သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာ စစ္အရာရွိေတြအေပၚ အေမရိကန္၊ ကေနဒါ၊ ၿဗိတိန္ ပိတ္ဆို႔ဒဏ္ခတ္


ေရွ႕တန္းတေနရာ ေရာက္ေနသည့္ တပ္မ (၆၆) တပ္ဖြဲ႔ဝင္မ်ား ( photo: Citizen Journalist )

[[ ZAWGYI / UNICODE ]]

ျမန္မာစစ္အရာရွိေတြအေပၚ အေမရိကန္၊ ကေနဒါ၊ ၿဗိတိန္ ပိတ္ဆို႔ဒဏ္ခတ္

ျမန္မာႏုိင္ငံမွာ စစ္တပ္ရဲ႕ ရက္စက္ၾကမ္းၾကဳတ္တဲ့ လုပ္ရပ္ေတြအေပၚ တုံ႔ျပန္တဲ့ အေနနဲ႔ အေမရိကန္၊ ကေနဒါ၊ ၿဗိတိန္ႏုိင္ငံတုိ႔က ေနာက္ထပ္ အေရးယူ ဒဏ္ခတ္မႈေတြကုိ ေၾကညာလုိက္ပါတယ္။

မတ္လ ၂၇ ရက္ေန့မွာက်ေရာက္မယ့္ တပ္မေတာ္ေန့နဲ့တုိက္ဆုိင္ၿပီး၊ ၿပီးခဲ့တဲ့ႏွစ္ ဒီလုိအခ်ိန္မွာပဲ စစ္တပ္အာဏာသိမ္း မွုကိုဆန့္က်င္ဆႏၵျပခဲ့တဲ့အရပ္သားျပည္သူေတြကုိေသြးထြက္သံယုိႏွိမ္နင္းခဲ့ တဲ့ႏွစ္ပတ္လည္အျဖစ္နဲ့လည္း ဒဏ္ခတ္မႈေတြကုိ ေၾကညာလုိက္တာ ျဖစ္ပါတယ္။ ရက္စက္ၾကမ္းၾကဳတ္မႈေတြနဲ႔ ဖိႏွိပ္မႈေတြဟာ ျမန္မာစစ္အာဏာပုိင္ေတြရဲ႕ အုပ္ခ်ဳပ္မႈ သေကၤတေတြလုိ ျဖစ္လာေနတယ္လုိ႔လည္း ဒဏ္ခတ္မႈေတြကုိ ေၾကညာရာမွာ အေမရိကန္ ဘ႑ာေရး၀န္ႀကီးဌာန လက္ေထာက္၀န္ႀကီး Brian Nelson ကေျပာပါတယ္။

ဒဏ္ခတ္လုိက္တဲ့ စာရင္းထဲမွာေတာ့ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလမွာ အရွင္လတ္လတ္ မီး႐ႈိ႕သတ္တာ အပါအ၀င္ အစုလုိက္အၿပံဳလုိက္ သတ္ျဖတ္မႈမွာ တာ၀န္ရွိတယ္လုိ႔ စြပ္စဲြထားတဲ့ တပ္မ ၆၆ အျပင္၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္မွဴးခ်ဳပ္ ကုိကုိဦး၊ ေနျပည္ေတာ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ ေဇာ္ဟိန္း တုိ႔လည္း ပါ၀င္ပါတယ္။ ဒါ့အျပင္၊ စစ္တပ္ကုိစစ္လက္ႏွက္ပစၥည္းေထာက္ပံ့ေနၿပီး၊ လုပ္ငန္းေတြကူ ညီ ေထာက္ပ့ံေပးေနတဲ့စီးပြားေရးလုပ္ငန္းရွင္ ၃ ဦးနဲ့ ကုမၸဏီ ၄ ခုတုိ့ကုိ ဒါဏ္ခတ္အေရးယူလုိက္ပါတယ္။

