကုိ ျပန္လည္ရုပ္သိမ္းတာ ဒီတႀကိမ္ ပထမဆုံး ျဖစ္ေၾကာင္းနဲ့ ဒီရုပ္သိမ္းမႈနဲ့ ပတ္လုိ့ေသာ္လည္းေကာင္း၊ ျမန္မာႏုိင္ငံ ကုိယ္စားျပဳခြင့္နဲ့ ေသာ္လည္းေကာင္း ႏုိင္ငံတကာ ခုံရုံးက အဆုံးအျဖတ္ေပးရမွာ ျဖစ္တယ္လုိ့ လူ့အခြင့္အေရးေရွ့ေန ဦးမင္းလြင္ဦးက ေျပာဆုိခဲ့ပါတယ္။

===================

တိုက္႐ိုက္ လင့္ခ္

{ UNICODE }

ICJ မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် ဘယ်ဘက်က ရရှိနိုင်မလဲ

မြန်မာနိုင်ငံအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့အမှုကို လာမယ့် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့မှာ ပြန်လည်စတင် ကြားနာဖို့ရှိပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံ ကိုယ်စားပြုတက်ရောက်ခွင့်နဲ့ပတ်သက်ပြီး NUG အစိုးရကရော၊ အာဏာသိမ်းစစ် ကောင်စီဘက်ကပါ ကိုယ်စားပြုခွင့်တွေေ လျာက်တင်ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဥပဒေရှုဒေါင့် အပါအဝင် အလားအလာတချို့ကို ကိုဇော်မိုးကျော် ဆက်သွယ်မေးမြန်း စုစည်း တင်ပြထားပါတယ်။


၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်တိုက်ခိုက်မှု သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုကာ ၂၀၁၉ ခုနှစ်မှာ ဂမ်ဘီယာနိုင်ငံက တရားလိုလုပ်ပြီး ICJ နိုင်ငံတကာခုံရုံးမှာ မြန်မာနိုင်ငံအပေါ်တရားစွဲ ဆိုခဲ့ပါတယ်။ အဲဒီအချိန်က ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဖြေရှင်းခဲ့ပါတယ်။

အခုအခါ မြန်မာနိုင်ငံမှ ာစစ်တပ်က အာဏာသိမ်းခဲ့တဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကို ကိုယ်စားပြပြီး ICJ နိုင်ငံတကာခုံရုံးမှ ာတက်ရောက်ဖို့ကိစ္စမှာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရာ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို အခြေခံထားတဲ့ NUG အစိုးရနဲ့ အာဏာသိမ်း စစ်ကောင်စီတို့ကြားအပြိုင်အဆိုင် ကြိုးပမ်းမှုတွေ ရှိနေပါတယ်။ ဒီလို အခြေအနေမှာ နိုင်ငံတကာဥပဒေတွေနဲ့ နိုင်ငံတကာ ခုံရုံးရဲ့လုပ်ထုံးလုပ်နည်းတွေအရ ဘယ်လို အလားအလာတွေ ရှိပါသလဲလို့ လူ့အခွင့်ရေးရှေ့နေ ဦးမင်းလွင်ဦးကို မေးကြည့်တဲ့အခါ အခုလို ဖြေပါတယ်။

" နိုင်ငံတကာ တရားရုံးက နိုင်ငံတော်ပေါ်မှာ တရားစွဲထားတာ ဖြစ်ပါတယ်။ နိုင်ငံတော် ဆိုတာကတော့ လူဦးရေ ရှိရမယ်၊ နယ်နမိတ် ရှိရမယ်၊ အချုပ်ခြာ အာဏာပိုင်ရမယ် စတဲ့အချက်တွေ ပါဝင်မှ နိုင်ငံတော်လို့ ခေါ်တာ။ အခုကိစ္စမှာကျတော့ စစ်ကောင်စီဖက်က နယ်မြေပိုင်စိုးမှု ရှိတယ်။ အုပ်ချုပ်တဲ့ လူဦးရေ ရှိနေတယ် အချုပ်အခြာအာဏာလည်း အသင့်တင့် ရှိနေတယ်။ နိုင်ငံတကာက အသိမှတ် မပြုပေမဲ့လည်း အစိုးရတရပ်မျိုး အသွင်ဆောင်နေတဲ့ ကိစ္စဖြစ်နေတဲ့အတွက် စစ်ကောင်စီဖက်အတွက် ပိုအလေးသာနိုင်တယ်လို့ ကျနော် မြင်မိပါတယ်။"

အာဏာသိမ်း စစ်ကောင်စီဘက်က သတ်မှတ်ချက်တွေဖြစ်တဲ့ အချုပ်အခြာအာဏာ၊ နယ်မြေ၊ လူဦးရေ၊ အစိုးရ ဆိုတာတွေရှိတယ်လို့ ပြောဆိုထားပေမယ့်၊ NUG အစိုးရဘက်ကလည်း သူတို့မှာ တရားဝင်မှု ရှိတဲ့အတွက် ကိုယ်စားပြုခွင့်ရှိတယ်လို့ ဖေဖေါ်ဝါရီလ ၂ ရက်နေ့က VOA နဲ့ဆက်သွယ်မေးမြန်းစဉ် NUG ရဲ့နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုခဲ့ပါတယ်။

