[[ ZAWGYI / UNICODE ]]
စစ္ေကာင္စီအႀကီးအကဲနဲ႔ ေတြ႔ဆံုတဲ႔ ၾသစေၾတးလ်သံတမန္ HRW ေဝဖန္ရႈတ္ခ်
ျမန္္မာႏိုင္ငံဆိုင္ရာ Australia သံအမတ္ႀကီး Andrea Faulkner ရဲ့ ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လိႈင္နဲ႔ ေတြ႔ဆံုမႈဟာ စစ္ရာဇဝတ္မႈေတြ က်ဴးလြန္တယ္လို႔ အစြပ္စြဲခံေနရတဲ့ ျမန္မာစစ္ေကာင္စီအႀကီးအကဲကို တရားဝင္အသိမွတ္ျပဳရာ ေရာက္တယ္လို႔ Human Rights Watch လူ႔အခြင့္ေရးေစာင့္ၾကည့္အဖြဲ႔ႀကီးက ၾကာသပေတးေန႔မွာ ျပစ္တင္ေဝဖန္လိုက္ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ရဲ့ အရပ္သားအစိုးရကို ျဖဳတ္ခ်ၿပီး အာဏာသိမ္းထားတဲ့ စစ္တပ္ကို ႏိုင္ငံတကာက ဝိုင္းက်ဥ္ထားခ်ိန္မွာ သံအမတ္ႀကီးနဲ႔ အတူ စစ္သံမႈး ဗိုလ္မႈးႀကီး Tony Egan ပါ ေနျပည္ေတာ္မွာ ဗုဒၵဟူးေန႔က စစ္ေခါင္းေဆာင္နဲ႔ ေတြ႔ဆံုခဲ့တာကို အစိုးရ သတင္းမီဒီယာမွာ ေဖၚျပထားၿပီး က႑စံုမွာ ၂ ႏိုင္ငံ ပူးေပါင္းေဆာင္ရြက္ေရး တိုးျမွင့္ဖို႔ ေဆြးေႏြးခဲ့တယ္လို႔ စစ္ေကာင္စီက ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာပါ။
Australia ႏိုင္ငံျခားေရးဌာနက Katrina Cooper ကေတာ့ ဒီေတြ႔ဆံုမႈကေန ျမန္မာအာဏာပိုင္ေတြ အၾကမ္းဖက္မႈေတြ ရပ္ဖုိ႔နဲ႔ ဖမ္းဆီးထားသူေတြ ျပန္လႊတ္ဖို႔ ထပ္မံေတာင္းဆိုခဲ့တာ ျဖစ္ၿပီး Australia အစိုရအေနနဲ႔ ျမန္မာ စစ္ေကာင္စီကို တရားဝင္အသိမွတ္ျပဳတဲ့ သေဘာမဟုတ္ေၾကာင္း Australia အထက္လႊတ္ေတာ္မွာ ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္ ျမန္မာစစ္တပ္ရဲ့ သတင္းေဖၚျပခ်က္ေတြကို ၾကည့္ရင္ ဒီလိုသေဘာသက္ေရာက္ေနတာ ေၾကာင့္ ဒီေတြ႔ဆံုမႈမ်ိဳးဟာ လက္ခံႏုိင္စရာ မရွိသလို ျမန္မာစစ္တပ္ကို အေရးယူေနတဲ့ တျခားႏုိင္ငံေတြက အစိုးရေတြရဲ့ ႀကိဳးပမ္းမႈကို ေလ ွ်ာ့တြက္ရာ ေရာက္ေနတယ္လို႔ HRW ကေျပာပါတယ္။
ဒါ့အျပင္ မွတ္တမ္းဓါတ္ပံု အတူ အရိုက္ခံတာ၊ ေပးတဲ့လက္ေဆာင္လက္ခံတာေတြဟာ စစ္ရာဇဝတ္မႈေတြ က်ဴးလြန္တဲ့ စစ္ေကာင္စီကို အသိမွတ္ျပဳတာမ်ိဳး ျဖစ္ေနတယ္လို႔ ေထာက္ျပခဲ့ၿပီး Australia အစိုးရအေနနဲ႔ ျမန္မာစစ္တပ္ကို အေရးယူေနတဲ့ တျခားႏိုင္ငံေတြနဲ႔ အတူလက္တြဲၿပီး အေရးယူမႈေတြခ်က္ခ်င္း ခ်မွတ္ဖို႔ပါ တုိက္တြန္းလိုက္ပါတယ္။
ျမန္မာစစ္ေကာင္စီဟာ အာဏာသိမ္းၿပီး မၾကာခင္မွာပဲ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ စီးပြါးေရးအႀကံေပး Australia ပါေမာကၡ Sean Turnell ကိုပါ ဖမ္းဆီးၿပီး ႏိုင္ငံေတာ္လ ွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒနဲ႔ တရားစြဲထားတာ ျဖစ္ပါတယ္။