ၿဗိတိန္ႏုိင္ငံကအေရးယူခဲ့တဲ့အထဲမွာ ေလတပ္ဦးစီးခ်ဳပ္အသစ္ ဗုိလ္ခ်ဳပ္ႀကီးထြန္းေအာင္နဲ့ ဘဲလာရုစ္ႏုိင္ငံဆုိင္ရာေကာင္စစ္၀န္ ဦးေအာင္မုိးျမင့္နဲ့သူ့ရဲ့ ကုမပဏီအျပင္၊ေလတပ္ကုိေထာက္ပံေပးေနတဲ့ေနာက္ထပ္ကုမၸဏီတခုတုိ့ကုိပါဒါဏ္ခတ္ ေရးယူခဲ့ပါတယ္။

ေသာၾကာေန႔မွာပဲ ကေနဒါႏုိင္ငံကလည္း အလားတူ ပိတ္ဆုိ႔ဒဏ္ခတ္မႈေတြကုိ ေၾကညာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=====================

{{ UNICODE }}

မြန်မာစစ်အရာရှိတွေအပေါ် အမေရိကန်၊ ကနေဒါ၊ ဗြိတိန် ပိတ်ဆို့ဒဏ်ခတ်

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေအပေါ် တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နိုင်ငံတို့က နောက်ထပ် အရေးယူ ဒဏ်ခတ်မှုတွေကို ကြေညာလိုက်ပါတယ်။

မတ်လ ၂၇ ရက်နေ့မှာကျရောက်မယ့် တပ်မတော်နေ့နဲ့တိုက်ဆိုင်ပြီး၊ ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်မှာပဲ စစ်တပ်အာဏာသိမ်း မှုကိုဆန့်ကျင်ဆန္ဒပြခဲ့တဲ့အရပ်သားပြည်သူတွေကိုသွေးထွက်သံယိုနှိမ်နင်းခဲ့ တဲ့နှစ်ပတ်လည်အဖြစ်နဲ့လည်း ဒဏ်ခတ်မှုတွေကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ဖိနှိပ်မှုတွေဟာ မြန်မာစစ်အာဏာပိုင်တွေရဲ့ အုပ်ချုပ်မှု သင်္ကေတတွေလို ဖြစ်လာနေတယ်လို့လည်း ဒဏ်ခတ်မှုတွေကို ကြေညာရာမှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Brian Nelson ကပြောပါတယ်။

ဒဏ်ခတ်လိုက်တဲ့ စာရင်းထဲမှာတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ အရှင်လတ်လတ် မီးရှို့သတ်တာ အပါအဝင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ တာဝန်ရှိတယ်လို့ စွပ်စွဲထားတဲ့ တပ်မ ၆၆ အပြင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦး၊ နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း တို့လည်း ပါဝင်ပါတယ်။ ဒါ့အပြင်၊ စစ်တပ်ကိုစစ်လက်နှက်ပစ္စည်းထောက်ပံ့နေပြီး၊ လုပ်ငန်းတွေကူ ညီ ထောက်ပံ့ပေးနေတဲ့စီးပွားရေးလုပ်ငန်းရှင် ၃ ဦးနဲ့ ကုမ္ပဏီ ၄ ခုတို့ကို ဒါဏ်ခတ်အရေးယူလိုက်ပါတယ်။

ဗြိတိန်နိုင်ငံကအရေးယူခဲ့တဲ့အထဲမှာ လေတပ်ဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီးထွန်းအောင်နဲ့ ဘဲလာရုစ်နိုင်ငံဆိုင်ရာကောင်စစ်ဝန် ဦးအောင်မိုးမြင့်နဲ့သူ့ရဲ့ ကုမပဏီအပြင်၊လေတပ်ကိုထောက်ပံပေးနေတဲ့နောက်ထပ်ကုမ္ပဏီတခုတို့ကိုပါဒါဏ်ခတ် ရေးယူခဲ့ပါတယ်။

သောကြာနေ့မှာပဲ ကနေဒါနိုင်ငံကလည်း အလားတူ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ကြေညာခဲ့ပါတယ်။

XS
SM
MD
LG