သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ အထူးကိုယ်စားလှယ် မြန်မာခရီးစဉ် တနင်္လာနေ့ စတင်မည်


မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn. (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၂)
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn. (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၂)

(Zawgyi / Unicode)

ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Prak Sokhonn ဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ သုံးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို ဒီကနေ့ တနင်္လာနေ့ စတင်မှာဖြစ်ပါတယ်။

အဖွဲ့ဝင် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ လက်ရှိ အလှည့်ကျ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ ကြိုးပမ်းမှု အစိတ်အပိုင်းတခု အနေနဲ့ အခုလို မြန်မာနိုင်ငံကို သွားရောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ပထမဆုံးအကြိမ် သွားရောက်မယ့် ခရီးစဉ်အတွင်း စစ်ကောင်စီနဲ့ အတိုက်အခံတွေကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စတင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်က ကတိပေးထားတဲ့အတိုင်း မြန်မာနိုင်ငံမှာ ပစ်ခိုက်တိုက်ခိုက်မှုတွေကို အဆုံးသတ်ဖို့ဆိုတဲ့ အချက်ကို အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်စေလိုတယ်လို့ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ် Prak Sokhonn က ပြောပါတယ်။

Prak Sokhonn ရဲ့ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကိုသွားမယ့် ပထမဆုံး ခရီးစဉ်မှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ အင်အားစုအားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့အတွက် အခြေအနေကောင်းတွေ ဖန်တီးဖို့ ရည်ရွယ်ထားကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Chum Sounry က ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း မတ်လ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ သွားရောက်မယ့် ခရီးစဉ်အတွင်း ဘယ်သူတွေနဲ့ ဘယ်လိုတွေ့ဆုံဖို့ရှိသလဲ ဆိုတာကိုတော့ ပြောကြားဖို့ အချိန်မတန်သေးဘူးလို့ သူက ဆိုပါတယ်။

Prak Sokhonn ရဲ့ ခရီးစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့ တွေ့ဆုံခွင့်ပေးမှာ မဟုတ်ဘူးလို့ စစ်ကောင်စီဘက်က ကြေညာထားတာပါ။ ဒါပေမယ့် နိုင်ငံရေးပါတီတချို့နဲ့ လက်နက်ကိုင် တိုင်းရင်းသား လူနည်းစုအဖွဲ့ တချို့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ မျှော်လင့်ရပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------

(Unicode)









XS
SM
MD
LG