သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚလာေစ်းတက္ ေဆးဝယ္ခက္


Photo Credit: ျမတ္မိခင္ေဆးဆိုင္

[[ ZAWGYI ]]

ေဒၚလာေစ်းတက္ ေဆးဝယ္ခက္

ျမန္မာႏိုင္ငံမွာ အဝယ္မ်ားတဲ့ ေဆးဝါးေတြ ေစ်းတက္ေနပါတယ္။ ေဒၚလာေငြလဲႏႈန္းတက္ေနတာေၾကာင့္ အခက္ေတ႔ြေနတယ္လို႔ ေဆးတင္သြင္းသူေတြက ေျပာပါတယ္။ ကိုဗစ္ကပ္ေရာဂါကူးစက္သူ ျပန္မ်ားေနခ်ိန္ အဝယ္လိုက္တဲ့ ေဆးေတြ မျပတ္ေအာင္ ထိန္းေရာင္းေနၾကရတယ္လို႔ ေဆးလက္လီလက္ကား ေရာင္းခ်တဲ့ လုပ္ငန္းရွင္ေတြကေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကိုေတာ့ ကိုဉာဏ္ဝင္းေအာင္က ေျပာျပမွာပါ။

အေအးမိၿပီး နာမက်န္းျဖစ္သူေတြ ေသာက္ရေလ႐ွိတဲ့ ေဆးမ်ဳိးေတြ ျမန္မာႏုိင္ငံမွာ ၂ ဆနီးပါး ေစ်းတက္ေနပါတယ္။ ဒီကိုဂ်င္လို တုပ္ေကြးရာသီသုံးေဆးက ႏွစ္ဆတက္ၿပီး ၁၀လုံးတကတ္ကို က်ပ္ ၂,၀၀၀ ရွိပါတယ္။ လူသုံးမ်ားတဲ့ ပါရာစီတေမာ(ဘိုင္အိုဂ်က္ဆစ္) လို ေဆးက မႏွစ္က ဆယ္လုံးတကဒ္ကို က်ပ္ ၆၀၀ ေအာက္ပဲရွိေပမဲ့ အခု ျမန္မာျပည္အထက္ပိုင္းမွာ တကဒ္ကို ၁,၅၀၀ ဝန္းက်င္ရွိတယ္လို႔ မေကြးတိုင္းက ေဆးလက္ကားျဖန႔္ျဖဴးသူတဦးက ေျပာပါတယ္။ တခ်ိဳ႕ေဆးေတြဆိုရင္ ေစ်းကြက္ထဲမွာ လိုက္ၿပီးဝယ္လို႔မရဘူးလို႔ သူကေျပာပါတယ္။

“ အစ္မတို႔ အခုဝယ္လို႔မရတာက ႏွာေစးေခ်ာင္းဆိုး ပစၥည္းေတြ သိပ္ဝယ္လို႔မရဘူး မွာလို႔မရဘူးျဖစ္သြားတယ္။ လိုအပ္တယ္ဆိုရင္ေတာ့ ဝယ္ရတာေပါ့ေလ။ ေစ်းႏႈန္းကလည္း ႏွစ္ဆနီးပါးႀကီး တက္သြားတဲ့သေဘာလို ျဖစ္တာဆိုေတာ့ေလ။ ေစ်းေရာင္းမေကာင္းဘူး၊ ဝယ္လိုအားမရွိဘူး၊ တကယ္မျဖစ္မေန အေရးႀကီးတာပဲ ဝယ္ေတာ့တာေပါ့ေနာ္။ နယ္ေတြက ပိုဆိုးတာပါေလ။”

ေဆးတိုင္း ေစ်းတက္ေနတာမ်ိဳး မဟုတ္ဘဲ ကိုဗစ္ေရာဂါကာလမွာ လူသုံးမ်ားတဲ့ေဆးေတြက ေစ်းပိုတက္လာတာလို႔ ပုသိမ္ၿမိဳ႕က ေမတၱာမြန္ ေဆးလက္ကားဆိုင္က ေျပာပါတယ္။

