သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လက္နက္ကိုင္ပဋိပကၡၾကား အမ်ိဳးသမီးသတင္းေထာက္ အေတြ႕အႀကဳံ


“က်ေနာ္တို႔က လက္ရွိ အေျခအေနကာလကို ရွင္းျပတယ္။ ဒီကာလမွာ က်ေနာ္တို႔ မီဒီယာကဒ္ကိုင္ဖို႔ ဘယ္လိုမွ အဆင္မေျပႏိုင္ဘူးေပါ့ေနာ္။ ဒါေၾကာင့္မိုလို႔ ဒီမွာလာၿပီး ခိုလုံတာပါ။ Myanmar Now နဲ႔ DVB ဆိုတာက အေစာကတည္းက ပိတ္သိမ္းခံရတဲ့ သတင္းဌာန ျဖစ္တယ္ေပါ့။" - Myanmar Now အလြတ္သတင္းေထာက္ မျမတ္မိုးသူ

[Zawgyi/Unicode]

ကယားျပည္နယ္ (ကရင္နီေဒသ) မွာ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔က သူနဲ႔အတူ DVB သတင္းေထာက္ ကိုခြန္ေဇာ္ဦးနဲ႔ လူငယ္ေက်ာင္းသူ တဦးတို႔ ေဒသခံ လက္နက္ကိုင္အဖြဲ႕ Karenni Generation Z (KZG) က ေနအိမ္မွာ လာေရာက္ ဖမ္းဆီးတာ ခံခဲ့ရၿပီး ႐ိုက္ႏွက္ ညႇင္းပမ္းခံခဲ့ ရတယ္လို႔ Myanmar Now သတင္းဌာန အလြတ္သတင္းေထာက္ မျမတ္မိုးသူက ေျပာပါတယ္။ သတင္းေထာက္ေတြလို႔ ေျပာေပမဲ့ လက္မခံဘဲ ဒလန္အျဖစ္ စြပ္စြဲၿပီး လက္နက္သုံး ညႇင္းပမ္း ႏွိပ္စက္တာ ခံရတယ္လို႔ မျမတ္မိုးသူက ေျပာပါတယ္။ KGZ အဖြဲ႕ကေတာ့ ဖမ္းဆီးခံရသူေတြ ဘက္က ေျပာသလို ဆိုးဆိုး႐ြား႐ြား ႐ိုက္ႏွက္ခဲ့တာ မရွိဘူးလို႔ ထုတ္ျပန္ ထားပါတယ္။ မျမတ္မိုးသူ ကေတာ့ သူတို႔လို သတင္းသမားေတြ အတြက္ စစ္ေကာင္စီ တပ္ဖြဲ႕ေတြသာမက လက္နက္ကိုင္ အဖြဲ႕တခ်ိဳ႕ရဲ႕ ၿခိမ္းေျခာက္မႈကိုပါ ႀကဳံလာရတာမို႔ ရပ္တည္ရွင္သန္ေရး ပိုမို ခက္ခဲလာတယ္လို႔ ေျပာပါတယ္။ မျမတ္မိုးသူကို ဆက္သြယ္ ေမးျမန္းၿပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။

ဒီျဖစ္ရပ္မွာ ဖမ္းဆီးခံရသူေတြ ဘက္က ေျပာတာနဲ႔ KGZ အဖြဲ႕ဘက္က တုံ႔ျပန္တာမွာ ကြဲလြဲေနတာတခ်ိဳ႕ ရွိေနတာ ေတြ႕ရပါတယ္။ ဆိုေတာ့ ကိုယ္တိုင္ ႀကဳံေတြ႕ခဲ့သူ တေယာက္ အေနနဲ႔ အခုျဖစ္ရပ္ကို အမွန္ကန္ဆုံး အရွင္းလင္းဆုံး၊ လိုတိုရွင္း ဘယ္လိုမ်ား ေျပာျပႏိုင္ပါမလဲ။

“ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔ ည ၈ နာရီခြဲ ဝန္းက်င္က က်ေနာ္တို႔အိမ္ကို တံခါးလာေခါက္တယ္။ ေသနတ္ေတြနဲ႔ ဝိုင္းခ်ိန္ထားတယ္။ လူ အေယာက္ ၂၀ ေလာက္ လာတယ္။ က်ေနာ္တို႔ေဘးနား ေရာက္လာတာ ၅ ေယာက္ေလာက္ရွိတယ္။ တံခါးဖြင့္ေပးလိုက္ၿပီးတဲ့ေနာက္ က်ေနာ္တို႔ကို ေသနတ္နဲ႔ခ်ိန္ထားၿပီး စစ္တဲ့သူက ေလး-ငါးေယာက္ စစ္တယ္။ အိမ္ထဲကိုလည္း ေလး-ငါးေယာက္ ဝင္သြားတယ္။ ကားနဲ႔ က်ေနာ္တို႔ေနတဲ့ ၿခံထဲကို ပတ္ေနတဲ့သူကလည္း ေလး-ငါး-ဆယ္ေယာက္ေလာက္ ဝင္သြားတယ္။ က်ေနာ္တို႔က သတင္းေထာက္ပါ။ ဘာအေၾကာင္းရွိလို႔ စစ္ေဆးခ်င္တာလဲ ေမးေတာ့ စစ္ေဆးဖို႔လိုတယ္ ေျပာတယ္။ အဲ့ေတာ့ ဟုတ္ကဲ့ပါ စစ္ေဆးပါေပါ့။ ဒါေပမဲ့ ဘယ္အဖြဲ႕လဲ က်ေနာ္တို႔ကို လာစစ္တာ။ ၾကည့္လိုက္တဲ့အခ်ိန္မွာ ဘတ္တံဆိပ္လည္း မပါဘူး။ ဘာျဖစ္လို႔ လာစစ္သလဲလို႔ေမးေတာ့ ဘာမွမေမးနဲ႔တဲ့။”

“အိမ္ေပၚကိုတက္တယ္။ က်ေနာ္တို႔ပစၥည္းေတြကို ဝုန္းဝုန္း ဝုန္းဝုန္းနဲ႔ လုပ္တဲ့အခါက်ေတာ့ အဲ့ဒီမွာ - ဘာျဖစ္လို႔ ၾကမ္းၾကမ္းတမ္းတမ္း လုပ္တာလဲေပါ့။ စစ္လို႔ရပါတယ္။ ဒါေပမဲ့ ျဖည္းျဖည္းလုပ္လို႔ရတယ္ေပါ့။ ဘာျဖစ္လို႔ က်ေနာ္တို႔ကို ဒီလိုမ်ိဳး အတင္းႀကီး ေသနတ္ေတြနဲ႔ ေခါင္းကိုခ်ိန္ထားၿပီး ဘာလို႔လုပ္ရတာလဲေပါ့။ က်ေနာ္တို႔ေမးေတာ့ ကြန္ပလိန္း မတက္နဲ႔။ ဒါ ငါတို႔ျပည္နယ္ ငါတို႔ေနရာ၊ ငါတို႔ပိုင္တယ္။ မင္းတို႔ဘာမွမေျပာနဲ႔။ မင္းတို႔ ေျပာတဲ့သူ (မင္းတို႔ကိုသိတဲ့သူ) ေခၚလိုက္ဆိုၿပီး ေခၚခိုင္းတယ္။ ေခၚလိုက္ေတာ့ အဲ့ဒီလူႀကီးေတြက ေရာက္လာမယ္လို႔ ဖုန္းခ်ိတ္လို႔ရတယ္။ ဒါေပမဲ့ ဖုန္းခ်ၿပီးသြားတဲ့အခ်ိန္မွာ က်ေနာ္တို႔ကို ေတာက္ေလ ွ်ာက္ပဲ သူတို႔က ေမးေနတယ္။ ဘာလို႔လဲ။ သတင္းေထာက္ ကဒ္ျပားေပးဆိုၿပီး အတင္းေတာင္းတယ္။ အဲ့ဒီေတာ့ မရွိဘူး။ သတင္းေထာက္ကဒ္ျပားက မပါဘူး။ ဖုန္းလိုင္း ရွိတယ္ဆိုရင္ က်ေနာ္တို႔ ဒီမွာ သတင္းေတြ တင္ထားတာရွိပါတယ္။ ၿပီးရင္ က်ေနာ္တို႔ ဖုန္းထဲမွာ က်ေနာ္တို႔တင္ထားတဲ့ သတင္း သက္ေသေတြ ရွိပါတယ္ ေျပာေပမဲ့ မရဘူး။ သတင္းေထာက္ဆိုရင္ သတင္းေထာက္ကဒ္ ရွိရမယ္ေပါ့။ ျပဆိုၿပီး က်ေနာ္တို႔ကို သတင္းေထာက္ကဒ္ ဇြတ္ျပခိုင္းတယ္။ ျပစရာမရွိလို႔ မရတဲ့အဆုံးမွာ ေခၚထားတဲ့လူႀကီးေတြ လာတဲ့အထိ မေစာင့္ဘဲ က်ေနာ္တို႔ကို ဖမ္းလိုက္တဲ့။ သူတို႔ရဲ႕ေခါင္းေဆာင္က ဖမ္းခိုင္းတယ္။ စခန္းကို ေခၚသြားတယ္။”

