သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂါဂြိုဟ် စူးစမ်းရေး ရုရှား-ဥရောပ ပူးတွဲအစီအစဉ် ကျူးကျော်စစ်ကြောင့် ဆိုင်းငံ့


Europe Russia Space
Europe Russia Space

[[ ZAWGYI / UNICODE ]]

အင်္ဂါဂြိုဟ် စူးစမ်းရေး ရုရှား-ဥရောပ ပူးတွဲအစီအစဉ် ကျူးကျော်စစ်ကြောင့် ဆိုင်းငံ့

ယူကရိန်းကို ကျုးကျော်တိုက်ခိုက်မှုကြောင့် နောက်ဆက်တွဲအဖြစ် ရုရှားနဲ့ ဥရောပ အင်္ဂါဂြိုဟ်သွားမယ့် ခရီးစဉ်ကို ဆိုင်းငံ့လိုက်ကြောင်း ဥရောပအာကာသအေဂျင်စီက ကြာသပတေးနေ့မှာပဲ ကြေညာလိုက်ပါတယ်။

ရုရှားကတော့ ခါးသည်းစရာ ဆုံးဖြတ်ချက်အဖြစ် စိတ်မကောင်းဖြစ်ရကြောင်း တုံ့ပြန်ခဲ့တာပါ။ အင်္ဂါဂြိုဟ်မှာ သက်ရှိတွေ ရှိမရှိ တူးဖော်စူးစမ်းမယ့် ဥရောပ ဂြိုဟ်ဆင်းယာဉ်ကို ဒီနှစ်နှောင်းပိုင်း ရုရှားက အာကာသထဲ လွှတ်တင်ပေးဖို့ အစောပိုင်းမှာ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ယူကရိန်းအပေါ် ကျုးကျော်မှုနဲ့ ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေကြောင့် ရုရှားနဲ့ ပူးတွဲလုပ်မယ့် ခရီးစဉ်တွေကို ရပ်ဆိုင်းလိုက်ရတာဖြစ်ပြီး၊ ExoMars အင်္ဂါဂြိုဟ်ခရီးစဉ်အပြင် ရုရှားဂြိုဟ်တုတွေကိုသုံးမယ့် တခြားခရီးစဉ် ၄ ခုအတွက် နည်းလမ်းသစ်တွေ ရှာဖွေသွားမယ်လို့လည်း ဥရောပအာကာသအေဂျင်စီက ပြောပါတယ်။

ရုရှားအာကာသအေဂျင်စီ Roscosmos အကြီးအကဲ Dmitry Rogozin ကတော့ ရှက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်အဖြစ် ဝေဖန်လိုက်သလို၊ နှစ်နဲ့ချီ ဆုံးရှုံးနစ်နာမှုတွေ ကြုံရလိမ့်မယ်လို့လည်း ပြောဆိုခဲ့တာပါ။ ဥရောပအာကာသအေဂျင်စီကတော့ ယူကရိန်းအပေါ် ရုရှားရဲ့ ရန်လိုတဲ့ လုပ်ရပ်ကြောင့် လူ့အသက်တွေ ဆုံးရှုံးရတာ၊ ကြေကွဲစရာ အကျိုးဆက်တွေ ကြုံရတဲ့အပေါ် အလွန်အမင်း စိတ်မကောင်း ဖြစ်ရကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

အာကာသသိပ္ပံ စူးစမ်းလေ့လာရေး လုပ်ငန်းတွေမှာ ထိခိုက်မယ်ဆိုတာ သဘောပေါက်ပေမဲ့လည်း ရုရှားအပေါ် အရေးယူဒဏ်ခတ်မှုတွေကို အပြည့်အ၀ လိုက်နာသွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

= = = = = = = = = = =

{{ UNICODE }}







XS
SM
MD
LG