“ ေဆးေစ်းကြက္မွာ ပစၥည္းျပတ္သြားတဲ့ဟာေတြေပါ့ Decolgen ၊ Kremil-up တို႔ Biogesic တို႔ေပါ့၊ ကုမၸဏီကေတာ့ သူ႔ဖာသူ အရင္ကပုံမွန္အတိုင္း (ပစၥည္းပို႔) ခ်တာေပါ့ေနာ္၊ အခုက ဝယ္လိုအားမ်ားေတာ့ ပစၥည္းေတြ ျပတ္တာေပါ့။ လိုက္ဝယ္ရတာ နည္းနည္းေလး ခက္တာေပါ့။ ေစ်းလည္းတက္တယ္ အဲလိုမ်ိဳး။”

ေစ်းကြက္မွာ အေရးေပၚသုံးေဆးပစၥည္းေတြ ပစၥည္းျပတ္မသြားေအာင္ ျပည္ပကေန ပုံမွန္သြင္းေနေပမဲ့ ေဒၚလာေစ်း အေျပာင္းအလဲေၾကာင့္ တခ်ိဳ႕ေဆးဝါးေတြ ေစ်းႏွစ္ဆ တက္သြားတယ္လို႔ ေဆးတင္သြင္းတဲ့ လုပ္ငန္းရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

“ ပထမတုန္းက ေစ်းသိပ္မတက္ေသးတာက ေဒၚလာေစ်း၊ အေဟာင္းေတြ သူတို႔ဝယ္ထားၾကတဲ့ ပစၥည္းေတြရွိေတာ့ ထိန္းၿပီးေတာ့ သူတို႔လႊတ္တာေပါ့ေနာ္။ အခုေနာက္တသုတ္ သူတို႔ထပ္ဝယ္ရတဲ့အခါက်ေတာ့ ေဒၚလာေစ်း အသစ္ျဖစ္သြားတယ္။ ေနာက္ import ကေတာ့လြယ္တယ္၊ ဘာမွမခက္ဘူး၊ ၾကားထဲမွာ ကြန္တိန္နာ ၁ လုံး ဝင္တာေတာင္မွ ဆိပ္ကမ္းေရာက္ၿပီး ၃ ရက္ထဲနဲ႔ ကြန္တိန္နာ ထုတ္လို႔ရတယ္။”

၂၀၂၁ ခုႏွစ္ စက္တင္ဘာလတုန္းကလည္း အေမရိကန္တေဒၚလာကို ျပင္ပေစ်းကြက္မွာ ၂,၀၀၀ က်ပ္ေက်ာ္သြားတဲ့အတြက္ ေဒၚလာနဲ႔ဝယ္ယူတင္သြင္းရတဲ့ ေဆးေတြလည္း ေစ်းတက္ခဲ့ပါတယ္။ အခုလည္း ေဒၚလာေစ်းက ႀကိဳက္ေရာင္းႀကိဳက္ဝယ္ ေစ်းကြက္မွာ တေဒၚလာကို ျမန္မာက်ပ္ေငြ ၂,၀၀၀ ေလာက္ရွိေနတာပါ။

ျမန္မာႏိုင္ငံနဲ႔ အိမ္နီးခ်င္း တ႐ုတ္၊ အႏၵိယ၊ ထိုင္းစတဲ့နယ္စပ္ေတြက နယ္စပ္ဂိတ္ေတြကေန ကုန္ပစၥည္းတင္သြင္းမႈေတြကလည္း အကန္႔အသတ္နဲ႔သာ တင္သြင္းႏိုင္ပါတယ္။ အေရးေပၚသုံးအတြက္ လိုအပ္တဲ့ ေဆးနဲ႔ဆက္စပ္ပစၥည္းေတြကို အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ ညႇိႏႈိင္းၿပီး ကုန္သြယ္ေရးဌာနက တင္သြင္းခြင့္ေပးခဲ့ပါတယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံမွာ လက္နက္ကိုင္ပဋိကၡေတြ ေနရာေတာ္ေတာ္မ်ားမ်ားမွာျဖစ္ေနၿပီး လံုၿခံဳေရးအေျခအေနေၾကာင့္ နယ္စပ္ကေန ေဆးဝါးတင္သြင္းရတာ အရင္ကေလာက္ မလြယ္ကူေတာ့ဘူးလို႔ ေဆးကုန္သည္ေတြက ေျပာပါတယ္။ လက္ရွိေတာ့ ေဆးဝါးနဲ႔ ဆက္စပ္ပစၥည္းေတြကို အိမ္နီးခ်င္းႏိုင္ငံေတြကေန သေဘၤာနဲ႔ပဲ အဓိကတင္သြင္းေနရတာ ျဖစ္ပါတယ္။

ေဒၚလာေစ်းတက္ ေဆးဝယ္ခက္
please wait

No media source currently available

0:00 0:02:58 0:00
တိုက္႐ိုက္ လင့္ခ္

= = = = = = = = = =

{{ UNICODE }}

ဒေါ်လာဈေးတက် ဆေးဝယ်ခက်

မြန်မာနိုင်ငံမှာ အဝယ်များတဲ့ ဆေးဝါးတွေ ဈေးတက်နေပါတယ်။ ဒေါ်လာငွေလဲနှုန်းတက်နေတာကြောင့် အခက်တေ့ွနေတယ်လို့ ဆေးတင်သွင်းသူတွေက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါကူးစက်သူ ပြန်များနေချိန် အဝယ်လိုက်တဲ့ ဆေးတွေ မပြတ်အောင် ထိန်းရောင်းနေကြရတယ်လို့ ဆေးလက်လီလက်ကား ရောင်းချတဲ့ လုပ်ငန်းရှင်တွေကပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

အအေးမိပြီး နာမကျန်းဖြစ်သူတွေ သောက်ရလေရှိတဲ့ ဆေးမျိုးတွေ မြန်မာနိုင်ငံမှာ ၂ ဆနီးပါး ဈေးတက်နေပါတယ်။ ဒီကိုဂျင်လို တုပ်ကွေးရာသီသုံးဆေးက နှစ်ဆတက်ပြီး ၁၀လုံးတကတ်ကို ကျပ် ၂,၀၀၀ ရှိပါတယ်။ လူသုံးများတဲ့ ပါရာစီတမော(ဘိုင်အိုဂျက်ဆစ်) လို ဆေးက မနှစ်က ဆယ်လုံးတကဒ်ကို ကျပ် ၆၀၀ အောက်ပဲရှိပေမဲ့ အခု မြန်မာပြည်အထက်ပိုင်းမှာ တကဒ်ကို ၁,၅၀၀ ဝန်းကျင်ရှိတယ်လို့ မကွေးတိုင်းက ဆေးလက်ကားဖြန့်ဖြူးသူတဦးက ပြောပါတယ်။ တချို့ဆေးတွေဆိုရင် ဈေးကွက်ထဲမှာ လိုက်ပြီးဝယ်လို့မရဘူးလို့ သူကပြောပါတယ်။

“ အစ်မတို့ အခုဝယ်လို့မရတာက နှာစေးချောင်းဆိုး ပစ္စည်းတွေ သိပ်ဝယ်လို့မရဘူး မှာလို့မရဘူးဖြစ်သွားတယ်။ လိုအပ်တယ်ဆိုရင်တော့ ဝယ်ရတာပေါ့လေ။ ဈေးနှုန်းကလည်း နှစ်ဆနီးပါးကြီး တက်သွားတဲ့သဘောလို ဖြစ်တာဆိုတော့လေ။ ဈေးရောင်းမကောင်းဘူး၊ ဝယ်လိုအားမရှိဘူး၊ တကယ်မဖြစ်မနေ အရေးကြီးတာပဲ ဝယ်တော့တာပေါ့နော်။ နယ်တွေက ပိုဆိုးတာပါလေ။”

ဆေးတိုင်း ဈေးတက်နေတာမျိုး မဟုတ်ဘဲ ကိုဗစ်ရောဂါကာလမှာ လူသုံးများတဲ့ဆေးတွေက ဈေးပိုတက်လာတာလို့ ပုသိမ်မြို့က မေတ္တာမွန် ဆေးလက်ကားဆိုင်က ပြောပါတယ်။

“ ဆေးဈေးကွက်မှာ ပစ္စည်းပြတ်သွားတဲ့ဟာတွေပေါ့ Decolgen ၊ Kremil-up တို့ Biogesic တို့ပေါ့၊ ကုမ္ပဏီကတော့ သူ့ဖာသူ အရင်ကပုံမှန်အတိုင်း (ပစ္စည်းပို့) ချတာပေါ့နော်၊ အခုက ဝယ်လိုအားများတော့ ပစ္စည်းတွေ ပြတ်တာပေါ့။ လိုက်ဝယ်ရတာ နည်းနည်းလေး ခက်တာပေါ့။ ဈေးလည်းတက်တယ် အဲလိုမျိုး။”

ဈေးကွက်မှာ အရေးပေါ်သုံးဆေးပစ္စည်းတွေ ပစ္စည်းပြတ်မသွားအောင် ပြည်ပကနေ ပုံမှန်သွင်းနေပေမဲ့ ဒေါ်လာဈေး အပြောင်းအလဲကြောင့် တချို့ဆေးဝါးတွေ ဈေးနှစ်ဆ တက်သွားတယ်လို့ ဆေးတင်သွင်းတဲ့ လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

“ ပထမတုန်းက ဈေးသိပ်မတက်သေးတာက ဒေါ်လာဈေး၊ အဟောင်းတွေ သူတို့ဝယ်ထားကြတဲ့ ပစ္စည်းတွေရှိတော့ ထိန်းပြီးတော့ သူတို့လွှတ်တာပေါ့နော်။ အခုနောက်တသုတ် သူတို့ထပ်ဝယ်ရတဲ့အခါကျတော့ ဒေါ်လာဈေး အသစ်ဖြစ်သွားတယ်။ နောက် import ကတော့လွယ်တယ်၊ ဘာမှမခက်ဘူး၊ ကြားထဲမှာ ကွန်တိန်နာ ၁ လုံး ဝင်တာတောင်မှ ဆိပ်ကမ်းရောက်ပြီး ၃ ရက်ထဲနဲ့ ကွန်တိန်နာ ထုတ်လို့ရတယ်။”

၂၀၂၁ ခုနှစ် စက်တင်ဘာလတုန်းကလည်း အမေရိကန်တဒေါ်လာကို ပြင်ပဈေးကွက်မှာ ၂,၀၀၀ ကျပ်ကျော်သွားတဲ့အတွက် ဒေါ်လာနဲ့ဝယ်ယူတင်သွင်းရတဲ့ ဆေးတွေလည်း ဈေးတက်ခဲ့ပါတယ်။ အခုလည်း ဒေါ်လာဈေးက ကြိုက်ရောင်းကြိုက်ဝယ် ဈေးကွက်မှာ တဒေါ်လာကို မြန်မာကျပ်ငွေ ၂,၀၀၀ လောက်ရှိနေတာပါ။

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း တရုတ်၊ အန္ဒိယ၊ ထိုင်းစတဲ့နယ်စပ်တွေက နယ်စပ်ဂိတ်တွေကနေ ကုန်ပစ္စည်းတင်သွင်းမှုတွေကလည်း အကန့်အသတ်နဲ့သာ တင်သွင်းနိုင်ပါတယ်။ အရေးပေါ်သုံးအတွက် လိုအပ်တဲ့ ဆေးနဲ့ဆက်စပ်ပစ္စည်းတွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ ညှိနှိုင်းပြီး ကုန်သွယ်ရေးဌာနက တင်သွင်းခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိက္ခတွေ နေရာတော်တော်များများမှာဖြစ်နေပြီး လုံခြုံရေးအခြေအနေကြောင့် နယ်စပ်ကနေ ဆေးဝါးတင်သွင်းရတာ အရင်ကလောက် မလွယ်ကူတော့ဘူးလို့ ဆေးကုန်သည်တွေက ပြောပါတယ်။ လက်ရှိတော့ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို အိမ်နီးချင်းနိုင်ငံတွေကနေ သင်္ဘောနဲ့ပဲ အဓိကတင်သွင်းနေရတာ ဖြစ်ပါတယ်။

XS
SM
MD
LG