" အာဏာသိမ်း စစ်ခေါင်းဆောင်က ပြည်သူကို ဘယ်လိုမှ ကိုယ်စားပြုခွင့် မရှိဘူး။ ICJ မှာက နိုင်ငံကို တရားစွဲတာ ဖြစ်တယ်။ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူကို ကိုယ်စားပြုတဲ့ အစိုးရကပဲ ကိုယ်စားပြုရမှာ ဖြစ်တယ်။"

NUG အစိုးရဘက်ကလည်း တရားဝင်မှု ရှိတဲ့အတွက် သူတို့အနေနဲ့ ကိုယ်စားပြုခွင့် ရှိတယ်လို့ ပြောဆိုထားပါတယ်။ ဒီအပေါ်မှာရောဘယ်လိုမြင်ပါသလဲ ဦးမင်းလွင်ဦးခင်ဗျ။

ဦးမင်းလွင်ဦး ။ ။ ဟုတ်ပါတယ် NUG အစိုးရကနေပြီး ပြည်သူကို ကိုယ်စားပြုတယ်ဆိုတဲ့ အနေနဲ့ တင်ထားတာ ကျနော်တို့ တွေ့ရပါတယ်။ ဒီနေရာမှာ ICJ က ဆုံးဖြတ်လိုက်တဲ့ ကိစ္စကို နောက်ဆက်တွဲ အကောင်ထည်ဖေါ်ရမယ့် အခါမျိုးမှာ ပြည်တွင်း တရားစီရင်ရေးဟာ အားကိုးလို့ မရနိုင်တော့တဲ့အတွက် နိုင်ငံတကာ ခုံရုံးတခုကပဲ အပြစ်ကျူးလွန်သူတွေပေါ် စီရင်ဆုံးဖြတ်ပေးဖို့ဆိုတဲ့ လမ်းကြောင်းဖက် တချက်ခုတ် နှစ်ချက်ပြတ် NUG က သွားလိုဟန်ရှိပါတယ်။

ဦးဇော်မိုးကျော် ။ ။ တခုမေးချင်တာက နိုင်ငံတကာခုံရုံးက ဆုံးဖြတ်ချမှတ်တာတွေရှိပါတယ်။ ၂၀၁၉ တုန်းကလည်းရှိခဲ့ပါတယ်။ အခုလည်း နောက်ထပ်ချမှတ်မှုတွေ လုပ်မယ်ဆိုရင် ဒီနောက်ဆက်တွဲတွေအပေါ်မှာ အကောင်အထည်ဖေါ်နိုင်မယ့် အခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဦးမင်းလွင်ဦး ။ ။ ကြားကာလ အစီအမံ အနေနဲ့ အချက်(၄)ချက် ချမှတ်ထားတာ ရှိတယ်။ အဲဒါတွေကို ဆက်လက် အကောင်ထည်ဖေါ်ဖို့ ဆိုရင်တော့ ကျနော်တို့ ကြိုက်ကြိုက် မကြိုက်ကြိုက် လက်ရှိ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိနေတဲ့အတွက် ဒါတွေကိုပဲ အလေးထားပြီးတော့ စီမံဆောင်ရွက်သွားလိမ့်မယ်လို့ ကျနော် မြင်ပါတယ်။

ဦးဇော်မိုးကျော် ။ ။ ဆိုတော့ NUG အစိုးရ အနေနဲ့ရော ဒါတွေကို လုပ်နိုင်တဲ့အခြေအနေမရှိဘူးလား။

