Zawgyi/Unicode
ေနာ္ေဝ အတြက္ ေလာင္စာဆီ သယ္ေဆာင္လာတဲ႔ ႐ုရွားသေဘၤာကို Green Peace တားဆီး
စိမ္းလန္းစိုေျပေရးနဲ႔ ၿငိမ္းခ်မ္းေရး လႈပ္ရွားမႈ Green Peace လႈပ္ရွားသူေတြဟာ ရုရွားႏုိ င္ငံကေန ေနာ္ေ၀ႏုိင္ငံကုိ ေလာင္စာဆီေတြ သယ္ေဆာင္လာတဲ့ သေဘၤာကုိ တနလၤာေန႔က ကမ္းမကပ္ႏုိင္ေအာင္ ပိတ္ဆုိ႔တားဆီး ထားပါတယ္။
ရုရွားက ယူကရိန္းကု ိက်ဴးေက်ာ္တဲ့ အတြက္ ကန္႔ကြက္တဲ့ အေနနဲ႔ အခုလုိ လုပ္ေဆာင္တာျဖစ္ပါတယ္။
ရုရွား Ust Luga ထုတ္ ေလာင္စာဆီေတြ သယ္ေဆာင္လာတဲ့ ပင္လယ္ကူးသေဘၤာဟာ ေနာ္ေ၀ၿမိဳ့ေတာ္ ေအာ္စလုိနဲ႔ ကီလုိမီတာ ၇၀ ေလာက္အကြာမွာရွိတဲ့ Exxon Mobil ေလာင္စာဆီခ်တဲ့ ဆိပ္ကမ္းအနီးမွာ ေက်ာက္ခ် ရပ္နားထားပါတယ္။
ေ၇နံနဲ႔ ေလာင္စာဆီေတြဟာ ရာသီဥတု ပ်က္စီးေစတဲ့ အေျခခံအေၾကာင္းတရား တင္မကပါဘူး၊ စစ္ပဲြေတြနဲ႔ ပဋိပကၡေတြရဲ့ အေျခခံ အေၾကာင္းအရာတခုလည္း ျဖစ္ပါတယ္လုိ႔ ေနာ္ေ၀း Green Peace အဖဲြ႔ရဲ့ ေခါင္းေဆာင္ Frode Pleym ကေျပာဆုိ ပါတယ္။
လႈပ္ရွားသူေတြဟာ ေရနံတင္သေဘၤာရဲ့ ေက်ာက္ဆူးႀကိဳးနဲ႔ သူတို႔ သေဘၤာငယ္ကုိ သံႀကိဳးနဲ႔ ပူးတဲြ တုပ္ေႏွာင္ထားၿပီး ေရနံတင္သေဘၤာ ထြက္လုိ႔မရေအာင္ လုပ္ထားပါတယ္။
ဒါ့အျပင္ ေနာ္ေ၀အစိုးရအေနနဲ႔ ရုရွားကေန ေလာင္စာဆီ တင္သြင္းတာကုိ ပိတ္ပင္ဖုိ႔နဲ႔ Exxon ကုမၸဏီ အေနနဲ႔ ရုရွားနဲ႔ စာခ်ဳပ္ထားတာေတြကုိ ပယ္ဖ်က္ပစ္ဖို႔ ေတာင္းဆုိထားပါတယ္။
##
Unicode
နော်ဝေ အတွက် လောင်စာဆီ သယ်ဆောင်လာတဲ့ ရုရှားသင်္ဘောကို Green Peace တားဆီး
စိမ်းလန်းစိုပြေရေးနဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှု Green Peace လှုပ်ရှားသူတွေဟာ ရုရှားနို င်ငံကနေ နော်ဝေနိုင်ငံကို လောင်စာဆီတွေ သယ်ဆောင်လာတဲ့ သင်္ဘောကို တနင်္လာနေ့က ကမ်းမကပ်နိုင်အောင် ပိတ်ဆို့တားဆီး ထားပါတယ်။
ရုရှားက ယူကရိန်းကု ိကျူးကျော်တဲ့ အတွက် ကန့်ကွက်တဲ့ အနေနဲ့ အခုလို လုပ်ဆောင်တာဖြစ်ပါတယ်။
ရုရှား Ust Luga ထုတ် လောင်စာဆီတွေ သယ်ဆောင်လာတဲ့ ပင်လယ်ကူးသင်္ဘောဟာ နော်ဝေမြို့တော် အော်စလိုနဲ့ ကီလိုမီတာ ၇၀ လောက်အကွာမှာရှိတဲ့ Exxon Mobil လောင်စာဆီချတဲ့ ဆိပ်ကမ်းအနီးမှာ ကျောက်ချ ရပ်နားထားပါတယ်။
ရေနံနဲ့ လောင်စာဆီတွေဟာ ရာသီဥတု ပျက်စီးစေတဲ့ အခြေခံအကြောင်းတရား တင်မကပါဘူး၊ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေရဲ့ အခြေခံ အကြောင်းအရာတခုလည်း ဖြစ်ပါတယ်လို့ နော်ဝေး Green Peace အဖွဲ့ရဲ့ ခေါင်းဆောင် Frode Pleym ကပြောဆို ပါတယ်။
လှုပ်ရှားသူတွေဟာ ရေနံတင်သင်္ဘောရဲ့ ကျောက်ဆူးကြိုးနဲ့ သူတို့ သင်္ဘောငယ်ကို သံကြိုးနဲ့ ပူးတွဲ တုပ်နှောင်ထားပြီး ရေနံတင်သင်္ဘော ထွက်လို့မရအောင် လုပ်ထားပါတယ်။
ဒါ့အပြင် နော်ဝေအစိုးရအနေနဲ့ ရုရှားကနေ လောင်စာဆီ တင်သွင်းတာကို ပိတ်ပင်ဖို့နဲ့ Exxon ကုမ္ပဏီ အနေနဲ့ ရုရှားနဲ့ စာချုပ်ထားတာတွေကို ပယ်ဖျက်ပစ်ဖို့ တောင်းဆိုထားပါတယ်။