သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အေရွ႕တီေမာ သမၼတေရြးေကာက္ပဲြ Jose Ramos Horta အလားအလာေကာင္း


FILE - East Timorese presidential candidate who is also former President Jose Ramos-Horta shows his inked finger after casting his ballot at a polling station during the election in Dili, East Timor on March 19, 2022. (AP Photo/Lorenio Do Rosario Pereira,

အေရွ႔တီေမာႏုိင္ငံမွာ အဂၤါေန႔က က်င္းပခဲ့တဲ့ ေရြးေကာက္ပဲြရလဒ္အရ အေရွ႔တီေမာ လြတ္ေျမာက္ေရး ေခါင္းေဆာင္ေဟာင္း Jose Ramos Horta ဟာ ဒုတိယအႀကိမ္ သမၼတျဖစ္လာမယ့္ အလားအလာရွိေနပါတယ္။

အေရွ႕တီေမာ သမၼတေရြးေကာက္ပဲြ Hose Ramos Horta အလားအလာေကာင္း

{{Zawgyi/Unicode}}
အေရွ႔တီေမာႏုိင္ငံမွာ အဂၤါေန႔က က်င္းပခဲ့တဲ့ ေရြးေကာက္ပဲြရလဒ္အရ အေရွ႔တီေမာ လြတ္ေျမာက္ေရး ေခါင္းေဆာင္ေဟာင္း Jose Ramos Horta ဟာ ဒုတိယအႀကိမ္ သမၼတျဖစ္လာမယ့္ အလားအလာရွိေနပါတယ္။

ဗုဒၶဟူးေန႔ ပဏာမ မဲေရတြက္မႈရလဒ္ေတြအရ အသက္ ၇၂ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ Jose Ramos Horta က မဲအေရအတြက္ ၆၀ ရာႏႈန္းေက်ာ္ ရရွိထားပါတယ္။ သူ့ရဲ့ၿပိဳင္ဘက္ လက္ရွိသမၼတ Francisco Guterres က မဲအေရအတြက္ ၃၇ ရာႏႈန္းရရွိပါတယ္။

ၿပီးခဲ့တဲ့လထဲက သမၼတေရြးေကာက္ပဲြ ပထမအႀကိမ္ က်င္းပခဲ့တုန္းက Jose Ramos Horta က မဲအေရအတြက္ရဲ့ ၄၆ % ရရွိခဲ့ပါတယ္။ သမၼတ Francisco Guterres က ၂၂ ရာႏွုန္းေက်ာ္ဘဲ ရရွိခဲ့ပါတယ္။ ဘယ္သူမွ မဲအေရအတြက္ ၅၀ ရာႏႈန္းေက်ာ္ အႏုိင္မရတဲ့အတြက္ ဒုတိယ အႀကိမ္ေရြးေကာက္ပဲြ ထပ္လုပ္ခဲ့တာျဖစ္ပါတယ္။

ယွဥ္ၿပိုင္သူ သမၼတေလာင္း ႏွစ္ဦးစလုံးဟာ အေရွ့တီေမာ အင္ဒုိနီးရွားေအာက္က လြတ္ေျမာက္ဖုိ့ တုိက္ပဲြ၀င္ခဲ့ၾကတဲ့ ေခါင္းေဆာင္ေဟာင္းေတြ ျဖစ္ၾကပါတယ္။ သမၼတ Francisco Guterres ဟာ လက္နက္ကုိင္ ေပ်ာက္က်ားေခါင္းေဆာင္ တဦးျဖစ္ခဲ့ပါတယ္။ ရားမုိ႔စ္ ကေတာ့ အင္ဒိုနီးရွားနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ေဆြးေႏြးခဲ့ပါတယ္။ အဲဒီအတြက္ ကက္သလစ္ဘုန္းေတာ္ႀကီး Carlos Belo နဲ႔ အတူ ႏုိဘယ္ၿငိမ္းခ်မ္းေရးဆု ရခဲ့ပါတယ္။

အေရွ႔တီေမာဟာ အင္ဒုိနီးရွား သိမ္းပုိက္မႈေအာက္ ၂၅ ႏွစ္ေက်ာ္ၾကာခဲ့ၿပီး၊ ၂၀၀၂ ခုႏွစ္မွ ာ လြတ္လပ္ေရးရခဲ့ပါတယ္။ Jose Ramos Horta ကေတာ့ ၂၀၀၇ ခုႏွစ္ကေန ၂၀၀၁၂ ခုႏွစ္အ ထိပထမတႀကိမ္ သမၼတ ျဖစ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...........................................

အရှေ့တီမော သမ္မတရွေးကောက်ပွဲ Jose Ramos Horta အလားအလာကောင်း

{{Zawgyi/Unicode}}
အရှေ့တီမောနိုင်ငံမှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်အရ အရှေ့တီမော လွတ်မြောက်ရေး ခေါင်းဆောင်ဟောင်း Jose Ramos Horta ဟာ ဒုတိယအကြိမ် သမ္မတဖြစ်လာမယ့် အလားအလာရှိနေပါတယ်။

ဗုဒ္ဓဟူးနေ့ ပဏာမ မဲရေတွက်မှုရလဒ်တွေအရ အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Jose Ramos Horta က မဲအရေအတွက် ၆၀ ရာနှုန်းကျော် ရရှိထားပါတယ်။ သူ့ရဲ့ပြိုင်ဘက် လက်ရှိသမ္မတ Francisco Guterres က မဲအရေအတွက် ၃၇ ရာနှုန်းရရှိပါတယ်။

ပြီးခဲ့တဲ့လထဲက သမ္မတရွေးကောက်ပွဲ ပထမအကြိမ် ကျင်းပခဲ့တုန်းက Jose Ramos Horta က မဲအရေအတွက်ရဲ့ ၄၆ % ရရှိခဲ့ပါတယ်။ သမ္မတ Francisco Guterres က ၂၂ ရာနှုန်းကျော်ဘဲ ရရှိခဲ့ပါတယ်။ ဘယ်သူမှ မဲအရေအတွက် ၅၀ ရာနှုန်းကျော် အနိုင်မရတဲ့အတွက် ဒုတိယ အကြိမ်ရွေးကောက်ပွဲ ထပ်လုပ်ခဲ့တာဖြစ်ပါတယ်။

ယှဉ်ပြိုင်သူ သမ္မတလောင်း နှစ်ဦးစလုံးဟာ အရှေ့တီမော အင်ဒိုနီးရှားအောက်က လွတ်မြောက်ဖို့ တိုက်ပွဲဝင်ခဲ့ကြတဲ့ ခေါင်းဆောင်ဟောင်းတွေ ဖြစ်ကြပါတယ်။ သမတ Francisco Guterres ဟာ လက်နက်ကိုင် ပျောက်ကျားခေါင်းဆောင် တဦးဖြစ်ခဲ့ပါတယ်။ ရားမို့စ် ကတော့ အင်ဒိုနီးရှားနဲ့ ငြိမ်းချမ်းရေးအတွက်ဆွေးနွေးခဲ့ပါတယ်။ အဲဒီအတွက် ကက်သလစ်ဘုန်းတော်ကြီး Carlos Belo နဲ့ အတူ နိုဘယ်ငြိမ်းချမ်းရေးဆု ရခဲ့ပါတယ်။

အရှေ့တီမောဟာ အင်ဒိုနီးရှား သိမ်းပိုက်မှုအောက် ၂၅ နှစ်ကျော်ကြာခဲ့ပြီး၊ ၂၀၀၂ ခုနှစ်မှ ာ လွတ်လပ်ရေးရခဲ့ပါတယ်။ Jose Ramos Horta ကတော့ ၂၀၀၇ ခုနှစ်ကနေ ၂၀၀၁၂ ခုနှစ်အ ထိပထမတကြိမ် သမ္မတ ဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG