[[ ZAWGYI ]]
ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္မယ္႔ အလားအလာ လြန္စြာျမင္႔မားလာၿပီ (သမၼတ Biden)
ယူကရိန္းအေပၚ ႐ုရွားက မၾကာခင္ရက္ေတြအတြင္း က်ဳးေက်ာ္တုိက္ခုိက္ႏုိင္တဲ့ အလားအလာေတြ ျမင့္မားေနဆဲ ျဖစ္ေၾကာင္း အေမရိကန္သမၼတ Joe Biden က ေျပာလုိက္ပါတယ္။
“တုိက္ခုိက္ဖုိ႔ အေၾကာင္းျပႏုိင္မယ့္ လုပ္ႀကံဖန္တီးမႈေတြ ရွိေနတယ္လုိ႔ ယုံၾကည္ေလာက္တဲ့ အေၾကာင္းရင္းေတြ ရွိေနပါတယ္။ ေတြ႔ျမင္ေနရတဲ့ အေျခအေနအရ ယူကရိန္းကုိ က်ဳးေက်ာ္ တုိက္ခုိက္ဖုိ႔လည္း ျပင္ဆင္ေနပါတယ္။” လုိ႔ သမၼတဘုိင္ဒင္က ၾကာသပေတးေန႔မွာ သတင္းေထာက္ေတြကုိ ေျပာလုိက္တာပါ။
တုိက္ခုိက္မႈဟာ မၾကာခင္ရက္ေတြအတြင္း ျဖစ္ႏုိင္တယ္လုိ႔ ခန္႔မွန္းရေၾကာင္းလည္း ေျပာပါတယ္။ ဒါေပမဲ့လည္း ေျမာက္အတၱလန္တိတ္စာခ်ဳပ္အဖဲြ႔ (NATO) ရဲ႕ မစ္ဇုိင္းဒုံးေတြ အေရွ႕ဥေရာပမွာ စစ္ေရးေလ့က်င့္မႈေတြအေပၚ ႐ုရွားရဲ႕ စုိးရိမ္မႈေတြ ေလ်ာ့က်ေစဖုိ႔ သံတမန္ေရးနည္းလမ္းနဲ႔ အေျဖရွာႏုိင္ေသးတယ္လုိ႔ ယုံၾကည္ထားဆဲ ျဖစ္ေၾကာင္းလည္း သမၼတဘုိင္ဒင္က ေျပာပါတယ္။
ယူကရိန္းအပါအ၀င္ တခ်ိန္က ဆုိဗီယက္ယူနီယံမွာ ပါ၀င္ခဲ့ၾကတဲ့ ႏုိင္ငံေတြကုိ NATO အဖဲြ႔မွာ လက္မခံဖုိ႔ ႐ုရွားရဲ႕ ေတာင္းဆုိခ်က္ကုိေတာ့ အေနာက္မဟာမိတ္ေတြက ပယ္ခ်ထားၾကတာပါ။ တခ်ိန္တည္းမွာပဲ ေမာ္စကုိၿမိဳ႕ေတာ္က အေမရိကန္သံ႐ုံးမွာ ဒုတိယအဆင့္အျမင့္ဆုံး သံတမန္ကုိ ႐ုရွားက ႏွင္ထုတ္လုိက္ပါတယ္။
အေမရိကန္သံ႐ုံး ဒုတိယတာ၀န္ခံ Bart Gorman ကုိ ႏွင္ထုတ္တာဟာ အဓိပၸါယ္မဲ့ၿပီး၊ တင္းမာမႈေတြ ႀကီးထြားေအာင္ လုပ္ရာေရာက္တာေၾကာင့္ တုံ႔ျပန္သြားမယ္လုိ႔လည္း အေမရိကန္ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ေျပာပါတယ္။
NATO အဖဲြ႔ ကာကြယ္ေရး၀န္ႀကီး အစည္းအေ၀းအတြက္ ဘရပ္ဆဲလ္မွာ ေရာက္ေနတဲ့ အေမရိကန္ ကာကြယ္ေရး ၀န္ႀကီး Lloyd Austin ကလည္း ယူကရိန္းနယ္စပ္မွာ ႐ုရွားကေျပာေနသလုိ တပ္ေတြ ျပန္႐ုပ္တာမရွိဘဲ ထပ္တုိး ေနတာသာ ေတြ႔ရတယ္လုိ႔ ေျပာပါတယ္။
ယူကရိန္းနယ္စပ္မွာ ႐ုရွားက တပ္အင္အား ၁ သိန္းခဲြေလာက္ ျဖန႔္ခ်ထားၿပီး၊ ဒီလုပ္ရပ္ေတြဟာ အေၾကာင္းမဲ့ မဟုတ္ဘူးလုိ႔လည္း ေျပာဆုိခဲ့တာပါ။ ႐ုရွားသမၼတ Vladimir Putin အေနနဲ႔ စစ္တုိက္ဖုိ႔လမ္းကုိ ေရြးခ်ယ္ခဲ့မယ္ ဆုိရင္ ေနာက္ဆက္တဲြ ႀကံဳရမယ့္ ဒုကၡေတြ၊ ေပးဆပ္မႈေတြ အတြက္လည္း တာ၀န္ယူရလိမ့္မယ္လုိ႔ အေမရိကန္ ကာကြယ္ေရး ၀န္ႀကီးက သတိေပးခဲ့ပါတယ္။
= = = = = = = =
{{ UNICODE }}
ယူကရိန်းကို ရုရှားကျူးကျော်မယ့် အလားအလာ လွန်စွာမြင့်မားလာပြီ (သမ္မတ Biden)
ယူကရိန်းအပေါ် ရုရှားက မကြာခင်ရက်တွေအတွင်း ကျုးကျော်တိုက်ခိုက်နိုင်တဲ့ အလားအလာတွေ မြင့်မားနေဆဲ ဖြစ်ကြောင်း အမေရိကန်သမ္မတ Joe Biden က ပြောလိုက်ပါတယ်။
“တိုက်ခိုက်ဖို့ အကြောင်းပြနိုင်မယ့် လုပ်ကြံဖန်တီးမှုတွေ ရှိနေတယ်လို့ ယုံကြည်လောက်တဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။ တွေ့မြင်နေရတဲ့ အခြေအနေအရ ယူကရိန်းကို ကျုးကျော် တိုက်ခိုက်ဖို့လည်း ပြင်ဆင်နေပါတယ်။” လို့ သမ္မတဘိုင်ဒင်က ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။
တိုက်ခိုက်မှုဟာ မကြာခင်ရက်တွေအတွင်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းရကြောင်းလည်း ပြောပါတယ်။ ဒါပေမဲ့လည်း မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) ရဲ့ မစ်ဇိုင်းဒုံးတွေ အရှေ့ဥရောပမှာ စစ်ရေးလေ့ကျင့်မှုတွေအပေါ် ရုရှားရဲ့ စိုးရိမ်မှုတွေ လျော့ကျစေဖို့ သံတမန်ရေးနည်းလမ်းနဲ့ အဖြေရှာနိုင်သေးတယ်လို့ ယုံကြည်ထားဆဲ ဖြစ်ကြောင်းလည်း သမ္မတဘိုင်ဒင်က ပြောပါတယ်။
ယူကရိန်းအပါအဝင် တချိန်က ဆိုဗီယက်ယူနီယံမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံတွေကို NATO အဖွဲ့မှာ လက်မခံဖို့ ရုရှားရဲ့ တောင်းဆိုချက်ကိုတော့ အနောက်မဟာမိတ်တွေက ပယ်ချထားကြတာပါ။ တချိန်တည်းမှာပဲ မော်စကိုမြို့တော်က အမေရိကန်သံရုံးမှာ ဒုတိယအဆင့်အမြင့်ဆုံး သံတမန်ကို ရုရှားက နှင်ထုတ်လိုက်ပါတယ်။
အမေရိကန်သံရုံး ဒုတိယတာဝန်ခံ Bart Gorman ကို နှင်ထုတ်တာဟာ အဓိပ္ပါယ်မဲ့ပြီး၊ တင်းမာမှုတွေ ကြီးထွားအောင် လုပ်ရာရောက်တာကြောင့် တုံ့ပြန်သွားမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
NATO အဖွဲ့ ကာကွယ်ရေးဝန်ကြီး အစည်းအဝေးအတွက် ဘရပ်ဆဲလ်မှာ ရောက်နေတဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Lloyd Austin ကလည်း ယူကရိန်းနယ်စပ်မှာ ရုရှားကပြောနေသလို တပ်တွေ ပြန်ရုပ်တာမရှိဘဲ ထပ်တိုး နေတာသာ တွေ့ရတယ်လို့ ပြောပါတယ်။
ယူကရိန်းနယ်စပ်မှာ ရုရှားက တပ်အင်အား ၁ သိန်းခွဲလောက် ဖြန့်ချထားပြီး၊ ဒီလုပ်ရပ်တွေဟာ အကြောင်းမဲ့ မဟုတ်ဘူးလို့လည်း ပြောဆိုခဲ့တာပါ။ ရုရှားသမ္မတ Vladimir Putin အနေနဲ့ စစ်တိုက်ဖို့လမ်းကို ရွေးချယ်ခဲ့မယ် ဆိုရင် နောက်ဆက်တွဲ ကြုံရမယ့် ဒုက္ခတွေ၊ ပေးဆပ်မှုတွေ အတွက်လည်း တာဝန်ယူရလိမ့်မယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက သတိပေးခဲ့ပါတယ်။