သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းျပႆနာအေပၚကန္ပါတီ ၂ ခုရဲ႕သေဘာထား


ရုရွားသမၼတ Vladimir Putin (Sept. 13, 2018)

[[ ZAWGYI ]]

ယူကရိန္းျပႆနာအေပၚကန္ပါတီ ၂ ခုရဲ႕သေဘာထား

ယူကရိန္းအေရးေၾကာင့္ အေမရိကန္က အဓိကပါတီႀကီး ၂ ခုျဖစ္တဲ့ ရီပတ္ဘလစ္ကန္နဲ႔ ဒီမုိကရက္ၾကား ရွားရွားပါးပါး ညီညြတ္မႈ ရေနၾကၿပီး ႐ုရွားသမၼတ Vladimir Putin ရဲ႕ ရန္လုိတဲ့ လုပ္ရပ္ကုိ ႀကံ့ႀကံ့ခုိင္ ရင္ဆုိင္ဖုိ႔လည္း လက္ခံထားၾကပါတယ္။

ဒါေပမဲ့လည္း သမၼတေဟာင္း Donald Trump ရဲ႕ ႐ုရွားအေပၚ ရပ္တည္ခ်က္ကုိ ေထာက္ခံသူ ရီပတ္ဘလစ္ကန္ ကုိယ္စားလွယ္ တခ်ဳိ႕ကေတာ့ ယူကရိန္းနဲ႔ ပတ္သက္လုိ႔ ႐ုရွားသမၼတရဲ႕ လုိလားခ်က္ေတြကုိ လက္မခံတဲ့ သမၼတ Joe Biden အေပၚ ေ၀ဖန္ခဲ့ၾကသလုိ၊ ႐ုရွားအေနနဲ႔ ယူကရိန္းကုိ က်ဳးေက်ာ္ပုိင္ခြင့္ ရွိတယ္ဆုိၿပီး အလြန္အကၽြံ ေျပာသူေတြလည္း ရွိပါတယ္။

သမၼတဘုိင္ဒင္ရဲ႕ ဒီမုိကရက္ပါတီက progressive ကုိယ္စားလွယ္ တခ်ဳိ႕ကေတာ့ စစ္ေရးအရ ေျဖရွင္းလုိ႔ ေျပလည္မႈ မရႏုိင္ဘူးဆုိၿပီး သတိေပးေနၾကပါတယ္။ အေမရိကန္တပ္ေတြ ျပန္႐ုပ္သိမ္းၿပီး၊ အာဖဂနစၥတန္ႏုိင္ငံကုိ တာလီဘန္ေတြ သိမ္းပုိက္လုိက္တဲ့ အျဖစ္အပ်က္ေတြ အေမရိကန္လူထုၾကား မေမ့ေပ်ာက္ႏုိင္ေသးတဲ့ အခ်ိန္မွာ အေမရိကန္က လက္၀ဲ၊ လက္ယာ ႏုိင္ငံေရးသမားေတြ ဥေရာပမွာ စစ္ေရးအရ ပါ၀င္ပတ္သက္ရမယ့္အေရး ေရွာင္ရွားႏုိင္ဖုိ႔ ႀကိဳးပမ္းေနၾကတာပါ။ သမၼတ ဘုိင္ဒင္ကေတာ့ ယူကရိန္းကုိ အေမရိကန္တပ္ေတြ ေစလႊတ္မွာ မဟုတ္ဘဲ စစ္ေရးအကူအညီသာ ေပးမွာျဖစ္ေၾကာင္း အႀကိမ္ႀကိမ္ ေျပာဆုိထားပါတယ္။

ရီပတ္ဘလစ္ကန္နဲ႔ ဒီမုိကရက္ လႊတ္ေတာ္ကုိယ္စားလွယ္ အမ်ားစုကေတာ့ ယူကရိန္းရဲ႕ ဒီမုိကေရစီစနစ္ကုိ အကာအကြယ္ေပးမယ့္ သမၼတဘုိင္ဒင္ အစုိးရရဲ႕ ရပ္တည္ခ်က္ကုိ ေထာက္ခံထားၾကတာပါ။ မၾကာေသးခင္က လူထုသေဘာထား စစ္တမ္းတခုမွာေတာ့ ယူကရိန္းအေရး ေျဖရွင္းရာမွာ အေမရိကန္က ၀င္မပါဖုိ႔ သေဘာထားေပးသူ တ၀က္ေက်ာ္က ေထာက္ခံခဲ့ၾကပါတယ္။

ေဖေဖာ္၀ါရီလ ၈ ရက္ေန႔ကေန ၁၁ ရက္ေန႔အထိ ေကာက္ယူခဲ့တဲ့ CBS News နဲ႔ YouGov ပူးတဲြစစ္တမ္းမွာ ၅၄ ရာခုိင္ႏႈန္းက အေမရိကန္ ၀င္မပါဖုိ႔ သေဘာထားေပးခဲ့ၾကၿပီး၊ ၄၃ ရာခုိင္ႏႈန္းက ယူကရိန္းကုိ ေထာက္ခံခဲ့ၾကသလုိ၊ ႐ုရွားကုိ ေထာက္ခံသူက ၄ ရာခုိင္ႏႈန္း ရွိခဲ့တာပါ။ ဒီစစ္တမ္းမွာပဲ ရီပတ္ဘလစ္ကန္နဲ႔ သီးျခားလြတ္လပ္သူေတြ အမ်ားစုျဖစ္တဲ့ မဲေပးခြင့္ရွိသူေတြရဲ႕ ၂၀ ရာခုိင္ႏႈန္းက သမၼတဘုိင္ဒင္ အစုိးရရဲ႕ ခ်ဥ္းကပ္ပုံဟာ ႐ုရွားအေပၚ ရန္လုိလြန္းတယ္လုိ႔ သေဘာထားေပးခဲ့ၾကပါတယ္။

