သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြသမားတွေနဲ့ တွေ့ဆုံဖို့ သီရိလင်္ကာဝန်ကြီးချုပ် ကမ်းလှမ်း


သီရိလင်္ကာဝန်ကြီးချုပ် Mahinda Rajapaksa (အလယ်)နှင့် သူ့အစ်ကိုဖြစ်သူ သမ္မတ Gotabaya Rajapaksa (ညာစွန်) တို့ကို အတူ တွေ့ရစဉ်။ ( ပုံဟောင်း Aug 9th, 2020)
သီရိလင်္ကာဝန်ကြီးချုပ် Mahinda Rajapaksa (အလယ်)နှင့် သူ့အစ်ကိုဖြစ်သူ သမ္မတ Gotabaya Rajapaksa (ညာစွန်) တို့ကို အတူ တွေ့ရစဉ်။ ( ပုံဟောင်း Aug 9th, 2020)

[[ ZAWGYI / UNICODE ]]

ဆန္ဒပြသမားတွေနဲ့ တွေ့ဆုံဖို့ သီရိလင်္ကာဝန်ကြီးချုပ် ကမ်းလှမ်း

သီရိလင်္ကာဝန်ကြီးချုပ် Mahinda Rajapaksa က ကိုလံဘိုမြို့တော် သူ့ရဲ့ရုံးအပြင်ဖက်မှာ စခန်းချ ကန့်ကွက်ဆန္ဒပြနေသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။ ဆန္ဒပြသမားတွေက တိုင်းပြည်စီးပွားရေး အကျပ်အတည်း ကြုံနေရတဲ့အတွက် ဝန်ကြီးချုပ်နဲ့ သူ့အစ်ကိုဖြစ်သူ သမ္မတ Gotabaya Rajapaksa တို့ ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

အကျပ်အတည်း ဖြေရှင်းရေးနည်းလမ်းတွေ ရှာဖွေနိုင်ဖို့ ဆန္ဒပြအင်အားစု ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့ ပြင်ဆင်ထားကြောင်း ဝန်ကြီးချုပ်က သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်တာပါ။

ကြွေးလည်ပင်းနစ်ပြီး နိုင်ငံခြားငွေ လျော့နည်း ကျဆင်းနေတဲ့ သီရိလင်္ကာနိုင်ငံဟာ ဆေးဝါး၊ အစားအစာနဲ့ လောင်စာဆီ မလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ၊ တိုင်းပြည်ရဲ့အဓိက စီးပွားရေးတခုဖြစ်တဲ့ ခရီးသွားလုပ်ငန်းဟာလည်း ကိုဗစ်ကပ်ရောဂါကြောင့် ရပ်ဆိုင်း နေပါတယ်။

သီရိလင်္ကာ ဗဟိုဘဏ်ကတော့ ပြည်ပကြွေးမြီ ပေးဆပ်မှု အားလုံးကိုရပ်ဆိုင်းပြီး ကြွေးမြီဆိုင်ရာ အစီအစဉ်သစ်တရပ်အတွက် နိုင်ငံတကာငွေကြေး ရံပုံငွေအဖွဲ့ IMF နဲ့ ဆွေးနွေးမယ်လို့ ဆိုထားပါတယ်။

သမ္မတ Gotabaya Rajapaksa က သူနှုတ်ထွက်ပေးရေး သမ္မတနန်းတော်ကို ဝိုင်းပြီး တောင်းဆိုနေကြသူတွေကို ဖြိုခွဲဖို့ အရေးပေါ်အခြေအနေ ကြေညာခဲ့ပေမဲ့၊ သူ့ရဲ့အာဏာရညွန့်ပေါင်းအုပ်စုထဲက လွှတ်တော်ကိုယ်စားလှယ် (၄၁)ယောက် နှုတ်ထွက်သွားပြီးနောက် အရေးပေါ်အခြေအနေကို ပြန်လည် ရုပ်သိမ်းခဲ့ရပါတယ်။

please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

==============

{{ UNICODE }}







XS
SM
MD
LG