သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်သူ ၄ သန်းအတွက် ရိက္ခာထောက်ပံ့နိုင်ဖို့ ကုလစီစဉ် (ကုလပြောခွင့်ရ Stéphane Dujarric)


တရုတ်နယ်စပ်နားက ကချင် - မိုင်ဂျာယန် (IDP) စခန်း
တရုတ်နယ်စပ်နားက ကချင် - မိုင်ဂျာယန် (IDP) စခန်း

[[ ZAWGYI/ UNICODE ]]

မြန်မာပြည်သူ ၄ သန်းအတွက် ရိက္ခာထောက်ပံ့နိုင်ဖို့ ကုလစီစဉ် (ကုလပြောခွင့်ရ Stéphane Dujarric)

မြန်မာနိုင်ငံတဝန်းမှာ ဒီနှစ်အတွင်း အနည်းဆုံးလူပေါင်း ၄ သန်းအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာကို တိုးမြှင့်ကူညီပေးရေး လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric က ပြောပါတယ်။

အခုအခါ လုံခြုံရေး၊ လူသားချင်း စာနာမှုဆိုင်ရာ လုပ်ဆောင်ပေးနိုင်မှု၊ ငွေကြေးရန်ပုံငွေနဲ့ ကိုဗစ်ကပ်ရောဂါ စတဲ့ စိန်ခေါ်မှုတွေ ရှိနေတဲ့အခြေအနေအောက် လူ ၄ ဦးမှာ ၁ ဦးဟာ အစားစာ မလုံလောက်မှု ပြဿနာနဲ့ ကြုံတွေ့ နေရတယ်လို့လည်း သူကပြောပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေမှာ လူပေါင်း (၁.၇)သန်းအတွက် အစားအစာ၊ အဟာရ တွေကို ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ဝေငှပေးခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် စစ်ရေးပဋိပက္ခတွေကြောင့် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၇ ခုမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ဒုက္ခသည်အသစ် (၅၇,၀၀၀)အတွက်လည်း စားနပ်ရိက္ခာတွေ ဝေငှပေးခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါဟာ ရှမ်းပြည်မြောက်ပိုင်း၊ ကချင်နဲ့ ရခိုင်ပြည်နယ် နယ်စပ်ဒေသ တလျောက်က ကလေးသူငယ်၊ အမျိုးသားနဲ့ အမျိုးသမီး စုစုပေါင်း ၃သိန်း ၆ သောင်းအတွက် ပုံမှန် အစားအစာနဲ့ ငွေကြေး ထောက်ပံ့မှုအပြင် ထပ်ဆောင်း အကူအညီ ပေးခဲ့တာဖြစ်တယ်လို့ သူကပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

=====================

{{ UNICODE }}






XS
SM
MD
LG