ယူကရိန္းျပႆနာအေပၚကန္ပါတီ ၂ ခုရဲ႕သေဘာထား
please wait

No media source currently available

0:00 0:01:03 0:00
တိုက္႐ိုက္ လင့္ခ္

= = = = = = = = = = =

{{ UNICODE }}

ယူကရိန်းပြဿနာအပေါ်ကန်ပါတီ ၂ ခုရဲ့သဘောထား

ယူကရိန်းအရေးကြောင့် အမေရိကန်က အဓိကပါတီကြီး ၂ ခုဖြစ်တဲ့ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်ကြား ရှားရှားပါးပါး ညီညွတ်မှု ရနေကြပြီး ရုရှားသမ္မတ Vladimir Putin ရဲ့ ရန်လိုတဲ့ လုပ်ရပ်ကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ဖို့လည်း လက်ခံထားကြပါတယ်။

ဒါပေမဲ့လည်း သမ္မတဟောင်း Donald Trump ရဲ့ ရုရှားအပေါ် ရပ်တည်ချက်ကို ထောက်ခံသူ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် တချို့ကတော့ ယူကရိန်းနဲ့ ပတ်သက်လို့ ရုရှားသမ္မတရဲ့ လိုလားချက်တွေကို လက်မခံတဲ့ သမ္မတ Joe Biden အပေါ် ဝေဖန်ခဲ့ကြသလို၊ ရုရှားအနေနဲ့ ယူကရိန်းကို ကျုးကျော်ပိုင်ခွင့် ရှိတယ်ဆိုပြီး အလွန်အကျွံ ပြောသူတွေလည်း ရှိပါတယ်။

သမ္မတဘိုင်ဒင်ရဲ့ ဒီမိုကရက်ပါတီက progressive ကိုယ်စားလှယ် တချို့ကတော့ စစ်ရေးအရ ဖြေရှင်းလို့ ပြေလည်မှု မရနိုင်ဘူးဆိုပြီး သတိပေးနေကြပါတယ်။ အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းပြီး၊ အာဖဂနစ္စတန်နိုင်ငံကို တာလီဘန်တွေ သိမ်းပိုက်လိုက်တဲ့ အဖြစ်အပျက်တွေ အမေရိကန်လူထုကြား မမေ့ပျောက်နိုင်သေးတဲ့ အချိန်မှာ အမေရိကန်က လက်ဝဲ၊ လက်ယာ နိုင်ငံရေးသမားတွေ ဥရောပမှာ စစ်ရေးအရ ပါဝင်ပတ်သက်ရမယ့်အရေး ရှောင်ရှားနိုင်ဖို့ ကြိုးပမ်းနေကြတာပါ။ သမ္မတ ဘိုင်ဒင်ကတော့ ယူကရိန်းကို အမေရိကန်တပ်တွေ စေလွှတ်မှာ မဟုတ်ဘဲ စစ်ရေးအကူအညီသာ ပေးမှာဖြစ်ကြောင်း အကြိမ်ကြိမ် ပြောဆိုထားပါတယ်။

ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် လွှတ်တော်ကိုယ်စားလှယ် အများစုကတော့ ယူကရိန်းရဲ့ ဒီမိုကရေစီစနစ်ကို အကာအကွယ်ပေးမယ့် သမ္မတဘိုင်ဒင် အစိုးရရဲ့ ရပ်တည်ချက်ကို ထောက်ခံထားကြတာပါ။ မကြာသေးခင်က လူထုသဘောထား စစ်တမ်းတခုမှာတော့ ယူကရိန်းအရေး ဖြေရှင်းရာမှာ အမေရိကန်က ဝင်မပါဖို့ သဘောထားပေးသူ တဝက်ကျော်က ထောက်ခံခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကောက်ယူခဲ့တဲ့ CBS News နဲ့ YouGov ပူးတွဲစစ်တမ်းမှာ ၅၄ ရာခိုင်နှုန်းက အမေရိကန် ဝင်မပါဖို့ သဘောထားပေးခဲ့ကြပြီး၊ ၄၃ ရာခိုင်နှုန်းက ယူကရိန်းကို ထောက်ခံခဲ့ကြသလို၊ ရုရှားကို ထောက်ခံသူက ၄ ရာခိုင်နှုန်း ရှိခဲ့တာပါ။ ဒီစစ်တမ်းမှာပဲ ရီပတ်ဘလစ်ကန်နဲ့ သီးခြားလွတ်လပ်သူတွေ အများစုဖြစ်တဲ့ မဲပေးခွင့်ရှိသူတွေရဲ့ ၂၀ ရာခိုင်နှုန်းက သမ္မတဘိုင်ဒင် အစိုးရရဲ့ ချဉ်းကပ်ပုံဟာ ရုရှားအပေါ် ရန်လိုလွန်းတယ်လို့ သဘောထားပေးခဲ့ကြပါတယ်။

XS
SM
MD
LG