ဦးမင်းလွင်ဦး ။ ။ လောလောဆယ် အခြေအနေအရ အလားအလာ နည်းတယ်လို့ပဲ မြင်ပါတယ်။

တရားရုံက ချမှတ်တဲ့ ကိစ္စရပ်တွေကို အကောင်အထည်ဖေါ်ဖို့ရာ ထိန်းချုပ် လုပ်ဆောင်နိုင်တဲ့ယန္တရားတွေ လိုအပ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် The Hage မြို့မှာပြုလုပ်ခဲ့တဲ့ ICJ နိုင်ငံတကာခုံရုံးမှ ာဘာတွေ ဆုံးဖြတ်ခဲ့ပါသလဲ။ ဘာတွေ လျှောက်လဲှခဲ့ပါသလဲ။ အဲဒီတုန်းက The Hage မြို့ကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ VOA အကြီးတန်း အယ်ဒီတာ ဦးကျော်ဇံသာကို မေးကြည့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဂမ်ဘီယာနိုင်ငံက အချက်(၅)ချက် လျှောက်ထားတာပါ။ မြန်မာနိုင်ငံသည် လူမျိုးတုန်းသုတ်သင်ရှင်းလင်းမှုလို့ ခေါ်တဲ့ ကုလ သဘောတူညီမှုကို ကျူးလွန် ဖေါက်ဖျက်တယ်။ တနည်းအားဖြင့်လူမျိုးတုန်းသုတ်သင်ရှင်းလင်းမှု ကျူးလွန်တယ်ဆိုတာ ICJ အနေနဲ့ အဆုံးဖြတ်ပေးပြီး ကြေညာဖို့ဆိုတဲ့အချက် ပါပါတယ်။ နောက်တချက်က ဒီလို မတော်မတရား လုပ်ဆောင်နေတာတွေကို ချက်ချင်း ရပ်ဆိုင်းပေဖို့ ၊ ၃ က ကျူးလွန်သူတွေကို နိုင်ငံတကာအဆင့် စစ်ဆေး အရေးယူဖို့၊ ၄ က နစ်နာသူတွေအတွက် လျှော်ကြေးပေးဖို့၊ ၅ က ဒီလူတွေကို ဂုဏ်သိက္ခာရှိရှိ လုံခြုံစွာ ပြန်ခွင့်ပေးဖို့ ဖြစ်ပါတယ်။ ဂမ်ဘီယာဖက်ကတော့ အထောက်ထား အချက်လက်ပေါင်း များစွာကို တင်ပြပါတယ်။ မြန်မာဖက်က ခုခံတဲ့အခါမှာတော့ ဂမ်ဘီယာနိုင်ငံဟာ နစ်နာတဲ့ နိုင်ငံ မဟုတ်ဘူး။ OIC က စုပေါင်းထောက်ပံ့တဲ့ အတွက်ကြောင့် တရားစွဲခြင်းသာ ဖြစ်တယ်။ ဒါကြောင့် ဂမ်ဘီယာက တရားစွဲခွင့် မရှိဘူးလို့ မြန်မာဖက်က ချေပပါတယ်။ နောက်တခုက ICJ အနေနဲ့လည်း Genocide မြောက်တဲ့အမှုကိုသာလျှင် စီရင်ပိုင်ခွင့် ရှိတာ။ အခုအမှုမှာတော့ လူသားတွေပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေ မှန်သော်လည်းပဲ၊ လူမျိုးတုန်း သတ်ဖြတ်ရှင်းလင်းမှု မဟုတ်ဘူးဆိုတာ ချေပတာတွေ့ရပါတယ်။ ဒါကြောင့် Genocide မမြောက်တဲ့အတွက်ကြောင့် ICJ အနေနဲ့ စီရင်ပိုင်ခွင့် မရှိဘူးလို့လည်း ချေပတာ တွေ့ရပါတယ်။

ဦးဇော်မိုးကျော် ။ ။ ဟုတ်ကဲ့ခင်ဗျ နောက်တခုက ဒီတရားခွင်မှာပေါ့လေ ဘာတွေ အပြန်အလှန်လျှောက်လဲှခဲ့လဲ ၊ ဘာတွေ ဆုံးဖြတ်ခဲ့ပါသလဲခင်ဗျာ။

ဦးကျော်ဇံသာ ။ ။ ရက်စက်ကြမ်းကြုပ်တဲ့ အပြုမူတွေ ချက်ချင်းရပ်ဖို့ ၊ နောက်ဆက် မဖြစ်အောင် ထိမ်းသိန်းထားဖို့၊ အမှုသည် နှစ်ဖက်စလုံးက ဒီအခြေအနေကို ပိုဆိုးသွားအောင် မလုပ်ကြဖို့၊ သက်သေ အထောက်ထားတွေ မဖျက်ဆီးပစ်ဖို့ ၊ နောက်ဆုံးတချက်က မြန်မာဖက်က ၅ လတကြိမ် အစီရင်ခံစာ တင်သွင်းရမယ်လို့ ဆိုထားပါတယ်။

ဦးကျော်ဇံသာပြောဆို သွားတာဖြစ်ပါတယ်။

တကယ်တမ်းတော့ နိုင်ငံတကာ ခုံရုံးရဲ့ဆုံးဖြတ်ချက်တွေဟာ မလိုက်နာမနေရ ဆုံးဖြတ်ချက်တွေ မဟုတ်ဘူးလို့ ဦးမင်းလွင်ဦးကပြောဆိုပါတယ်။ နိုင်ငံတကာခုံရုံးမှာ အခုလို တင်ပြထားတဲ့လျှောက်လဲှချက်တွေကို ပြန်လည်ရုပ်သိမ်းတာ ဒီတကြိမ် ပထမဆုံး ဖြစ်ကြောင်းနဲ့ ဒီရုပ်သိမ်းမှုနဲ့ ပတ်လို့သော်လည်းကောင်း၊ မြန်မာနိုင်ငံ ကိုယ်စားပြုခွင့်နဲ့ သော်လည်းကောင်း နိုင်ငံတကာ ခုံရုံးက အဆုံးအဖြတ်ပေးရမှာ ဖြစ်တယ်လို့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG