သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အရပ္သား ဆုတ္ခြာေရးနဲ႔ စာနာမႈလမ္းေၾကာင္း ဖြင္႔ေပးဖို႔ ႐ုရွား-ယူကရိန္းသေဘာတူ


( ရုရွားကိုယ္စားလွယ္အဖြဲ႔ (ဘယ္)နဲ႔ ယူကရိန္း ကုိယ္စားလွယ္အဖြဲ႔တို႔ ၂၀၂၂ ေဖေဖၚဝါရီ ၂၈ ရက္ေန႔က ေတြ႔ဆုံေဆြးေႏြးၾကစဥ္ )

[[ ZAWGYI / UNICODE ]]

အရပ္သား ဆုတ္ခြာေရးနဲ႔ စာနာမႈလမ္းေၾကာင္း ဖြင္႔ေပးဖို႔ ႐ုရွား-ယူကရိန္းသေဘာတူ


ယူကရိန္းနဲ႔ ရုရွားကိုယ္စားလွယ္ေတြၾကား ဘဲလားရုစ္ နယ္စပ္မွာ ၾကာသပေတးေန႔က ဒုတိယအႀကိမ္အျဖစ္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ျပဳလုပ္ခဲ့ၾကေၾကာင္းနဲ႔ ဒီေဆြးေႏြးပြဲကေန ႏွစ္ဘက္ လူသားခ်င္းစာနာမႈဆိုင္ရာ လမ္္းေၾကာင္းဖြင့္ဖို႔ သေဘာတူခဲ့ၾကတယ္လုိ႔ ယူကရိန္းသမၼတ Volodymyr Zelenskyy ရဲ့ အႀကံေပး Mykhailo Podolyak က ေျပာပါတယ္။

"အရပ္သားေတြကို ေဘးလြတ္ရာေရွာင္တိမ္းႏုိင္ဖုိ႔ လူသားစာနာမႈဆိုင္ရာ လမ္းေၾကာင္းကို ပူးတြဲဖြင့္ေပးဖို႔ ႏွစ္ဘက္ နားလည္မႈရခဲ့ပါတယ္။ ဒါ့အျပင္ အခုလို ေဘးလြတ္ရာ ေရွာင္တိမ္းေနခ်ိန္မွာ ယာယီ အပစ္အခတ္ရပ္စဲထားဖုိ႔ အဓိကထား ေျပာၾကားခဲ့သလို ေဆးဝါးနဲ႔ အစားအစာေတြ ေပးပို႔ဖုိ႔ပါ သေဘာတူခဲ့ၾကေၾကာင္း" ေျပာသြားတာပါ။

ႏွစ္ဘက္ေဆြးေႏြးပြဲ ဒုတိယအႀကိမ္ ၿပီးဆံုးသြားေပမယ့္ ေမွ်ာ္လင့္ထားတဲ့ ရလဒ္အထိေတာ့ မရခဲ့ေၾကာင္းလည္း ေျပာပါတယ္။ အခုအခါမွာ ယူကရိန္းႏုိင္ငံထဲက ၿမိဳ႕ အမ်ားအျပားကို ရုရွားေတြ ဝိုင္းထားတဲ့အတြက္ လူသားခ်င္းစာနာမႈဆိုင္ရာ ကိုသာ အဓိက ဦးစားေပးၿပီး သူေဆြးေႏြးခဲ့ေၾကာင္းလည္း ေျပာပါတယ္။

လက္ရွိမွာ အေရးတႀကီးလိုအပ္ေနတဲ့ လူသားခ်င္းစာနာမႈဆိုင္ရာကို သေဘာတူညီခ်က္ရခဲ့တာ ျဖစ္ေပမယ့္ တတိယအႀကိမ္ ေဆြးေႏြးပြဲဲကို အတတ္ႏို္င္ဆံုး အျမန္ျပဳလုပ္ဖို႔ သေဘာတူခဲ့ၾကသလို အဲဒီအခါမွာေတာ့ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီး အပစ္ခတ္ရပ္စဲေရးကို ဆက္လက္ေဆြးေႏြးမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

အခု လူသားခ်င္းစာနာမႈ လမ္းေၾကာင္း ဖြင့္ေရးအတြက္ အထူး ဆက္သြယ္ေရးလမ္းေၾကာင္းေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ေရး လမ္းေၾကာင္းေတြကို မၾကာခင္မွာပဲ ခ်မွတ္ေတာ့မွာ ျဖစ္ေၾကာင္းလည္း ေဆြးေႏြးပြဲ ျပဳလုပ္ရာ ဘဲလာရုစ္ နယ္စပ္ကေန သတင္းေထာက္ေတြကို ေျပာၾကားခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

====================

{{ UNICODE }}

အရပ်သား ဆုတ်ခွာရေးနဲ့ စာနာမှုလမ်းကြောင်း ဖွင့်ပေးဖို့ ရုရှား-ယူကရိန်းသဘောတူ

ယူကရိန်းနဲ့ ရုရှားကိုယ်စားလှယ်တွေကြား ဘဲလားရုစ် နယ်စပ်မှာ ကြာသပတေးနေ့က ဒုတိယအကြိမ်အဖြစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြကြောင်းနဲ့ ဒီဆွေးနွေးပွဲကနေ နှစ်ဘက် လူသားချင်းစာနာမှုဆိုင်ရာ လမ်းကြောင်းဖွင့်ဖို့ သဘောတူခဲ့ကြတယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ရဲ့ အကြံပေး Mykhailo Podolyak က ပြောပါတယ်။

"အရပ်သားတွေကို ဘေးလွတ်ရာရှောင်တိမ်းနိုင်ဖို့ လူသားစာနာမှုဆိုင်ရာ လမ်းကြောင်းကို ပူးတွဲဖွင့်ပေးဖို့ နှစ်ဘက် နားလည်မှုရခဲ့ပါတယ်။ ဒါ့အပြင် အခုလို ဘေးလွတ်ရာ ရှောင်တိမ်းနေချိန်မှာ ယာယီ အပစ်အခတ်ရပ်စဲထားဖို့ အဓိကထား ပြောကြားခဲ့သလို ဆေးဝါးနဲ့ အစားအစာတွေ ပေးပို့ဖို့ပါ သဘောတူခဲ့ကြကြောင်း" ပြောသွားတာပါ။

နှစ်ဘက်ဆွေးနွေးပွဲ ဒုတိယအကြိမ် ပြီးဆုံးသွားပေမယ့် မျှော်လင့်ထားတဲ့ ရလဒ်အထိတော့ မရခဲ့ကြောင်းလည်း ပြောပါတယ်။ အခုအခါမှာ ယူကရိန်းနိုင်ငံထဲက မြို့ အများအပြားကို ရုရှားတွေ ဝိုင်းထားတဲ့အတွက် လူသားချင်းစာနာမှုဆိုင်ရာ ကိုသာ အဓိက ဦးစားပေးပြီး သူဆွေးနွေးခဲ့ကြောင်းလည်း ပြောပါတယ်။

လက်ရှိမှာ အရေးတကြီးလိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာကို သဘောတူညီချက်ရခဲ့တာ ဖြစ်ပေမယ့် တတိယအကြိမ် ဆွေးနွေးပွဲကို အတတ်နိုင်ဆုံး အမြန်ပြုလုပ်ဖို့ သဘောတူခဲ့ကြသလို အဲဒီအခါမှာတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အပစ်ခတ်ရပ်စဲရေးကို ဆက်လက်ဆွေးနွေးမှာ ဖြစ်ကြောင်း ပြောပါတယ်။

အခု လူသားချင်းစာနာမှု လမ်းကြောင်း ဖွင့်ရေးအတွက် အထူး ဆက်သွယ်ရေးလမ်းကြောင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းတွေကို မကြာခင်မှာပဲ ချမှတ်တော့မှာ ဖြစ်ကြောင်းလည်း ဆွေးနွေးပွဲ ပြုလုပ်ရာ ဘဲလာရုစ် နယ်စပ်ကနေ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

XS
SM
MD
LG