“သူတို႔စခန္းကို မေရာက္ခင္ လမ္းမွာကတည္းက စခန္းေရာက္ရင္ ဘယ္လိုလုပ္မယ္ဆိုၿပီးေတာ့ က်ိန္းေမာင္းတယ္။ လက္ရဲဇာတ္ရဲရွိတဲ့ မိန္းခေလးေတြကို ေခၚလိုက္တဲ့။ အဲ့ဒီမွာ သူတို႔အခ်င္းခ်င္း ေျပာတာက လက္ရဲဇာတ္ရဲရွိတဲ့ မိန္းခေလးက မရွိဘူးတဲ့။ အဲ့ဒါဆိုရင္လည္း ရွိတဲ့သူကို ေခၚလိုက္ပါေပါ့။ ကိုယ့္ဟာကိုယ္ပဲ လုပ္မယ္ဆိုၿပီး ေရာက္တာနဲ႔ က်ေနာ္တို႔ကို အရမ္းေအးေနတဲ့အခ်ိန္ ည ၉ နာရီ က်ေနာ္တို႔ကို အက်ႌခြၽတ္ခိုင္းတယ္။ ခြၽတ္ၿပီးေတာ့ သံမံတလင္းမွာ ထိုင္ခိုင္းတယ္။ ထိုင္ၿပီးေတာ့မွ ထိပ္တုံး ခတ္လိုက္တယ္။ က်ေနာ္တို႔ မ်က္လုံးေတြကို လုံးဝ စည္းၿပီး အဲ့ဒီမွာ က်ေနာ္တို႔ကို စၿပီး ႏွိပ္စက္တယ္။ ႐ိုက္တယ္ေပါ့ေနာ္။ ဘာျဖစ္လို႔ ငါတို႔ကို ဘယ္အဖြဲ႕ကလဲလို႔ ျပန္ေမးတာလဲ ဆိုၿပီးေတာ့လည္း ႐ိုက္တယ္။ သတင္းေထာက္ ဆိုတာေရာ ဟုတ္ရဲ႕လား ဆိုၿပီးေတာ့လည္း ႐ိုက္တယ္။ ႐ိုက္တာကလည္း ႐ိုး႐ိုး မဟုတ္ဘဲနဲ႔ ေယာက်္ားေလးေတြက စစ္ဖိနပ္နဲ႔ ေခါင္းေတြခ်ည္းပဲ ကန္တယ္။ နံ႐ိုးကို ကန္တယ္။ ေနာက္ ရင္သားကို ကန္တယ္။ ဒါေပမဲ့ သူတို႔ အဲ့ဒီလို အသည္းအသန္ လူ သုံး-ေလး ေယာက္ေလာက္က တလွည့္စီ တေယာက္က ေရွ႕တက္သြားလိုက္၊ ကန္လိုက္။ ေနာက္တေယာက္က ေရွ႕ဆက္သြားလိုက္ ကန္လိုက္ လုပ္ေနတဲ့အခ်ိန္မွာ လာတားတဲ့ကေလးေတြလည္း ရွိပါတယ္။ တေယာက္က တားေပမဲ့ တားတဲ့အခ်ိန္ ခန ရပ္သြားတယ္။ ၿပီးရင္ ဝါးလုံးနဲ႔ တခါ ျပန္႐ိုက္တယ္။ ေနာက္တေယာက္က လာျပန္တားတယ္။ မ႐ိုက္နဲ႔လို႔ဆိုၿပီး တားတယ္။ အဲ့ဒီလို တားတဲ့သူလည္း သူတို႔အထဲမွာ ရွိပါတယ္။”

“က်ေနာ္တို႔ကို သူတို႔ တနာရီခြဲ ဝန္းက်င္ေလာက္ ႏွိပ္စက္တယ္။ သိပ္မၾကာခင္မွာပဲ DMO (DMO-PDF) က လူႀကီးေတြ ေရာက္လာတယ္။ ေရာက္လာၿပီး က်ေနာ္တို႔ကို လာေခၚတယ္။ သူတို႔ေရာက္တဲ့အခ်ိန္မွာလည္း ႐ိုက္ေနတယ္လို႔ သူတို႔ေျပာတယ္။ သူတို႔ေရာက္ေနတာကို က်ေနာ္တို႔က မသိဘူး။”

ဆိုေတာ့ KGZ ဘက္က ေျဖရွင္းခ်က္ထဲမွာေတာ့ သူတို႔ေမးျမန္းတာကို ေကာင္းေကာင္းမြန္မြန္ ျပန္မေျဖလို႔ ဆိုၿပီး ေျပာထားတယ္။ ဒီအတြက္ ႐ိုက္ႏွက္တာ ရွိတယ္ဆိုတာကိုေတာ့ ဝန္ခံထားပါတယ္။ ဒါေပမဲ့ ႐ိုက္တယ္ဆိုတာေတာင္မွ ဆိုးဆိုး႐ြား႐ြား ႐ိုက္ႏွက္ခဲ့တာ မရွိဘူးဆိုၿပီး ေျပာထားတာလည္း ေတြ႕ပါတယ္။ ေငြနဲ႔ ပစၥည္းေတြ ယူသြားတယ္ဆိုတာလည္း မဟုတ္ဘူးလို႔ တုံ႔ျပန္ထားပါတယ္။ ဒီအေပၚမွာေရာ ဘယ္လို ဘာမ်ား ေျပာခ်င္ပါသလဲ။

“က်ေနာ္တို႔ကို ႐ိုက္တယ္ မ႐ိုက္ဘူးဆိုတာ က်ေနာ္တို႔ကို လာေခၚတဲ့ DMO-PDF က သက္ေသရွိပါတယ္။ သူတို႔မ်က္စိေရွ႕တင္ကို ႐ိုက္ပါတယ္။ ေနာက္တခု က်ေနာ္တို႔ ဒီမွာရွိတဲ့ CDM ဆရာဝန္ေတြကေန စစ္ေဆးခ်က္ သြားယူထားပါတယ္။ ဒီမွာ ေဆး႐ုံေတြ ရွိပါတယ္။ က်ေနာ့္ နံ႐ိုးဆိုရင္ အက္သြားတဲ့ အေနအထားမ်ိဳး အထိ ရွိတယ္။ က်ေနာ္တို႔ ဒီမွာ ဓာတ္မွန္႐ိုက္ဖို႔ ေတာ္လွန္ေရးကာလမွာ ဘယ္လိုမွ မလြယ္ဘူး။ ဒါေပမဲ့ စစ္ေဆးခ်က္ေတြ ရွိတယ္။ ဆိုးဆိုး႐ြား႐ြား ႐ိုက္တယ္ မ႐ိုက္ဘူးဆိုတာလည္း ဒဏ္ရာေတြ ရွိပါတယ္။ ေဆးလိပ္ မီးပူနဲ႔ တို႔ထားတဲ့ဒဏ္ရာေတြ ရွိတယ္။ လူသက္ေသ၊ ဓာတ္ပုံ သက္ေသ က်ေနာ္တို႔ အကုန္ရွိပါတယ္။ ဒီလို လုပ္တယ္ဆိုတာ အဲ့ဒီမွာပါတဲ့ အေယာက္ ၂၀ လုံးက လုပ္တာေတာ့ မဟုတ္ပါဘူး။ ၅ ေယာက္ေလာက္က လုပ္တာ။ အဓိက လုပ္ေဆာင္တာ ကေတာ့ အရပ္ဝတ္နဲ႔လာတဲ့ သူတို႔ရဲ႕ ေခါင္းေဆာင္ ဆိုတဲ့သူ လုပ္တာ။ အဓိက သူက command ေပးလိုက္တဲ့အခါ ကေလးေတြက လိုက္လုပ္တာ ေတြ႕ရတယ္။”

“ေနာက္တခု - ခုနက ဒီဘက္ေမးခြန္းေပါ့။ ပိုက္ဆံကိစၥ ဆိုတာက က်ေနာ္တို႔ဆီက ရွိတဲ့ ပိုက္ဆံ ေငြပမာဏက ဘယ္ေလာက္။ သူတို႔ျပန္ေပးတာ ဘယ္ေလာက္ ဆိုတာ စဖမ္းကတည္းက တိတိက်က် မရွိဘူး။ က်ေနာ္တို႔ကို လာဖမ္းတယ္။ မင္းတို႔ရဲ႕ ပစၥည္းေတြ ဘယ္မွာရွိလဲ ေမးေတာ့ ဒီမွာရွိတယ္။ ပိုက္ဆံ ဘယ္ေလာက္ရွိလဲ။ စ သိမ္းတုန္းက ဘယ္ေလာက္။ ျပန္ေပးလိုက္တာ ဘယ္ေလာက္ ဆိုတာမ်ိဳး မေျပာပါဘူး။ က်ေနာ္တို႔ကို ဒီအတိုင္းပဲ ဖမ္းေခၚသြားတယ္။ က်ေနာ္တို႔အိမ္ကို ဒီအတိုင္း သိမ္းထားလိုက္တယ္။ သိမ္းထားၿပီးေတာ့ တရက္လုံး အဲ့ဒီအိမ္ကို တံခါးေပါက္ႀကီး ဖြင့္ၿပီးေတာ့ ပစၥည္းေတြဖြင့္ၿပီးေတာ့ ဒီအတိုင္း ထားခဲ့တယ္။ ေနာက္ထပ္ ေက်ာင္းသူ ညီမေလးရဲ႕ ဖုန္းကို သူတို႔ ယူထားတယ္။ က်ေနာ္တို႔ ျပန္ၿပီး လြတ္တဲ့အခ်ိန္မွာ အဲ့ဒီဖုန္းကို ျပန္မေပးလိုက္ဘူး။ ေနာက္ေန႔က်ေတာ့ လူႀကီးေတြက ခင္ဗ်ားတို႔ ပစၥည္းေတြ ယူထားေသးတယ္လို႔ ဒီမွာ ကာယကံရွင္ေတြက ေျပာတယ္။ အဲ့ဒါ လာေပးပါ လာရွင္းပါလို႔ ေျပာတဲ့အခ်ိန္မွာ က်ေနာ္တို႔ တည္းခိုတဲ့၊ အဲ့ဒီညီမေလး တည္းခိုတဲ့အိမ္ အထဲထဲမွာ ဖုန္းလာထားသြားၿပီေနာ္လို႔ ေျပာလိုက္ ဆိုၿပီးေတာ့၊ ေနာက္ေန႔ ေန႔ခင္း ေန႔လည္ေက်ာ္ေတာ့မွ အဲ့ဒီ GZ ဘက္က တပ္ဖြဲ႕ဝင္ေတြထဲက ကေလးေတြက ဒီညီမေလးရဲ႕ ေက်ာပိုးအိပ္ထဲကို သူတို႔ညက ယူထားတဲ့ဖုန္းကို လာျပန္ထည့္သြားတယ္။ အဲ့ဒါကို က်ေနာ္တို႔က မသိဘူး။ က်ေနာ္တို႔ က်န္ခဲ့တဲ့ပစၥည္းေတြ သြားျပန္သိမ္းမယ္ ဆိုၿပီး က်ေနာ္တို႔ကို ေခၚထားတဲ့ DMO-PDF တာဝန္ရွိသူေတြနဲ႔ အဲ့ဒီအိမ္ကို သြားၾကည့္တဲ့အခ်ိန္မွာ အဲ့ဒီ တာဝန္ရွိသူေတြလည္း ပါ ပါတယ္။ အဲ့ေတာ့ အဲ့ဒီမွာ ဖုန္းျပန္ေရာက္ေနၿပီးေတာ့ အဲ့ဒီ ညီမေလးဆီမွာ ရွိေနတဲ့ ပိုက္ဆံ သိန္း ၂၀ ေက်ာ္ မရွိေတာ့ဘူးလို႔ သူက ေျပာမွ က်ေနာ္တို႔ သိတယ္။ ဘယ္သူ ယူတယ္ဆိုတာ က်ေနာ္တို႔ ဘယ္လိုမွ မေျပာႏိုင္ဘူး။ က်ေနာ္တို႔ကို ဖမ္းတယ္။ ဒီအတိုင္းပဲ ဖမ္းသြားတယ္။ ၿပီးေတာ့ ဒီအတိုင္းပဲ ျပန္လႊတ္လိုက္တယ္။ က်ေနာ္တို႔ဆီမွာ ရွိတဲ့ ဒီပိုက္ဆံက ဒီေလာက္ပဲ က်န္ေတာ့တယ္ေပါ့။”

KGZ ဘက္က တုံ႔ျပန္ေျပာထားတာ တခုမွာေတာ့ သတင္းေထာက္ လက္မွတ္ မျပႏိုင္တဲ့အတြက္ သံသယရွိတယ္။ အဲ့ဒီအတြက္ ေမးျမန္းတာကိုလည္း ေကာင္းေကာင္းမြန္မြန္ မေျဖဘူးေပါ။ သူတို႔ဘက္က ေျပာထားတာ။ ဆိုေတာ့ သတင္းေထာက္ လက္မွတ္ မရွိတာနဲ႔ ပတ္သက္လို႔ေရာ ဒါကို ဘယ္လို ရွင္းျပႏိုင္ပါမလဲ။

“က်ေနာ္တို႔က လက္ရွိ အေျခအေနကာလကို ရွင္းျပတယ္။ ဒီကာလမွာ က်ေနာ္တို႔ မီဒီယာကဒ္ကိုင္ဖို႔ ဘယ္လိုမွ အဆင္မေျပႏိုင္ဘူးေပါ့ေနာ္။ ဒါေၾကာင့္မိုလို႔ ဒီမွာလာၿပီး ခိုလုံတာပါ။ Myanmar Now နဲ႔ DVB ဆိုတာက အေစာကတည္းက ပိတ္သိမ္းခံရတဲ့ သတင္းဌာန ျဖစ္တယ္ေပါ့။ Myanmar Now ဆိုရင္လည္း ပိတ္သိမ္းခံရတဲ့အျပင္ကို အာဏာသိမ္းၿပီး ႏွစ္လ သုံးလ ကတည္းက က်ေနာ္တို႔ အလုပ္ျပဳတ္သြားၿပီးသား။ က်ေနာ္တို႔ကို ဒီသတင္းအလုပ္ကို လုပ္ခ်င္လြန္းအားႀကီးလို႔။ တျခားအလုပ္လည္း လုပ္လို႔ဘယ္လိုမွ အဆင္မေျပေတာ့တဲ့အတြက္၊ က်ေနာ္တို႔က နာမည္ေပါက္ၿပီးသား ျဖစ္တဲ့အတြက္ ဒီအလုပ္ကို အလြတ္တန္းအေနနဲ႔ က်ေနာ္တို႔ ျပန္လုပ္ေနတာေပါ့ေနာ္။ အဲ့ဒီမွာလည္း Myanmar Now ကိုပဲ က်ေနာ္ သတင္းျပန္ပို႔ပါတယ္ေပါ့။ အဲ့ဒါေတြ က်ေနာ္ ေျပာျပတယ္။ က်ေနာ္တို႔ ျမန္မာႏိုင္ငံရဲ႕ အေနအထားအရ သတင္းေထာက္ကဒ္ႀကီး လည္ပင္းဆြဲၿပီး သြားလို႔မရတဲ့ အေနအထား။ ဘယ္သူကမွ လုံၿခဳံေရး မေပးပါဘူးေပါ့ေနာ္။”

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ ေနာက္ပိုင္းက လူငယ္ေတြ၊ လူႀကီးလူလတ္ အ႐ြယ္စုံ ဖမ္းဆီး၊ ေထာင္ခ်၊ သတ္ျဖတ္ခံရတာေတြက မၾကာခန ဆိုသလို ျဖစ္လာတဲ့အခါက်ေတာ့ ျပည္သူေတြၾကားမွာလည္း လုံၿခဳံမႈဆိုတာ မခံစားရေတာ့ဘဲ၊ အခ်င္းခ်င္းၾကားမွာ သတင္းသမားပဲျဖစ္ျဖစ္၊ သာမန္ျပည္သူပဲျဖစ္ျဖစ္ ဒလန္ျဖစ္ေနမလား ဆိုတဲ့ သံသယနဲ႔ ခ်ဥ္းကပ္၊ ေျပာဆို ဆက္ဆံတာေတြက ခုလို အခ်ိန္မွာ ပိုဆိုးလာတယ္လို႔ ေျပာလို႔ရပါတယ္။ လူတိုင္းကလည္း ကိုယ့္အသက္ ရပ္တည္ရွင္သန္ေရး အတြက္ ကာကြယ္ ရပ္တည္ဖို႔ ႀကိဳးစားေနရခ်ိန္ျဖစ္ေတာ့ ဒီလို ကာလမ်ိဳးမွာ ခုလို ကိုယ္ႀကဳံရတဲ့ အေျခအေနမ်ိဳး တခ်ိန္ခ်ိန္ေတာ့ ႀကဳံလာရႏိုင္တယ္ ဆိုတာကိုေရာ အရင္က ေတြးမိခဲ့ဖူးပါလား။

“ေတြးမိခဲ့ဖူးတာထက္ က်ေနာ္တို႔ကို ဒီကယားျပည္နယ္ ေရာက္တဲ့အခ်ိန္မွာ ဒီလို နမူနာေတြ ရွိခဲ့တယ္လို႔ ဆိုၿပီး က်ေနာ္တို႔ကို သတင္းသမားေတြ ျဖစ္တဲ့အတြက္ အမည္မေဖာ္လိုသူ သတင္းရင္းျမစ္ေတြက လာေျပာၾကပါတယ္။ အဲ့ဒီအခ်ိန္မွာလည္း က်ေနာ္တို႔ ကိုယ္တိုင္လည္း အၿမဲတမ္း သတိနဲ႔ေနရတယ္။ ဘယ္ေတာ့မ်ား ငါ့ကို တဖြဲ႕ဖြဲ႕နဲ႔ နီးကပ္တယ္ ဆိုၿပီးမ်ား၊ တဘက္ဘက္ကို လိုက္တယ္လို႔မ်ား စြပ္စြဲမလား ဆိုတဲ့ အေတြးေတြနဲ႔ အၿမဲတမ္း အိပ္ရတယ္။ သတင္းတပုဒ္ ေရးရင္လည္း အၿမဲတမ္း ဒါေတြကို စိုးရိမ္စိတ္နဲ႔ပဲ အလုပ္ လုပ္ခဲ့ရပါတယ္။”

အခုျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ကို အမႈမွန္ေပၚေပါက္ဖို႔အတြက္ တိုင္ၾကားထားတယ္ဆိုၿပီး ေျပာထားတာ ေတြ႕ပါတယ္။ ဆိုေတာ့ ဘယ္သူေတြကို ဘယ္ကို ဘယ္လို တိုင္ၾကားထားတာလဲ။ ဘယ္လို အေရးယူ ေဆာင္႐ြက္မႈမ်ိဳး ရွိလာဖို႔ ေမ ွ်ာ္လင့္ထားတာပါလဲ။

“ဒါက လက္နက္ကိုင္ အဖြဲ႕အစည္းေတြ ျဖစ္တဲ့အတြက္ NUG ရဲ႕ ကာကြယ္ေရးဌာနကို က်ေနာ္ တိုင္တယ္။ ကာကြယ္ေရးဌာနရဲ႕ တရားေရးေပါ့။ သက္ဆိုင္ရာဌာနကို ဒါကိုေျဖရွင္းေပးပါ ဆိုၿပီး တိုင္တယ္။ KSCC ေခၚ ကရင္နီ အတိုင္ပင္ခံ ေကာင္စီကို တိုင္ပါတယ္။ ေနာက္ KSC ကရင္နီျပည္နယ္မွာ ဖြဲ႕ထားတဲ့ ရဲဌာန၊ CDM ေတြကေန ဖြဲ႕ထားတဲ့ ျပည္နယ္ရဲဌာနကို တိုင္ထားပါတယ္။ အေရးယူမႈ၊ ေဆာင္႐ြက္မႈ ဆိုတာ ကေတာ့ - အေစာကတည္းက သူတို႔ကို နစ္နာေစလိုတဲ့ ဆႏၵမရွိသလို က်ေနာ္တို႔ကို လာေတာင္းပန္ဖို႔လည္း မလိုဘူး။ တခုပါပဲ က်ေနာ္တို႔လိုမ်ိဳး ေနာက္ထပ္ ဘယ္သူ႔ကိုမွ ဒီလိုပုံစံမ်ိဳး မေသခ်ာဘဲနဲ႔ မလုပ္ဖို႔ ေမ ွ်ာ္လင့္တယ္။ က်ေနာ္တို႔ဟာ သတင္းေထာက္ပါ ဆိုတာကို အျပည့္အဝ လက္ခံမႈ က်ေနာ္တို႔ ေမ ွ်ာ္လင့္တယ္။ ဒီဟာပဲ ေမ ွ်ာ္လင့္ၿပီး ဒီတိုင္ခ်က္ကို က်ေနာ္တို႔ ဖြင့္တာျဖစ္ပါတယ္။ အစကတည္းကလည္း မီဒီယာမွာ ခ်ျပဖို႔ က်ေနာ္တို႔ အစီအစဥ္ မရွိဘူး။ သူတို႔ဘက္က က်ေနာ္တို႔ကို က်ေနာ္တို႔ရဲ႕အသက္ လုံၿခဳံေရးကိုပါ ၿခိမ္းေျခာက္တယ္။ ထပ္ေျပာရင္ မင္းတို႔ အသက္ အာမ မခံဘူးဆိုတာကို မီဒီယာမွာ၊ ဒီေခါင္းေဆာင္ရဲ႕ အေကာင့္မွာ ကိုယ္တိုင္ တင္လိုက္တယ္။ အဲ့ဒီ screen shot သက္ေသေတြလည္း ရွိတယ္။ အဲ့ဒါေၾကာင့္မိုလို႔ က်ေနာ္တို႔က ဒီကိစၥကို ျပန္ေျဖရွင္းတာပါ။”

သတင္းသမားေတြ အတြက္ လက္ရွိ အေျခအေနမွာ ရွင္သန္ရပ္တည္ရတာ ပိုၿပီး ခက္ခဲလာတယ္လို႔ ထင္မိပါလား။

“ပိုၿပီး ခက္ခဲလာတယ္ ဆိုတာထက္ ဘယ္လိုမွေနလို႔မရေတာ့တဲ့ အေနအထားပါ။ က်ေနာ္တို႔က ဟိုဘက္ျခမ္းမွာ ေနရင္ စစ္ေကာင္စီက က်ေနာ္တို႔ကို ပိတ္ထားတဲ့အတြက္ က်ေနာ္တို႔ အဖမ္းခံရမွာေၾကာက္လို႔ ဒီဘက္ လြတ္ေျမာက္နယ္ေျမလို႔ သတ္မွတ္တဲ့၊ ေတာ္လွန္ေရးကို တစိုက္မတ္မတ္ အားေကာင္းေကာင္းတဲ့ လုပ္ေနတဲ့ ျပည္နယ္ေတြမွာ လာေနတယ္ ဆိုျပန္ေတာ့လဲ စည္းကမ္းရွိရွိ လုပ္ေနတဲ့အဖြဲ႕ေတြ အမ်ားႀကီး ရွိသလို ဒါနဲ႔ပတ္သက္ၿပီးေတာ့ လက္နက္အေပၚမွာ ႐ူးသြပ္လာတဲ့၊ လက္နက္ကိုင္ ယဥ္ေက်းမႈ ဆိုတာႀကီးကို အရမ္းကို ဂုဏ္ယူဝံ့ႂကြားစြာ လုပ္လာတဲ့အေပၚမွာ က်ေနာ္တို႔က ေနစရာ မရွိေတာ့ပါဘူး။ က်ေနာ္တို႔ ဘယ္မွာ သြားေနရမလဲ။ သတင္းေထာက္ အလုပ္ကို စြန႔္ၿပီးေတာ့ လုပ္ရမလားေပါ့။ ဒါေပမဲ့လည္း က်ေနာ္ သတင္းေထာက္အလုပ္ကို မစြန႔္လႊတ္ႏိုင္ဘူး။ ဒီေလာက္ ဒုကၡေရာက္တယ္။ ဒီေလာက္ ခံရတယ္။ ဒါေပမဲ့ က်ေနာ္ သတင္းေထာက္အလုပ္ကို မစြန႔္လႊတ္ခ်င္ပါဘူး။”

=======================

[Unicode]

လက်နက်ကိုင်ပဋိပက္ခတွေကြား အမျိုးသမီးသတင်းထောက် အတွေ့အကြုံ (အမျိုးသမီးကဏ္ဍ)

ကယားပြည်နယ် (ကရင်နီဒေသ) မှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က သူနဲ့အတူ DVB သတင်းထောက် ကိုခွန်ဇော်ဦးနဲ့ လူငယ်ကျောင်းသူ တဦးတို့ ဒေသခံ လက်နက်ကိုင်အဖွဲ့ Karenni Generation Z (KZG) က နေအိမ်မှာ လာရောက် ဖမ်းဆီးတာ ခံခဲ့ရပြီး ရိုက်နှက် ညှင်းပမ်းခံခဲ့ ရတယ်လို့ Myanmar Now သတင်းဌာန အလွတ်သတင်းထောက် မမြတ်မိုးသူက ပြောပါတယ်။ သတင်းထောက်တွေလို့ ပြောပေမဲ့ လက်မခံဘဲ ဒလန်အဖြစ် စွပ်စွဲပြီး လက်နက်သုံး ညှင်းပမ်း နှိပ်စက်တာ ခံရတယ်လို့ မမြတ်မိုးသူက ပြောပါတယ်။ KGZ အဖွဲ့ကတော့ ဖမ်းဆီးခံရသူတွေ ဘက်က ပြောသလို ဆိုးဆိုးရွားရွား ရိုက်နှက်ခဲ့တာ မရှိဘူးလို့ ထုတ်ပြန် ထားပါတယ်။ မမြတ်မိုးသူ ကတော့ သူတို့လို သတင်းသမားတွေ အတွက် စစ်ကောင်စီ တပ်ဖွဲ့တွေသာမက လက်နက်ကိုင် အဖွဲ့တချို့ရဲ့ ခြိမ်းခြောက်မှုကိုပါ ကြုံလာရတာမို့ ရပ်တည်ရှင်သန်ရေး ပိုမို ခက်ခဲလာတယ်လို့ ပြောပါတယ်။ မမြတ်မိုးသူကို ဆက်သွယ် မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

ဒီဖြစ်ရပ်မှာ ဖမ်းဆီးခံရသူတွေ ဘက်က ပြောတာနဲ့ KGZ အဖွဲ့ဘက်က တုံ့ပြန်တာမှာ ကွဲလွဲနေတာတချို့ ရှိနေတာ တွေ့ရပါတယ်။ ဆိုတော့ ကိုယ်တိုင် ကြုံတွေ့ခဲ့သူ တယောက် အနေနဲ့ အခုဖြစ်ရပ်ကို အမှန်ကန်ဆုံး အရှင်းလင်းဆုံး၊ လိုတိုရှင်း ဘယ်လိုများ ပြောပြနိုင်ပါမလဲ။

“ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီခွဲ ဝန်းကျင်က ကျနော်တို့အိမ်ကို တံခါးလာခေါက်တယ်။ သေနတ်တွေနဲ့ ဝိုင်းချိန်ထားတယ်။ လူ အယောက် ၂၀ လောက် လာတယ်။ ကျနော်တို့ဘေးနား ရောက်လာတာ ၅ ယောက်လောက်ရှိတယ်။ တံခါးဖွင့်ပေးလိုက်ပြီးတဲ့နောက် ကျနော်တို့ကို သေနတ်နဲ့ချိန်ထားပြီး စစ်တဲ့သူက လေး-ငါးယောက် စစ်တယ်။ အိမ်ထဲကိုလည်း လေး-ငါးယောက် ဝင်သွားတယ်။ ကားနဲ့ ကျနော်တို့နေတဲ့ ခြံထဲကို ပတ်နေတဲ့သူကလည်း လေး-ငါး-ဆယ်ယောက်လောက် ဝင်သွားတယ်။ ကျနော်တို့က သတင်းထောက်ပါ။ ဘာအကြောင်းရှိလို့ စစ်ဆေးချင်တာလဲ မေးတော့ စစ်ဆေးဖို့လိုတယ် ပြောတယ်။ အဲ့တော့ ဟုတ်ကဲ့ပါ စစ်ဆေးပါပေါ့။ ဒါပေမဲ့ ဘယ်အဖွဲ့လဲ ကျနော်တို့ကို လာစစ်တာ။ ကြည့်လိုက်တဲ့အချိန်မှာ ဘတ်တံဆိပ်လည်း မပါဘူး။ ဘာဖြစ်လို့ လာစစ်သလဲလို့မေးတော့ ဘာမှမမေးနဲ့တဲ့။”

