သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံ အထူးကုိယ္စားလွယ္ ျမန္မာခရီးစဥ္ ေ၀ဖန္ကန္႔ကြက္မႈေတြနဲ႔ႀကံဳ


ဓာတ္ပံု - MILITARY TRUE NEWS INFORMATION TEAM
(Zawgyi / Unicode)

အေရွ႕ေတာင္အာရွ ႏုိင္ငံမ်ားအသင္း အာဆီယံ အထူးကုိယ္စားလွယ္ရဲ႕ ျမန္မာႏုိင္ငံ ခရီးစဥ္အေပၚ တက္ၾကြလႈပ္ရွားသူေတြနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ကန္႔ကြက္ေ၀ဖန္လုိက္ၾကပါတယ္။ ဒီသီတင္းပတ္မွာ စတင္လုိက္တဲ့ အာဆီယံအထူးကုိယ္စားလွယ္ ကေမာၻဒီးယား ႏုိင္ငံျခားေရး၀န္ႀကီး Prak Sokhonn ရဲ႕ ခရီးစဥ္အစမွာပဲ ျမန္မာစစ္ေခါင္းေဆာင္နဲ႔ ေတြ႔ဆုံခဲ့ၿပီးေနာက္ ေ၀ဖန္မႈေတြလည္း ထြက္ေပၚလာခဲ့တာပါ။

မႏၱေလးနဲ႔ ကခ်င္ျပည္နယ္ အပါအ၀င္ ျမန္မာႏုိင္ငံ ေနရာတခ်ဳိ႕မွာ အဂၤါေန႔က ဆႏၵျပလႈပ္ရွားမႈတခ်ဳိ႕ ရွိခဲ့ရာမွာ အာဆီယံ အထူးကုိယ္စားလွယ္ကုိ လက္မခံေၾကာင္း ေရးသားထားတဲ့ ဆုိင္းဘုတ္ေတြကုိ ကုိင္ေဆာင္ ဆႏၵျပခဲ့ၾကတာေတြကုိ လူမႈကြန္ရက္မွာ ေတြ႔ၾကရပါတယ္။

ႏုိင္ငံတကာ လူ႔အခြင့္အေရး လႈပ္ရွားမႈအဖဲြ႔ HRW ရဲ႕ အာရွေရးရာ ဒုတိယညႊန္ၾကားေရးမွဴး Phil Robertson ကေတာ့ စစ္အာဏာပိုင္ေတြဖက္ယိမ္းတာ ထင္ရွားေနတယ္ဆုိၿပီး အဂၤါေန႔က ေၾကညာခ်က္ထုတ္ျပန္ ေျပာဆုိလုိက္ပါတယ္။ အာဆီယံက ခ်မွတ္ထားတဲ့ ျမန္မာ့အေရး ဘုံသေဘာတူညီခ်က္ေတြကို အေကာင္အထည္ေဖာ္ဖုိ႔ ရွင္းရွင္းလင္းလင္း သေဘာတူညီခ်က္ မရေသးသလုိ၊ NLD ပါတီ အဆင့္ျမင့္ တာ၀န္ရွိသူေတြ အပါအ၀င္ သက္ဆုိင္သူ အားလုံးနဲ႔ အဓိပၸါယ္ရွိရွိ ေတြ႔ဆုံခြင့္ ရဖုိ႔ေတာင္ မေသခ်ာေသးတဲ့ အခ်ိန္မွာ စစ္ေကာင္စီ ထိပ္တန္းေခါင္းေဆာင္နဲ႔ အလ်င္စလုိ သြားေတြ႔တာဟာ စစ္ေကာင္စီအတြက္ အျမတ္ထြက္စရာ ျဖစ္ရေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။

NLD ပါတီလႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း တေယာက္ျဖစ္တဲ့ ေဒၚစုစုလြင္နဲ႔ အာဆီယံ အထူးကုိယ္စားလွယ္ ေတြ႔ဆုံဖို႔ အေစာပုိင္းမွာ စီစဥ္ထားေပမဲ့ က်န္းမာေရး အေျခအေနအရ မေတြ႔ျဖစ္ဘူးလုိ႔ စစ္ေကာင္စီေျပာခြင့္ရ ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆုိထားပါတယ္။ ၃ ရက္ၾကာ အာဆီယံ အထူးကုိယ္စားလွယ္ရဲ႕ ခရီးစဥ္ ဒုတိယေန႔ျဖစ္တဲ့ အဂၤါေန႔မွာေတာ့ ရန္ကုန္ၿမိဳ႕မွာ ကုလသမဂၢနဲ႔ အာဆီယံသံတမန္ေတြ၊ ႏိုင္ငံေရးပါတီတခ်ိဳ႕က ေခါင္းေဆာင္ေတြနဲလည္း ေတြ႔ဆုံခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အာဆီယံ အထူးကိုယ်စားလှယ် မြန်မာခရီးစဉ် ဝေဖန်ကန့်ကွက်မှုတွေနဲ့ကြုံ

အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကန့်ကွက်ဝေဖန်လိုက်ကြပါတယ်။ ဒီသီတင်းပတ်မှာ စတင်လိုက်တဲ့ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ရဲ့ ခရီးစဉ်အစမှာပဲ မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ဝေဖန်မှုတွေလည်း ထွက်ပေါ်လာခဲ့တာပါ။

မန္တလေးနဲ့ ကချင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ နေရာတချို့မှာ အင်္ဂါနေ့က ဆန္ဒပြလှုပ်ရှားမှုတချို့ ရှိခဲ့ရာမှာ အာဆီယံ အထူးကိုယ်စားလှယ်ကို လက်မခံကြောင်း ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြတာတွေကို လူမှုကွန်ရက်မှာ တွေ့ကြရပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ HRW ရဲ့ အာရှရေးရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson ကတော့ စစ်အာဏာပိုင်တွေဖက်ယိမ်းတာ ထင်ရှားနေတယ်ဆိုပြီး အင်္ဂါနေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ အာဆီယံက ချမှတ်ထားတဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ရှင်းရှင်းလင်းလင်း သဘောတူညီချက် မရသေးသလို၊ NLD ပါတီ အဆင့်မြင့် တာဝန်ရှိသူတွေ အပါအဝင် သက်ဆိုင်သူ အားလုံးနဲ့ အဓိပ္ပါယ်ရှိရှိ တွေ့ဆုံခွင့် ရဖို့တောင် မသေချာသေးတဲ့ အချိန်မှာ စစ်ကောင်စီ ထိပ်တန်းခေါင်းဆောင်နဲ့ အလျင်စလို သွားတွေ့တာဟာ စစ်ကောင်စီအတွက် အမြတ်ထွက်စရာ ဖြစ်ရကြောင်းလည်း ပြောဆိုခဲ့တာပါ။

NLD ပါတီလွှတ်တော် ကိုယ်စားလှယ်ဟောင်း တယောက်ဖြစ်တဲ့ ဒေါ်စုစုလွင်နဲ့ အာဆီယံ အထူးကိုယ်စားလှယ် တွေ့ဆုံဖို့ အစောပိုင်းမှာ စီစဉ်ထားပေမဲ့ ကျန်းမာရေး အခြေအနေအရ မတွေ့ဖြစ်ဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။ ၃ ရက်ကြာ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ် ဒုတိယနေ့ဖြစ်တဲ့ အင်္ဂါနေ့မှာတော့ ရန်ကုန်မြို့မှာ ကုလသမဂ္ဂနဲ့ အာဆီယံသံတမန်တွေ၊ နိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေနဲလည်း တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG