သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံ အထူးကုိယ္စားလွယ္ ျမန္မာခရီးစဥ္အေပၚ အကဲခတ္ေတြ သုံးသပ္ခ်က္


အာဆီယံ အထူးကုိယ္စားလွယ္ - ကေမၻာဒီးယားႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn

[[ ZAWGYI / UNICODE ]]

အာဆီယံ အထူးကုိယ္စားလွယ္ ျမန္မာခရီးစဥ္အေပၚ အကဲခတ္ေတြ သုံးသပ္ခ်က္

ဒီသီတင္းပတ္ထဲ ၃ ရက္ၾကာသြားေရာက္တဲ့ ျမန္မာႏိုင္ငံခရီးစဥ္မွာ ေအာင္ျမင္မႈ အထိုက္အေလ်ာက္ ရခဲ့ေၾကာင္း အာဆီယံအထူးကိုယ္စားလွယ္ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာဆိုေနေပမဲ့ အကဲခတ္ေတြကေတာ့ သေဘာမတူၾကပါဘူး။ အာဆီယံရဲ႕ ဘုံသေဘာတူညီခ်က္ပါ အခ်က္ေတြနဲ႔ပတ္သက္လို႔ ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္တာမ်ိဳး မရွိခဲ့တာက ခရီးစဥ္မွာ အဓိက အားနည္းခ်က္အျဖစ္နဲ႔ ေထာက္ျပၾကပါတယ္။ ကေမာၻဒီးယားႏိုင္ငံ ဖႏြမ္းပင္ၿမိဳ႕ကေန ဗြီအိုေအ သတင္းေထာက္ Luke Hunt ေပးပို႔တဲ့ သတင္းကို ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

ျမန္မာျပည္ ပဋိပကၡ ေျပလည္ေစေရး အာဆီယံအထူးကိုယ္စားလွယ္ ၿပီးခဲ့တဲ့ ရက္ပိုင္းထဲ သြားေရာက္တဲ့ ျမန္မာျပည္ခရီးစဥ္မွာ တိုးတက္မႈ တစုံတရာ ရခဲ့တယ္လို႔ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn က ေျပာေနေပမဲ့ ၊ အဲဒီတိုးတက္မႈဆိုတာက မေျပာပေလာက္ဘူးလို႔ ႏိုင္ငံေရးအကဲခတ္ေတြက ေဝဖန္လိုက္ၾကပါတယ္။

ေတြ႔ဆုံသင့္ ေတြ႔ဆုံထိုက္တဲ့ လူပုဂၢိဳလ္၊ အဖြဲ႕အစည္း အသီးသီးနဲ႔ ေတြ႕ဆုံႏိုင္ခဲ့ျခင္း မရွိတာ ၊ လူသားခ်င္းစာနာမႈ အကူအညီ ျဖန႔္ေဝ ေပးႏိုင္ေရးကိစၥ စစ္ေကာင္စီနဲ႔ သေဘာတူညီခ်က္ မရခဲ့တာေတြက ၂၀၂၁ အာဆီယံ ဘုံသေဘာတူညီခ်က္ (၅)ရပ္ပါ အဓိကအခ်က္ေတြကို ေဖၚေဆာင္ဖို႔ ပ်က္ကြက္ခဲ့တယ္လုိ႔ လူ႔အခြင့္အေရးဆိုင္ရာ အာဆီယံ ပါလီမန္အမတ္မ်ားအဖြဲ႕ ဥကၠဌ Charlies Santiago က ေထာက္ျပပါတယ္။

" တိက်ၿပီး လက္ဆုပ္လက္ကိုင္ျပႏိုင္တဲ့ ရလဒ္မ်ိဳး မေတြ႕ရတာေၾကာင့္ ဒီခရီးစဥ္က အခ်ိန္ကုန္လူပန္းတာသာ အဖတ္တင္ခဲ့ပါတယ္။ ၿငိမ္းခ်မ္းေရးနဲ႔ ျပန္လည္ရင္ၾကားေစ့ေရးအတြက္ စစ္ေကာင္စီက ႏိုင္ငံေရးလမ္းၫႊန္ေျမပုံတခု ခ်မွတ္ႏိုင္ေအာင္ မေဆြးေႏြး ႏိုင္ခဲ့ဘူးဆိုရင္ ဒီခရီးစဥ္မွာ ေအာင္ျမင္မႈ ရွိတယ္လို႔ ဘယ္လိုမွ မေျပာႏိုင္ပါဘူး ။ "

အာဆီယံအထူးကုိယ္စားလွယ္ရဲ႕ခရီးစဥ္အတြင္း စာနာမႈ အကူအညီေပးႏိုင္ေရး ကိစၥမွာလည္း တစုံတရာ သေဘာတူညီခ်က္ မရခဲ့တာ၊ ေဒၚေအာင္ဆန္းစုၾကည္ ဒါမွမဟုတ္ NLD ပါတီ ထိပ္ပိုင္းေခါင္းေဆာင္ေတြနဲ႔ျဖစ္ျဖစ္ ေတြ႔ဆုံ ေဆြးေႏြးခြင့္ မရခဲ့တာဟာလည္း အာဆီယံ ဘုံသေဘာတူညီခ်က္ပါ အခ်က္ေတြကုိ အေကာင္အထည္ မေဖာ္ႏုိင္ရာက်တယ္လုိ႔ ေျပာပါတယ္။

Hawaii Pacific တကၠသိုလ္ရဲ႕ ဧည့္ပါေမာကၡ ျဖစ္တဲ့ Carl Shuster ကေတာ့ ျမန္မာႏိုင္ငံအတြက္ အေကာင္းဆုံးေမွ်ာ္လင့္ခ်က္ဟာ ကေမာၻဒီးယားနဲ႔ အာဆီယံက သံတမန္ေရးဖိအား ဆက္ေပးေနဖို႔ ျဖစ္တယ္လုိ႔ သုံးသပ္ပါတယ္။

" အာဆီယံႏိုင္ငံ အခ်င္းခ်င္းၾကား ျပင္းထန္တဲ့ တိုက္ခိုက္မႈမ်ိဳး လုပ္ေလ့ မရွိပါဘူး။ မေကာင္းတာ ျမင္ေနရင္ေတာင္ မေကာင္းဘူးလို႔ ေျပာၾကာတာ မဟုတ္ပါဘူး။ တိုးတက္မႈ တစုံတရာ ရခဲ့တယ္လို႔ သူေျပာေနတာက စစ္ေကာင္စီက သူ႔ကို လက္ခံေတြ႔ဆုံခဲ့လို႔ ျဖစ္ပါတယ္။ တကယ္ေတာ့ အာဆီယံအေနနဲ႔ ျမန္မာႏိုင္ငံကို ဆက္ၿပီး ထိေတြ႔ ဆက္ဆံေနဖို႔လိုပါတယ္။ ဒီေနရာမွာ ကေမာၻဒီးယားကိုယ္ႏႈိက္က ဒီမိုကေရစီတိုင္းျပည္ မဟုတ္ျပန္ေတာ့ ျမန္မာႏိုင္ငံကို ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္တက္ဖို႔ ၊ အၾကမ္းဖက္မႈေတြ ရပ္ၿပီး ၿငိမ္းခ်မ္း တည္ၿငိမ္ေအာင္ လုပ္ၾကပါလို႔ သြားေျပာဖို႔ကလည္း ခက္ေနျပန္ပါတယ္။ စစ္ေခါင္းေဆာင္ေတြ သြားခ်င္တဲ့ လမ္းေၾကာင္း မဟုတ္ေပမဲ့လည္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆုံ ေဆြးေႏြးေရး ျဖစ္လာဖို႔ အာဆီယံဖက္က ဆက္ၿပီး တြန္းအားေပးေနဖို႔ လိုပါတယ္။ "

ျမန္မာစစ္တပ္ဟာ သူ႔ျပည္သူေတြအေပၚ ရက္စက္တဲ့ အၾကမ္းဖက္မႈေတြ လုပ္ေနတာေၾကာင့္ ျပည္သူေတြရဲ႕ ခုခံတြန္းလွန္မႈကလည္း ပိုႀကီးထြား လာေနတာကုိလည္း ပါေမာကၡ Shuster က ေထာက္ျပပါတယ္။

အာဆီယံ အထူးကုိယ္စားလွယ္ရဲ႕ ခရီးစဥ္အတြင္း စစ္ေကာင္စီ ထိပ္ပိုင္းေခါင္းေဆာင္ေတြ ၊ အာဆီယံ သံတမန္ေတြ ၊ ကုလသမဂၢ တာဝန္ရွိသူေတြ၊ ႏိုင္ငံေရးပါတီတခ်ိဳ႕က ပုဂၢိဳလ္ေတြနဲ႔ ေတြ႔ဆုံခြင့္ ရခဲ့ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆုံခြင့္ကို ေနာင္မွာ စဥ္းစားေပးသြားမယ္လို႔ စစ္ေကာင္စီက သူ႔ကို အေၾကာင္းျပန္တယ္လုိ႔လည္း ဆုိပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ ျမန္မာႏုိင္ငံမွာ တခ်ိန္က်ရင္ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးအတြက္ သက္ဆုိင္သူေတြ ပါ၀င္လာႏုိင္ဖို႔ လမ္းဖြင့္ေပးႏုိင္သူ အျဖစ္နဲ႔လည္း Prak Sokhonn က ရည္ညႊန္းေျပာဆုိခဲ့တာပါ။ ျမန္မာျပည္ပဋိပကၡမွာ သက္ဆိုင္သူအားလုံးဟာ ေစ့စပ္ညႇိႏႈိင္းေရးထက္ အျပန္လွန္တိုက္ခိုက္ေရးကိုသာ လိုလားေနၾကတယ္လို႔ Sokhonn က အျပစ္တင္ပါတယ္။ ဒီလုိအေျခအေနေတြေၾကာင့္ သိမ္းဆည္း သိုေလွာင္ထားဆဲ စာနာမႈ အကူအညီေတြကို လိုအပ္သူေတြလက္ထဲ ျဖန္႔ေဝႏိုင္ျခင္း မရွိေသးဘူးလို႔လည္း ေျပာပါတယ္။

ျမန္မာျပည္ခရီးစဥ္အတြင္း ေရရာတဲ့ အေျဖတခု မထြက္လာတာက ေမွ်ာ္လင့္ခ်က္ ဆုံးရႈံးေစတယ္လို႔ Cambodian Institute for Cooperation and Peace အဖြဲ႕က သုေတသီ Bradley Murg ေဝဖန္လိုက္ပါတယ္။

" ျမန္မာႏုိင္ငံမွာ ေရွ႕မတုိးေနာက္မဆုတ္ ျဖစ္ေနတာကုိ အေျခခံက်က် အေျပာင္းအလဲ လုပ္ႏုိင္ဖုိ႔ ကေမာၻဒီးယားနဲ႔ အာဆီယံအေပၚ အေကာင္းျမင္ ေမွ်ာ္လင့္ေနတာေတြ အလကား ျဖစ္သြားပါတယ္။"

ကေမၻာဒီးယားႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn က အာဆီယံ အထူးကုိယ္စားလွယ္အျဖစ္ ျမန္မာျပည္သြားေရာက္တာေၾကာင့္ ျမန္မာကလည္း အာဆီယံနဲ႔ သူတို႔ ပူးေပါင္းေဆာင္ရြက္ေနပါတယ္ဆိုၿပီး ေျပာခြင့္ ရသြားတာကလဲြလို႔ အျခား တစုံတရာ တုိးတက္မႈရလာဖို႔ မျမင္မိေၾကာင္းလည္း Bradley Murg ကသုံးသပ္ပါတယ္။

လာမယ့္ ဧၿပီ ဒါမွမဟုတ္ ေမလထဲမွာ ျမန္မာႏိုင္ငံတြင္း စာနာမႈ အကူအညီေပးေရးကိစၥ စုံညီအစည္းအေဝးတရပ္ ေခၚဖို႔ အာဆီယံအထူးကိုယ္စားလွယ္ Prak Sokhonn က အဆိုျပဳထားပါတယ္။

ကေမာၻဒီးယားဟာ ၂၀၂၂ ထဲ အာဆီယံအလွည့္က်ဥကၠဌ ျဖစ္လာခ်ိန္မွာ ျမန္မာႏိုင္ငံကို ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ လမ္းေၾကာင္းေပၚ ဆြဲတင္ၿပီး ၊ အာဆီယံ ထိပ္သီးေဆြးေႏြးပြဲေတြမွာ ျမန္မာစစ္ေခါင္းေဆာင္ေတြ ျပန္လည္ ပါဝင္ခြင့္ရေအာင္ လုပ္ရင္း ၊ စစ္ေကာင္စီကို တရားဝင္ အသိအမွတ္ျပဳေရး ကေမာၻဒီးယားက ႀကိဳးစားေနတယ္ဆိုတဲ့ ေဝဖန္မႈေတြလည္း ရွိေနတာပါ။ ဒီ ေဝဖန္ခ်က္အေပၚမွာေတာ့ Prak Sokhonn က ျငင္းပယ္လိုက္ၿပီး ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးအတြက္သာ ကေမာၻဒီးယားက လုပ္ေဆာင္ေနေၾကာင္း တုံ႔ျပန္ပါတယ္။

အာဆီယံအလွည့္က် ဥကၠဌ တာဝန္ကိုယူၿပီး သိပ္မၾကာခင္မွာပဲ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ Hun Sen က စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံကို တရားဝင္ သြားေရာက္လည္ပတ္ခဲ့ခ်ိန္ တုန္းကလည္း အပစ္ခတ္ရပ္စဲေရး ၊ ယာယီအပစ္ရပ္စဲေရးေတြ လုပ္မယ္လို႔ ကတိေပးခဲ့ေပမဲ့ လက္ေတြ႔မွာ ျမန္မာက အေကာင္ထည္ေဖၚျခင္း မရွိေသးပါဘူး ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

= = = = = = = = = =

{{ UNICODE }}

အာဆီယံ အထူးကိုယ်စားလှယ် မြန်မာခရီးစဉ်အပေါ် အကဲခတ်တွေ သုံးသပ်ချက်

ဒီသီတင်းပတ်ထဲ ၃ ရက်ကြာသွားရောက်တဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ အောင်မြင်မှု အထိုက်အလျောက် ရခဲ့ကြောင်း အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုနေပေမဲ့ အကဲခတ်တွေကတော့ သဘောမတူကြပါဘူး။ အာဆီယံရဲ့ ဘုံသဘောတူညီချက်ပါ အချက်တွေနဲ့ပတ်သက်လို့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာမျိုး မရှိခဲ့တာက ခရီးစဉ်မှာ အဓိက အားနည်းချက်အဖြစ်နဲ့ ထောက်ပြကြပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ကနေ ဗွီအိုအေ သတင်းထောက် Luke Hunt ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

မြန်မာပြည် ပဋိပက္ခ ပြေလည်စေရေး အာဆီယံအထူးကိုယ်စားလှယ် ပြီးခဲ့တဲ့ ရက်ပိုင်းထဲ သွားရောက်တဲ့ မြန်မာပြည်ခရီးစဉ်မှာ တိုးတက်မှု တစုံတရာ ရခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောနေပေမဲ့ ၊ အဲဒီတိုးတက်မှုဆိုတာက မပြောပလောက်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက ဝေဖန်လိုက်ကြပါတယ်။

တွေ့ဆုံသင့် တွေ့ဆုံထိုက်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း အသီးသီးနဲ့ တွေ့ဆုံနိုင်ခဲ့ခြင်း မရှိတာ ၊ လူသားချင်းစာနာမှု အကူအညီ ဖြန့်ဝေ ပေးနိုင်ရေးကိစ္စ စစ်ကောင်စီနဲ့ သဘောတူညီချက် မရခဲ့တာတွေက ၂၀၂၁ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ပါ အဓိကအချက်တွေကို ဖေါ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ ဥက္ကဌ Charlies Santiago က ထောက်ပြပါတယ်။

" တိကျပြီး လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ရလဒ်မျိုး မတွေ့ရတာကြောင့် ဒီခရီးစဉ်က အချိန်ကုန်လူပန်းတာသာ အဖတ်တင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးအတွက် စစ်ကောင်စီက နိုင်ငံရေးလမ်းညွှန်မြေပုံတခု ချမှတ်နိုင်အောင် မဆွေးနွေး နိုင်ခဲ့ဘူးဆိုရင် ဒီခရီးစဉ်မှာ အောင်မြင်မှု ရှိတယ်လို့ ဘယ်လိုမှ မပြောနိုင်ပါဘူး ။ "

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ခရီးစဉ်အတွင်း စာနာမှု အကူအညီပေးနိုင်ရေး ကိစ္စမှာလည်း တစုံတရာ သဘောတူညီချက် မရခဲ့တာ၊ ဒေါ်အောင်ဆန်းစုကြည် ဒါမှမဟုတ် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ဖြစ်ဖြစ် တွေ့ဆုံ ဆွေးနွေးခွင့် မရခဲ့တာဟာလည်း အာဆီယံ ဘုံသဘောတူညီချက်ပါ အချက်တွေကို အကောင်အထည် မဖော်နိုင်ရာကျတယ်လို့ ပြောပါတယ်။

Hawaii Pacific တက္ကသိုလ်ရဲ့ ဧည့်ပါမောက္ခ ဖြစ်တဲ့ Carl Shuster ကတော့ မြန်မာနိုင်ငံအတွက် အကောင်းဆုံးမျှော်လင့်ချက်ဟာ ကမ္ဘောဒီးယားနဲ့ အာဆီယံက သံတမန်ရေးဖိအား ဆက်ပေးနေဖို့ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

" အာဆီယံနိုင်ငံ အချင်းချင်းကြား ပြင်းထန်တဲ့ တိုက်ခိုက်မှုမျိုး လုပ်လေ့ မရှိပါဘူး။ မကောင်းတာ မြင်နေရင်တောင် မကောင်းဘူးလို့ ပြောကြာတာ မဟုတ်ပါဘူး။ တိုးတက်မှု တစုံတရာ ရခဲ့တယ်လို့ သူပြောနေတာက စစ်ကောင်စီက သူ့ကို လက်ခံတွေ့ဆုံခဲ့လို့ ဖြစ်ပါတယ်။ တကယ်တော့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို ဆက်ပြီး ထိတွေ့ ဆက်ဆံနေဖို့လိုပါတယ်။ ဒီနေရာမှာ ကမ္ဘောဒီးယားကိုယ်နှိုက်က ဒီမိုကရေစီတိုင်းပြည် မဟုတ်ပြန်တော့ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်တက်ဖို့ ၊ အကြမ်းဖက်မှုတွေ ရပ်ပြီး ငြိမ်းချမ်း တည်ငြိမ်အောင် လုပ်ကြပါလို့ သွားပြောဖို့ကလည်း ခက်နေပြန်ပါတယ်။ စစ်ခေါင်းဆောင်တွေ သွားချင်တဲ့ လမ်းကြောင်း မဟုတ်ပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးရေး ဖြစ်လာဖို့ အာဆီယံဖက်က ဆက်ပြီး တွန်းအားပေးနေဖို့ လိုပါတယ်။ "

မြန်မာစစ်တပ်ဟာ သူ့ပြည်သူတွေအပေါ် ရက်စက်တဲ့ အကြမ်းဖက်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေရဲ့ ခုခံတွန်းလှန်မှုကလည်း ပိုကြီးထွား လာနေတာကိုလည်း ပါမောက္ခ Shuster က ထောက်ပြပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်း စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်တွေ ၊ အာဆီယံ သံတမန်တွေ ၊ ကုလသမဂ္ဂ တာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတချို့က ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ကို နောင်မှာ စဉ်းစားပေးသွားမယ်လို့ စစ်ကောင်စီက သူ့ကို အကြောင်းပြန်တယ်လို့လည်း ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံမှာ တချိန်ကျရင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သက်ဆိုင်သူတွေ ပါဝင်လာနိုင်ဖို့ လမ်းဖွင့်ပေးနိုင်သူ အဖြစ်နဲ့လည်း Prak Sokhonn က ရည်ညွှန်းပြောဆိုခဲ့တာပါ။ မြန်မာပြည်ပဋိပက္ခမှာ သက်ဆိုင်သူအားလုံးဟာ စေ့စပ်ညှိနှိုင်းရေးထက် အပြန်လှန်တိုက်ခိုက်ရေးကိုသာ လိုလားနေကြတယ်လို့ Sokhonn က အပြစ်တင်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် သိမ်းဆည်း သိုလှောင်ထားဆဲ စာနာမှု အကူအညီတွေကို လိုအပ်သူတွေလက်ထဲ ဖြန့်ဝေနိုင်ခြင်း မရှိသေးဘူးလို့လည်း ပြောပါတယ်။

မြန်မာပြည်ခရီးစဉ်အတွင်း ရေရာတဲ့ အဖြေတခု မထွက်လာတာက မျှော်လင့်ချက် ဆုံးရှုံးစေတယ်လို့ Cambodian Institute for Cooperation and Peace အဖွဲ့က သုတေသီ Bradley Murg ဝေဖန်လိုက်ပါတယ်။

" မြန်မာနိုင်ငံမှာ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေတာကို အခြေခံကျကျ အပြောင်းအလဲ လုပ်နိုင်ဖို့ ကမ္ဘောဒီးယားနဲ့ အာဆီယံအပေါ် အကောင်းမြင် မျှော်လင့်နေတာတွေ အလကား ဖြစ်သွားပါတယ်။"

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် မြန်မာပြည်သွားရောက်တာကြောင့် မြန်မာကလည်း အာဆီယံနဲ့ သူတို့ ပူးပေါင်းဆောင်ရွက်နေပါတယ်ဆိုပြီး ပြောခွင့် ရသွားတာကလွဲလို့ အခြား တစုံတရာ တိုးတက်မှုရလာဖို့ မမြင်မိကြောင်းလည်း Bradley Murg ကသုံးသပ်ပါတယ်။

လာမယ့် ဧပြီ ဒါမှမဟုတ် မေလထဲမှာ မြန်မာနိုင်ငံတွင်း စာနာမှု အကူအညီပေးရေးကိစ္စ စုံညီအစည်းအဝေးတရပ် ခေါ်ဖို့ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn က အဆိုပြုထားပါတယ်။

ကမ္ဘောဒီးယားဟာ ၂၀၂၂ ထဲ အာဆီယံအလှည့်ကျဥက္ကဌ ဖြစ်လာချိန်မှာ မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ လမ်းကြောင်းပေါ် ဆွဲတင်ပြီး ၊ အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာစစ်ခေါင်းဆောင်တွေ ပြန်လည် ပါဝင်ခွင့်ရအောင် လုပ်ရင်း ၊ စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုရေး ကမ္ဘောဒီးယားက ကြိုးစားနေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေတာပါ။ ဒီ ဝေဖန်ချက်အပေါ်မှာတော့ Prak Sokhonn က ငြင်းပယ်လိုက်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက်သာ ကမ္ဘောဒီးယားက လုပ်ဆောင်နေကြောင်း တုံ့ပြန်ပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဌ တာဝန်ကိုယူပြီး သိပ်မကြာခင်မှာပဲ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen က စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို တရားဝင် သွားရောက်လည်ပတ်ခဲ့ချိန် တုန်းကလည်း အပစ်ခတ်ရပ်စဲရေး ၊ ယာယီအပစ်ရပ်စဲရေးတွေ လုပ်မယ်လို့ ကတိပေးခဲ့ပေမဲ့ လက်တွေ့မှာ မြန်မာက အကောင်ထည်ဖေါ်ခြင်း မရှိသေးပါဘူး ခင်ဗျာ။

XS
SM
MD
LG