“အိမ်ပေါ်ကိုတက်တယ်။ ကျနော်တို့ပစ္စည်းတွေကို ဝုန်းဝုန်း ဝုန်းဝုန်းနဲ့ လုပ်တဲ့အခါကျတော့ အဲ့ဒီမှာ - ဘာဖြစ်လို့ ကြမ်းကြမ်းတမ်းတမ်း လုပ်တာလဲပေါ့။ စစ်လို့ရပါတယ်။ ဒါပေမဲ့ ဖြည်းဖြည်းလုပ်လို့ရတယ်ပေါ့။ ဘာဖြစ်လို့ ကျနော်တို့ကို ဒီလိုမျိုး အတင်းကြီး သေနတ်တွေနဲ့ ခေါင်းကိုချိန်ထားပြီး ဘာလို့လုပ်ရတာလဲပေါ့။ ကျနော်တို့မေးတော့ ကွန်ပလိန်း မတက်နဲ့။ ဒါ ငါတို့ပြည်နယ် ငါတို့နေရာ၊ ငါတို့ပိုင်တယ်။ မင်းတို့ဘာမှမပြောနဲ့။ မင်းတို့ ပြောတဲ့သူ (မင်းတို့ကိုသိတဲ့သူ) ခေါ်လိုက်ဆိုပြီး ခေါ်ခိုင်းတယ်။ ခေါ်လိုက်တော့ အဲ့ဒီလူကြီးတွေက ရောက်လာမယ်လို့ ဖုန်းချိတ်လို့ရတယ်။ ဒါပေမဲ့ ဖုန်းချပြီးသွားတဲ့အချိန်မှာ ကျနော်တို့ကို တောက်လေ ျှာက်ပဲ သူတို့က မေးနေတယ်။ ဘာလို့လဲ။ သတင်းထောက် ကဒ်ပြားပေးဆိုပြီး အတင်းတောင်းတယ်။ အဲ့ဒီတော့ မရှိဘူး။ သတင်းထောက်ကဒ်ပြားက မပါဘူး။ ဖုန်းလိုင်း ရှိတယ်ဆိုရင် ကျနော်တို့ ဒီမှာ သတင်းတွေ တင်ထားတာရှိပါတယ်။ ပြီးရင် ကျနော်တို့ ဖုန်းထဲမှာ ကျနော်တို့တင်ထားတဲ့ သတင်း သက်သေတွေ ရှိပါတယ် ပြောပေမဲ့ မရဘူး။ သတင်းထောက်ဆိုရင် သတင်းထောက်ကဒ် ရှိရမယ်ပေါ့။ ပြဆိုပြီး ကျနော်တို့ကို သတင်းထောက်ကဒ် ဇွတ်ပြခိုင်းတယ်။ ပြစရာမရှိလို့ မရတဲ့အဆုံးမှာ ခေါ်ထားတဲ့လူကြီးတွေ လာတဲ့အထိ မစောင့်ဘဲ ကျနော်တို့ကို ဖမ်းလိုက်တဲ့။ သူတို့ရဲ့ခေါင်းဆောင်က ဖမ်းခိုင်းတယ်။ စခန်းကို ခေါ်သွားတယ်။”

“သူတို့စခန်းကို မရောက်ခင် လမ်းမှာကတည်းက စခန်းရောက်ရင် ဘယ်လိုလုပ်မယ်ဆိုပြီးတော့ ကျိန်းမောင်းတယ်။ လက်ရဲဇာတ်ရဲရှိတဲ့ မိန်းခလေးတွေကို ခေါ်လိုက်တဲ့။ အဲ့ဒီမှာ သူတို့အချင်းချင်း ပြောတာက လက်ရဲဇာတ်ရဲရှိတဲ့ မိန်းခလေးက မရှိဘူးတဲ့။ အဲ့ဒါဆိုရင်လည်း ရှိတဲ့သူကို ခေါ်လိုက်ပါပေါ့။ ကိုယ့်ဟာကိုယ်ပဲ လုပ်မယ်ဆိုပြီး ရောက်တာနဲ့ ကျနော်တို့ကို အရမ်းအေးနေတဲ့အချိန် ည ၉ နာရီ ကျနော်တို့ကို အင်္ကျီချွတ်ခိုင်းတယ်။ ချွတ်ပြီးတော့ သံမံတလင်းမှာ ထိုင်ခိုင်းတယ်။ ထိုင်ပြီးတော့မှ ထိပ်တုံး ခတ်လိုက်တယ်။ ကျနော်တို့ မျက်လုံးတွေကို လုံးဝ စည်းပြီး အဲ့ဒီမှာ ကျနော်တို့ကို စပြီး နှိပ်စက်တယ်။ ရိုက်တယ်ပေါ့နော်။ ဘာဖြစ်လို့ ငါတို့ကို ဘယ်အဖွဲ့ကလဲလို့ ပြန်မေးတာလဲ ဆိုပြီးတော့လည်း ရိုက်တယ်။ သတင်းထောက် ဆိုတာရော ဟုတ်ရဲ့လား ဆိုပြီးတော့လည်း ရိုက်တယ်။ ရိုက်တာကလည်း ရိုးရိုး မဟုတ်ဘဲနဲ့ ယောကျ်ားလေးတွေက စစ်ဖိနပ်နဲ့ ခေါင်းတွေချည်းပဲ ကန်တယ်။ နံရိုးကို ကန်တယ်။ နောက် ရင်သားကို ကန်တယ်။ ဒါပေမဲ့ သူတို့ အဲ့ဒီလို အသည်းအသန် လူ သုံး-လေး ယောက်လောက်က တလှည့်စီ တယောက်က ရှေ့တက်သွားလိုက်၊ ကန်လိုက်။ နောက်တယောက်က ရှေ့ဆက်သွားလိုက် ကန်လိုက် လုပ်နေတဲ့အချိန်မှာ လာတားတဲ့ကလေးတွေလည်း ရှိပါတယ်။ တယောက်က တားပေမဲ့ တားတဲ့အချိန် ခန ရပ်သွားတယ်။ ပြီးရင် ဝါးလုံးနဲ့ တခါ ပြန်ရိုက်တယ်။ နောက်တယောက်က လာပြန်တားတယ်။ မရိုက်နဲ့လို့ဆိုပြီး တားတယ်။ အဲ့ဒီလို တားတဲ့သူလည်း သူတို့အထဲမှာ ရှိပါတယ်။”

“ကျနော်တို့ကို သူတို့ တနာရီခွဲ ဝန်းကျင်လောက် နှိပ်စက်တယ်။ သိပ်မကြာခင်မှာပဲ DMO (DMO-PDF) က လူကြီးတွေ ရောက်လာတယ်။ ရောက်လာပြီး ကျနော်တို့ကို လာခေါ်တယ်။ သူတို့ရောက်တဲ့အချိန်မှာလည်း ရိုက်နေတယ်လို့ သူတို့ပြောတယ်။ သူတို့ရောက်နေတာကို ကျနော်တို့က မသိဘူး။”

ဆိုတော့ KGZ ဘက်က ဖြေရှင်းချက်ထဲမှာတော့ သူတို့မေးမြန်းတာကို ကောင်းကောင်းမွန်မွန် ပြန်မဖြေလို့ ဆိုပြီး ပြောထားတယ်။ ဒီအတွက် ရိုက်နှက်တာ ရှိတယ်ဆိုတာကိုတော့ ဝန်ခံထားပါတယ်။ ဒါပေမဲ့ ရိုက်တယ်ဆိုတာတောင်မှ ဆိုးဆိုးရွားရွား ရိုက်နှက်ခဲ့တာ မရှိဘူးဆိုပြီး ပြောထားတာလည်း တွေ့ပါတယ်။ ငွေနဲ့ ပစ္စည်းတွေ ယူသွားတယ်ဆိုတာလည်း မဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။ ဒီအပေါ်မှာရော ဘယ်လို ဘာများ ပြောချင်ပါသလဲ။

“ကျနော်တို့ကို ရိုက်တယ် မရိုက်ဘူးဆိုတာ ကျနော်တို့ကို လာခေါ်တဲ့ DMO-PDF က သက်သေရှိပါတယ်။ သူတို့မျက်စိရှေ့တင်ကို ရိုက်ပါတယ်။ နောက်တခု ကျနော်တို့ ဒီမှာရှိတဲ့ CDM ဆရာဝန်တွေကနေ စစ်ဆေးချက် သွားယူထားပါတယ်။ ဒီမှာ ဆေးရုံတွေ ရှိပါတယ်။ ကျနော့် နံရိုးဆိုရင် အက်သွားတဲ့ အနေအထားမျိုး အထိ ရှိတယ်။ ကျနော်တို့ ဒီမှာ ဓာတ်မှန်ရိုက်ဖို့ တော်လှန်ရေးကာလမှာ ဘယ်လိုမှ မလွယ်ဘူး။ ဒါပေမဲ့ စစ်ဆေးချက်တွေ ရှိတယ်။ ဆိုးဆိုးရွားရွား ရိုက်တယ် မရိုက်ဘူးဆိုတာလည်း ဒဏ်ရာတွေ ရှိပါတယ်။ ဆေးလိပ် မီးပူနဲ့ တို့ထားတဲ့ဒဏ်ရာတွေ ရှိတယ်။ လူသက်သေ၊ ဓာတ်ပုံ သက်သေ ကျနော်တို့ အကုန်ရှိပါတယ်။ ဒီလို လုပ်တယ်ဆိုတာ အဲ့ဒီမှာပါတဲ့ အယောက် ၂၀ လုံးက လုပ်တာတော့ မဟုတ်ပါဘူး။ ၅ ယောက်လောက်က လုပ်တာ။ အဓိက လုပ်ဆောင်တာ ကတော့ အရပ်ဝတ်နဲ့လာတဲ့ သူတို့ရဲ့ ခေါင်းဆောင် ဆိုတဲ့သူ လုပ်တာ။ အဓိက သူက command ပေးလိုက်တဲ့အခါ ကလေးတွေက လိုက်လုပ်တာ တွေ့ရတယ်။”

“နောက်တခု - ခုနက ဒီဘက်မေးခွန်းပေါ့။ ပိုက်ဆံကိစ္စ ဆိုတာက ကျနော်တို့ဆီက ရှိတဲ့ ပိုက်ဆံ ငွေပမာဏက ဘယ်လောက်။ သူတို့ပြန်ပေးတာ ဘယ်လောက် ဆိုတာ စဖမ်းကတည်းက တိတိကျကျ မရှိဘူး။ ကျနော်တို့ကို လာဖမ်းတယ်။ မင်းတို့ရဲ့ ပစ္စည်းတွေ ဘယ်မှာရှိလဲ မေးတော့ ဒီမှာရှိတယ်။ ပိုက်ဆံ ဘယ်လောက်ရှိလဲ။ စ သိမ်းတုန်းက ဘယ်လောက်။ ပြန်ပေးလိုက်တာ ဘယ်လောက် ဆိုတာမျိုး မပြောပါဘူး။ ကျနော်တို့ကို ဒီအတိုင်းပဲ ဖမ်းခေါ်သွားတယ်။ ကျနော်တို့အိမ်ကို ဒီအတိုင်း သိမ်းထားလိုက်တယ်။ သိမ်းထားပြီးတော့ တရက်လုံး အဲ့ဒီအိမ်ကို တံခါးပေါက်ကြီး ဖွင့်ပြီးတော့ ပစ္စည်းတွေဖွင့်ပြီးတော့ ဒီအတိုင်း ထားခဲ့တယ်။ နောက်ထပ် ကျောင်းသူ ညီမလေးရဲ့ ဖုန်းကို သူတို့ ယူထားတယ်။ ကျနော်တို့ ပြန်ပြီး လွတ်တဲ့အချိန်မှာ အဲ့ဒီဖုန်းကို ပြန်မပေးလိုက်ဘူး။ နောက်နေ့ကျတော့ လူကြီးတွေက ခင်ဗျားတို့ ပစ္စည်းတွေ ယူထားသေးတယ်လို့ ဒီမှာ ကာယကံရှင်တွေက ပြောတယ်။ အဲ့ဒါ လာပေးပါ လာရှင်းပါလို့ ပြောတဲ့အချိန်မှာ ကျနော်တို့ တည်းခိုတဲ့၊ အဲ့ဒီညီမလေး တည်းခိုတဲ့အိမ် အထဲထဲမှာ ဖုန်းလာထားသွားပြီနော်လို့ ပြောလိုက် ဆိုပြီးတော့၊ နောက်နေ့ နေ့ခင်း နေ့လည်ကျော်တော့မှ အဲ့ဒီ GZ ဘက်က တပ်ဖွဲ့ဝင်တွေထဲက ကလေးတွေက ဒီညီမလေးရဲ့ ကျောပိုးအိပ်ထဲကို သူတို့ညက ယူထားတဲ့ဖုန်းကို လာပြန်ထည့်သွားတယ်။ အဲ့ဒါကို ကျနော်တို့က မသိဘူး။ ကျနော်တို့ ကျန်ခဲ့တဲ့ပစ္စည်းတွေ သွားပြန်သိမ်းမယ် ဆိုပြီး ကျနော်တို့ကို ခေါ်ထားတဲ့ DMO-PDF တာဝန်ရှိသူတွေနဲ့ အဲ့ဒီအိမ်ကို သွားကြည့်တဲ့အချိန်မှာ အဲ့ဒီ တာဝန်ရှိသူတွေလည်း ပါ ပါတယ်။ အဲ့တော့ အဲ့ဒီမှာ ဖုန်းပြန်ရောက်နေပြီးတော့ အဲ့ဒီ ညီမလေးဆီမှာ ရှိနေတဲ့ ပိုက်ဆံ သိန်း ၂၀ ကျော် မရှိတော့ဘူးလို့ သူက ပြောမှ ကျနော်တို့ သိတယ်။ ဘယ်သူ ယူတယ်ဆိုတာ ကျနော်တို့ ဘယ်လိုမှ မပြောနိုင်ဘူး။ ကျနော်တို့ကို ဖမ်းတယ်။ ဒီအတိုင်းပဲ ဖမ်းသွားတယ်။ ပြီးတော့ ဒီအတိုင်းပဲ ပြန်လွှတ်လိုက်တယ်။ ကျနော်တို့ဆီမှာ ရှိတဲ့ ဒီပိုက်ဆံက ဒီလောက်ပဲ ကျန်တော့တယ်ပေါ့။”

KGZ ဘက်က တုံ့ပြန်ပြောထားတာ တခုမှာတော့ သတင်းထောက် လက်မှတ် မပြနိုင်တဲ့အတွက် သံသယရှိတယ်။ အဲ့ဒီအတွက် မေးမြန်းတာကိုလည်း ကောင်းကောင်းမွန်မွန် မဖြေဘူးပေါ။ သူတို့ဘက်က ပြောထားတာ။ ဆိုတော့ သတင်းထောက် လက်မှတ် မရှိတာနဲ့ ပတ်သက်လို့ရော ဒါကို ဘယ်လို ရှင်းပြနိုင်ပါမလဲ။

“ကျနော်တို့က လက်ရှိ အခြေအနေကာလကို ရှင်းပြတယ်။ ဒီကာလမှာ ကျနော်တို့ မီဒီယာကဒ်ကိုင်ဖို့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးပေါ့နော်။ ဒါကြောင့်မိုလို့ ဒီမှာလာပြီး ခိုလုံတာပါ။ Myanmar Now နဲ့ DVB ဆိုတာက အစောကတည်းက ပိတ်သိမ်းခံရတဲ့ သတင်းဌာန ဖြစ်တယ်ပေါ့။ Myanmar Now ဆိုရင်လည်း ပိတ်သိမ်းခံရတဲ့အပြင်ကို အာဏာသိမ်းပြီး နှစ်လ သုံးလ ကတည်းက ကျနော်တို့ အလုပ်ပြုတ်သွားပြီးသား။ ကျနော်တို့ကို ဒီသတင်းအလုပ်ကို လုပ်ချင်လွန်းအားကြီးလို့။ တခြားအလုပ်လည်း လုပ်လို့ဘယ်လိုမှ အဆင်မပြေတော့တဲ့အတွက်၊ ကျနော်တို့က နာမည်ပေါက်ပြီးသား ဖြစ်တဲ့အတွက် ဒီအလုပ်ကို အလွတ်တန်းအနေနဲ့ ကျနော်တို့ ပြန်လုပ်နေတာပေါ့နော်။ အဲ့ဒီမှာလည်း Myanmar Now ကိုပဲ ကျနော် သတင်းပြန်ပို့ပါတယ်ပေါ့။ အဲ့ဒါတွေ ကျနော် ပြောပြတယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အနေအထားအရ သတင်းထောက်ကဒ်ကြီး လည်ပင်းဆွဲပြီး သွားလို့မရတဲ့ အနေအထား။ ဘယ်သူကမှ လုံခြုံရေး မပေးပါဘူးပေါ့နော်။”

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု နောက်ပိုင်းက လူငယ်တွေ၊ လူကြီးလူလတ် အရွယ်စုံ ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်ခံရတာတွေက မကြာခန ဆိုသလို ဖြစ်လာတဲ့အခါကျတော့ ပြည်သူတွေကြားမှာလည်း လုံခြုံမှုဆိုတာ မခံစားရတော့ဘဲ၊ အချင်းချင်းကြားမှာ သတင်းသမားပဲဖြစ်ဖြစ်၊ သာမန်ပြည်သူပဲဖြစ်ဖြစ် ဒလန်ဖြစ်နေမလား ဆိုတဲ့ သံသယနဲ့ ချဉ်းကပ်၊ ပြောဆို ဆက်ဆံတာတွေက ခုလို အချိန်မှာ ပိုဆိုးလာတယ်လို့ ပြောလို့ရပါတယ်။ လူတိုင်းကလည်း ကိုယ့်အသက် ရပ်တည်ရှင်သန်ရေး အတွက် ကာကွယ် ရပ်တည်ဖို့ ကြိုးစားနေရချိန်ဖြစ်တော့ ဒီလို ကာလမျိုးမှာ ခုလို ကိုယ်ကြုံရတဲ့ အခြေအနေမျိုး တချိန်ချိန်တော့ ကြုံလာရနိုင်တယ် ဆိုတာကိုရော အရင်က တွေးမိခဲ့ဖူးပါလား။

“တွေးမိခဲ့ဖူးတာထက် ကျနော်တို့ကို ဒီကယားပြည်နယ် ရောက်တဲ့အချိန်မှာ ဒီလို နမူနာတွေ ရှိခဲ့တယ်လို့ ဆိုပြီး ကျနော်တို့ကို သတင်းသမားတွေ ဖြစ်တဲ့အတွက် အမည်မဖော်လိုသူ သတင်းရင်းမြစ်တွေက လာပြောကြပါတယ်။ အဲ့ဒီအချိန်မှာလည်း ကျနော်တို့ ကိုယ်တိုင်လည်း အမြဲတမ်း သတိနဲ့နေရတယ်။ ဘယ်တော့များ ငါ့ကို တဖွဲ့ဖွဲ့နဲ့ နီးကပ်တယ် ဆိုပြီးများ၊ တဘက်ဘက်ကို လိုက်တယ်လို့များ စွပ်စွဲမလား ဆိုတဲ့ အတွေးတွေနဲ့ အမြဲတမ်း အိပ်ရတယ်။ သတင်းတပုဒ် ရေးရင်လည်း အမြဲတမ်း ဒါတွေကို စိုးရိမ်စိတ်နဲ့ပဲ အလုပ် လုပ်ခဲ့ရပါတယ်။”

အခုဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို အမှုမှန်ပေါ်ပေါက်ဖို့အတွက် တိုင်ကြားထားတယ်ဆိုပြီး ပြောထားတာ တွေ့ပါတယ်။ ဆိုတော့ ဘယ်သူတွေကို ဘယ်ကို ဘယ်လို တိုင်ကြားထားတာလဲ။ ဘယ်လို အရေးယူ ဆောင်ရွက်မှုမျိုး ရှိလာဖို့ မေ ျှာ်လင့်ထားတာပါလဲ။

“ဒါက လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်တဲ့အတွက် NUG ရဲ့ ကာကွယ်ရေးဌာနကို ကျနော် တိုင်တယ်။ ကာကွယ်ရေးဌာနရဲ့ တရားရေးပေါ့။ သက်ဆိုင်ရာဌာနကို ဒါကိုဖြေရှင်းပေးပါ ဆိုပြီး တိုင်တယ်။ KSCC ခေါ် ကရင်နီ အတိုင်ပင်ခံ ကောင်စီကို တိုင်ပါတယ်။ နောက် KSC ကရင်နီပြည်နယ်မှာ ဖွဲ့ထားတဲ့ ရဲဌာန၊ CDM တွေကနေ ဖွဲ့ထားတဲ့ ပြည်နယ်ရဲဌာနကို တိုင်ထားပါတယ်။ အရေးယူမှု၊ ဆောင်ရွက်မှု ဆိုတာ ကတော့ - အစောကတည်းက သူတို့ကို နစ်နာစေလိုတဲ့ ဆန္ဒမရှိသလို ကျနော်တို့ကို လာတောင်းပန်ဖို့လည်း မလိုဘူး။ တခုပါပဲ ကျနော်တို့လိုမျိုး နောက်ထပ် ဘယ်သူ့ကိုမှ ဒီလိုပုံစံမျိုး မသေချာဘဲနဲ့ မလုပ်ဖို့ မေ ျှာ်လင့်တယ်။ ကျနော်တို့ဟာ သတင်းထောက်ပါ ဆိုတာကို အပြည့်အဝ လက်ခံမှု ကျနော်တို့ မေ ျှာ်လင့်တယ်။ ဒီဟာပဲ မေ ျှာ်လင့်ပြီး ဒီတိုင်ချက်ကို ကျနော်တို့ ဖွင့်တာဖြစ်ပါတယ်။ အစကတည်းကလည်း မီဒီယာမှာ ချပြဖို့ ကျနော်တို့ အစီအစဉ် မရှိဘူး။ သူတို့ဘက်က ကျနော်တို့ကို ကျနော်တို့ရဲ့အသက် လုံခြုံရေးကိုပါ ခြိမ်းခြောက်တယ်။ ထပ်ပြောရင် မင်းတို့ အသက် အာမ မခံဘူးဆိုတာကို မီဒီယာမှာ၊ ဒီခေါင်းဆောင်ရဲ့ အကောင့်မှာ ကိုယ်တိုင် တင်လိုက်တယ်။ အဲ့ဒီ screen shot သက်သေတွေလည်း ရှိတယ်။ အဲ့ဒါကြောင့်မိုလို့ ကျနော်တို့က ဒီကိစ္စကို ပြန်ဖြေရှင်းတာပါ။”

သတင်းသမားတွေ အတွက် လက်ရှိ အခြေအနေမှာ ရှင်သန်ရပ်တည်ရတာ ပိုပြီး ခက်ခဲလာတယ်လို့ ထင်မိပါလား။

“ပိုပြီး ခက်ခဲလာတယ် ဆိုတာထက် ဘယ်လိုမှနေလို့မရတော့တဲ့ အနေအထားပါ။ ကျနော်တို့က ဟိုဘက်ခြမ်းမှာ နေရင် စစ်ကောင်စီက ကျနော်တို့ကို ပိတ်ထားတဲ့အတွက် ကျနော်တို့ အဖမ်းခံရမှာကြောက်လို့ ဒီဘက် လွတ်မြောက်နယ်မြေလို့ သတ်မှတ်တဲ့၊ တော်လှန်ရေးကို တစိုက်မတ်မတ် အားကောင်းကောင်းတဲ့ လုပ်နေတဲ့ ပြည်နယ်တွေမှာ လာနေတယ် ဆိုပြန်တော့လဲ စည်းကမ်းရှိရှိ လုပ်နေတဲ့အဖွဲ့တွေ အများကြီး ရှိသလို ဒါနဲ့ပတ်သက်ပြီးတော့ လက်နက်အပေါ်မှာ ရူးသွပ်လာတဲ့၊ လက်နက်ကိုင် ယဉ်ကျေးမှု ဆိုတာကြီးကို အရမ်းကို ဂုဏ်ယူဝံ့ကြွားစွာ လုပ်လာတဲ့အပေါ်မှာ ကျနော်တို့က နေစရာ မရှိတော့ပါဘူး။ ကျနော်တို့ ဘယ်မှာ သွားနေရမလဲ။ သတင်းထောက် အလုပ်ကို စွန့်ပြီးတော့ လုပ်ရမလားပေါ့။ ဒါပေမဲ့လည်း ကျနော် သတင်းထောက်အလုပ်ကို မစွန့်လွှတ်နိုင်ဘူး။ ဒီလောက် ဒုက္ခရောက်တယ်။ ဒီလောက် ခံရတယ်။ ဒါပေမဲ့ ကျနော် သတင်းထောက်အလုပ်ကို မစွန့်လွှတ်ချင်ပါဘူး။”

XS
SM
MD
LG