= = = = = = = = = = = = =
{{ UNICODE }}
စစ်ကောင်စီအကြီးအကဲနဲ့ တွေ့ဆုံတဲ့ သြစတြေးလျသံတမန် HRW ဝေဖန်ရှုတ်ချ
မြန်မာနိုင်ငံဆိုင်ရာ Australia သံအမတ်ကြီး Andrea Faulkner ရဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ အစွပ်စွဲခံနေရတဲ့ မြန်မာစစ်ကောင်စီအကြီးအကဲကို တရားဝင်အသိမှတ်ပြုရာ ရောက်တယ်လို့ Human Rights Watch လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့ကြီးက ကြာသပတေးနေ့မှာ ပြစ်တင်ဝေဖန်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းထားတဲ့ စစ်တပ်ကို နိုင်ငံတကာက ဝိုင်းကျဉ်ထားချိန်မှာ သံအမတ်ကြီးနဲ့ အတူ စစ်သံမှုး ဗိုလ်မှုးကြီး Tony Egan ပါ နေပြည်တော်မှာ ဗုဒ္ဒဟူးနေ့က စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တာကို အစိုးရ သတင်းမီဒီယာမှာ ဖေါ်ပြထားပြီး ကဏ္ဍစုံမှာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
Australia နိုင်ငံခြားရေးဌာနက Katrina Cooper ကတော့ ဒီတွေ့ဆုံမှုကနေ မြန်မာအာဏာပိုင်တွေ အကြမ်းဖက်မှုတွေ ရပ်ဖို့နဲ့ ဖမ်းဆီးထားသူတွေ ပြန်လွှတ်ဖို့ ထပ်မံတောင်းဆိုခဲ့တာ ဖြစ်ပြီး Australia အစိုရအနေနဲ့ မြန်မာ စစ်ကောင်စီကို တရားဝင်အသိမှတ်ပြုတဲ့ သဘောမဟုတ်ကြောင်း Australia အထက်လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် မြန်မာစစ်တပ်ရဲ့ သတင်းဖေါ်ပြချက်တွေကို ကြည့်ရင် ဒီလိုသဘောသက်ရောက်နေတာ ကြောင့် ဒီတွေ့ဆုံမှုမျိုးဟာ လက်ခံနိုင်စရာ မရှိသလို မြန်မာစစ်တပ်ကို အရေးယူနေတဲ့ တခြားနိုင်ငံတွေက အစိုးရတွေရဲ့ ကြိုးပမ်းမှုကို လေ ျှာ့တွက်ရာ ရောက်နေတယ်လို့ HRW ကပြောပါတယ်။
ဒါ့အပြင် မှတ်တမ်းဓါတ်ပုံ အတူ အရိုက်ခံတာ၊ ပေးတဲ့လက်ဆောင်လက်ခံတာတွေဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ စစ်ကောင်စီကို အသိမှတ်ပြုတာမျိုး ဖြစ်နေတယ်လို့ ထောက်ပြခဲ့ပြီး Australia အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို အရေးယူနေတဲ့ တခြားနိုင်ငံတွေနဲ့ အတူလက်တွဲပြီး အရေးယူမှုတွေချက်ချင်း ချမှတ်ဖို့ပါ တိုက်တွန်းလိုက်ပါတယ်။
မြန်မာစစ်ကောင်စီဟာ အာဏာသိမ်းပြီး မကြာခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွါးရေးအကြံပေး Australia ပါမောက္ခ Sean Turnell ကိုပါ ဖမ်းဆီးပြီး နိုင်ငံတော်လ ျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။