သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကရင္ျပည္နယ္တြင္း တိုက္ပြဲေတြေၾကာင့္ ေဒသခံတခ်ိဳ႕ ထိုင္းႏိုင္ငံဖက္တိမ္းေရွာင္ 


စစ္ေဘးေရွာင္ေတြ ေရာက္ရွိလာတဲ့ထိုင္းဘက္ နယ္စပ္ အုန္းဖန္ၿမိဳ ႔နယ္အတြင္းရိွ ေနာင္လို၀မ္ရြာ (ထိုင္းနယ္ျခားေစာင့္တပ္)

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ စုကလီၿမိဳ႕နယ္အနီးမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳသားလြတ္ေျမာက္ေရး KNLA တပ္အပါအဝင္ ပူးေပါင္းတပ္ေတြနဲ႔ ႏွစ္ဖက္ တိုက္ပြဲေတြျပင္းထန္တာေၾကာင့္ စစ္ေျပးဒုကၡသည္တခ်ိဳ႕ ထိုင္းႏိုင္ငံဘက္ ထြက္ေျပးလာၾကပါတယ္။ ထိုင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ ထားပါတယ္။

ကရင္ျပည္နယ္တြင္း တိုက္ပြဲေတြေၾကာင့္ ေဒသခံတခ်ိဳ႕ ထိုင္းႏိုင္ငံဖက္တိမ္းေရွာင္

{{Unicode}}
ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ စုကလီၿမိဳ႕နယ္အနီးမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳသားလြတ္ေျမာက္ေရး KNLA တပ္အပါအဝင္ ပူးေပါင္းတပ္ေတြနဲ႔ ႏွစ္ဖက္ တိုက္ပြဲေတြျပင္းထန္တာေၾကာင့္ စစ္ေျပးဒုကၡသည္တခ်ိဳ႕ ထိုင္းႏိုင္ငံဘက္ ထြက္ေျပးလာၾကပါတယ္။ ထိုင္းႏိုင္ငံဘက္ကို ၂ လအတြင္း ပထမဆုံးထြက္ေျပးလာၾကတဲ့ ဒုကၡသည္ ၈၀ ေက်ာ္ဟာ တာ့ခ္ျပည္နယ္ အုန္းဖန္ၿမိဳနယ္ထဲကို မတ္လ ၁၇ ရက္ေန႔က ေရာက္လာခဲ့ၾကပါတယ္။ ထိုင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ ထားပါတယ္။

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ ျမဝတီၿမိဳ႕ေတာင္ဘက္ စုကလီၿမိဳနယ္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားအစည္းအ႐ုံးတပ္မဟာ (၆) နယ္ေျမက ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္အပါအဝင္ ပူးေပါင္းတပ္ေတြ မတ္လ ၁၇ ရက္က တိုက္ပြဲေတြျဖစ္ခဲ့ပါတယ္။ ၾကာသပေတးေန႔ မနက္က ျဖစ္ခဲ့တဲ့ တိုက္ပြဲေတြအတြင္း လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္မူေတြေၾကာင့္ စုကလီၿမိဳနယ္ ထီးကပယ္႐ြာသား ၈၀ ေက်ာ္ ေနရပ္စြန႔္ခြါၿပီး ထိုင္းႏိုင္ငံဘက္ကို ထြက္ေျပးလာၾကတယ္လို႔ ဒုကၡသည္ေတြကို အကူညီေပးေနသူ မန္းမ်ိဳးျမင့္က ေျပာျပပါတယ္ ။

"မေန႔မနက္ကတိုက္ပြဲျဖစ္တယ္၊ ျမဝတီၿမိဳ႕ေတာင္ဘက္က ႐ြာမွာ မေန႔မနက္က တိုက္ပြဲျပင္းထန္တယ္ ၊ လက္နက္ႀကီးလက္နက္ငယ္ေတြ နဲ႔ တိုက္ပြဲျဖစ္ေနတာ၊ ထီးကပယ္႐ြ ာမွာ ျမဝတီခ႐ိုင္စုကလီၿမိဳနယ္ထဲမွာေပါ့၊ တိုက္ပြဲျဖစ္တာကေတာ့ KNLA ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ တပ္မဟာ(၆) စတဲ့ပူးေပါင္းတပ္ေတြ နဲ႔ ျဖစ္တာပါ။ မနက္ပိုင္းမွာျဖစ္တာဆိုေတာ့ ႐ြာသား ၈၂ဦးက ထိုင္းဘက္ အုန္းဖန္ၿမိဳ႕နယ္ထဲကို ေျပးလာတာေပါ့၊ ထီးကပယ္႐ြာကေန အုန္းဖန္ၿမိဳနယ္ ေနာင္လိုဝမ္ေက်း႐ြာထဲကိုေျပးလာတာပါ "

ကရင္ျပည္နယ္ ေလးေက့ေကာ္ေဒသတဝိုက္ တိုက္ပြဲေတြေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလကလည္း ထိုင္းဘက္ျခမ္း မဲေဆာက္ၿမိဳနယ္ မယ္ေတာင္ နဲ႔ ဖြတ္ဖရၿမိဳနယ္ ကို ျမန္မာဘက္က စစ္ေဘးဒုကၡသည္ ေသာင္းနဲ႔ခ်ီ ထြက္ေျပးလာခဲ့ၿပီး ေနာက္ပိုင္း အေျခအေနေတြၿငိမ္သြားခ်ိန္ ထိုင္းဘက္က ေနရပ္ျပန္ခိုင္းခဲ့ပါတယ္။ အဲဒီထဲကဆိုရင္ အခုပထမဆုံးအႀကိမ္ ျမန္မာဘက္က စစ္ေျပးဒုကၡသည္ေတြ ထိုင္းႏိုင္ငံဘက္ ထြက္ေျပးလာၾကတာျဖစ္တယ္လို႔လည္း မန္းမ်ိဳးျမင့္ကေျပာပါတယ္။

" ေျပးမလာတာၾကာၿပီ ၊ အခုကပထမဦးဆုံးအႀကိမ္ေပါ့ ၊ မေန႔က ဒီဘက္ဝင္ေရာက္လာတာေပါ့ "

ျမန္မာစစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (KNLA) တပ္မဟာ ၆ ပူးေပါင္းတပ္ဖြဲ႕ေတြ တဖက္နဲ႔တဖက္ လက္နက္ႀကီးနဲ႔ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မူ အရွိန္ျပင္းထန္တဲ့အတြက္ ျမန္မာတခ်ိဳ႕ အိုးအိမ္စြန႔္ခြါၿပီး ထိုင္းဘက္ကို မေန႔က ဝင္ေရာက္လာခဲ့တယ္လို႔လည္း ထိုင္းဘက္ကေျပာၾကားထားပါတယ္။ ထိုင္းႏိုင္ငံဘက္ေရာက္လာတဲ့ ျမန္မာဒုကၡသည္ေတြကို က်န္းမာေရးဆိုင္ရာကိစၥရပ္ေတြ စစ္ေဆးေပးေနၿပီး လတ္တေလာ ယာယီလက္ခံေပးမဲ့အေၾကာင္း ထိုင္းအာဏာပိုင္ေတြကို ကိုးကားၿပီး ထိုင္းသတင္းေတြမွာ ေဖာ္ျပပါတယ္။

ကရင္ျပည္နယ္ ေလးေက့ေကာ္ေဒသမွာ ျဖစ္ခဲ့တဲ့တိုက္ပြဲေတြေၾကာင့္ ေက်း႐ြာေပါင္း ၅ ႐ြာေလာက္က ေဒသခံ ၆ေထာင္ေက်ာ္ဟာလည္း ေနရပ္မျပန္ႏိုင္ေသးပဲ မဲေဆာက္ၿမိဳနယ္နဲ႔ နီးတဲ့ ျမန္မာဘက္အျခမ္း ေသာင္ရင္းျမစ္အနီးမွာပဲ ခိုလႈံေနထိုင္ေနၾကရဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

....................................................................

ကရင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ဒေသခံတချို့ ထိုင်းနိုင်ငံဖက်တိမ်းရှောင်

{{Unicode}}
ကရင်ပြည်နယ် မြဝတီခရိုင် စုကလီမြို့နယ်အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုသားလွတ်မြောက်ရေး KNLA တပ်အပါအဝင် ပူးပေါင်းတပ်တွေနဲ့ နှစ်ဖက် တိုက်ပွဲတွေပြင်းထန်တာကြောင့် စစ်ပြေးဒုက္ခသည်တချို့ ထိုင်းနိုင်ငံဘက် ထွက်ပြေးလာကြပါတယ်။ ထိုင်းနိုင်ငံဘက်ကို ၂ လအတွင်း ပထမဆုံးထွက်ပြေးလာကြတဲ့ ဒုက္ခသည် ၈၀ ကျော်ဟာ တာ့ခ်ပြည်နယ် အုန်းဖန်မြိုနယ်ထဲကို မတ်လ ၁၇ ရက်နေ့က ရောက်လာခဲ့ကြပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့တောင်ဘက် စုကလီမြိုနယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ (၆) နယ်မြေက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်အပါအဝင် ပူးပေါင်းတပ်တွေ မတ်လ ၁၇ ရက်က တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ကြာသပတေးနေ့ မနက်က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မူတွေကြောင့် စုကလီမြိုနယ် ထီးကပယ်ရွာသား ၈၀ ကျော် နေရပ်စွန့်ခွါပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာကြတယ်လို့ ဒုက္ခသည်တွေကို အကူညီပေးနေသူ မန်းမျိုးမြင့်က ပြောပြပါတယ် ။

"မနေ့မနက်ကတိုက်ပွဲဖြစ်တယ်၊ မြဝတီမြို့တောင်ဘက်က ရွာမှာ မနေ့မနက်က တိုက်ပွဲပြင်းထန်တယ် ၊ လက်နက်ကြီးလက်နက်ငယ်တွေ နဲ့ တိုက်ပွဲဖြစ်နေတာ၊ ထီးကပယ်ရွ ာမှာ မြဝတီခရိုင်စုကလီမြိုနယ်ထဲမှာပေါ့၊ တိုက်ပွဲဖြစ်တာကတော့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ် တပ်မဟာ(၆) စတဲ့ပူးပေါင်းတပ်တွေ နဲ့ ဖြစ်တာပါ။ မနက်ပိုင်းမှာဖြစ်တာဆိုတော့ ရွာသား ၈၂ဦးက ထိုင်းဘက် အုန်းဖန်မြို့နယ်ထဲကို ပြေးလာတာပေါ့၊ ထီးကပယ်ရွာကနေ အုန်းဖန်မြိုနယ် နောင်လိုဝမ်ကျေးရွာထဲကိုပြေးလာတာပါ "

ကရင်ပြည်နယ် လေးကေ့ကော်ဒေသတဝိုက် တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း ထိုင်းဘက်ခြမ်း မဲဆောက်မြိုနယ် မယ်တောင် နဲ့ ဖွတ်ဖရမြိုနယ် ကို မြန်မာဘက်က စစ်ဘေးဒုက္ခသည် သောင်းနဲ့ချီ ထွက်ပြေးလာခဲ့ပြီး နောက်ပိုင်း အခြေအနေတွေငြိမ်သွားချိန် ထိုင်းဘက်က နေရပ်ပြန်ခိုင်းခဲ့ပါတယ်။ အဲဒီထဲကဆိုရင် အခုပထမဆုံးအကြိမ် မြန်မာဘက်က စစ်ပြေးဒုက္ခသည်တွေ ထိုင်းနိုင်ငံဘက် ထွက်ပြေးလာကြတာဖြစ်တယ်လို့လည်း မန်းမျိုးမြင့်ကပြောပါတယ်။

" ပြေးမလာတာကြာပြီ ၊ အခုကပထမဦးဆုံးအကြိမ်ပေါ့ ၊ မနေ့က ဒီဘက်ဝင်ရောက်လာတာပေါ့ "

မြန်မာစစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၆ ပူးပေါင်းတပ်ဖွဲ့တွေ တဖက်နဲ့တဖက် လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မူ အရှိန်ပြင်းထန်တဲ့အတွက် မြန်မာတချို့ အိုးအိမ်စွန့်ခွါပြီး ထိုင်းဘက်ကို မနေ့က ဝင်ရောက်လာခဲ့တယ်လို့လည်း ထိုင်းဘက်ကပြောကြားထားပါတယ်။ ထိုင်းနိုင်ငံဘက်ရောက်လာတဲ့ မြန်မာဒုက္ခသည်တွေကို ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေ စစ်ဆေးပေးနေပြီး လတ်တလော ယာယီလက်ခံပေးမဲ့အကြောင်း ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ကရင်ပြည်နယ် လေးကေ့ကော်ဒေသမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၅ ရွာလောက်က ဒေသခံ ၆ထောင်ကျော်ဟာလည်း နေရပ်မပြန်နိုင်သေးပဲ မဲဆောက်မြိုနယ်နဲ့ နီးတဲ့ မြန်မာဘက်အခြမ်း သောင်ရင်းမြစ်အနီးမှာပဲ ခိုလှုံနေထိုင်နေကြရဆဲဖြစ်ပါတယ်။

XS
SM
MD
LG