သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္စစ္ ေဝဖန္သူမ်ား ဖမ္းဆီး တရားစြဲခံရ


႐ုရွားအစုိးရကို ေဝဖန္ေလ့ရွိသူ Vladimir Kara-Murza. (ေဖေဖာ္ဝါရီ ၂၇၊ ၂၀၂၁)

(Zawgyi / Unicode)

႐ုရွားႏိုင္ငံရဲ႕ လက္နက္ကိုင္တပ္ဖြဲ႕ေတြနဲ႔ ပတ္သက္ၿပီး “သတင္းမွား” ျဖန႔္ခ်ိတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ထင္ရွားတဲ့ ႐ုရွားအတိုက္အခံတဦးကို အာဏာပိုင္ေတြက ေသာၾကာေန႔မွာ ဖမ္းဆီးခဲ့ၿပီး အမႈဖြင့္ၿပီးေတာ့ ရမန္ယူ ခ်ဳပ္ထားလိုက္တယ္လို႔ AP သတင္းတပုဒ္မွာ ေရးထားပါတယ္။

Vladimir Kara-Murza Jr. ကို ဇြန္လ ၁၂ ရက္ေန႔ထိ ခ်ဳပ္ထားဖို႔ ေမာ္စကိုၿမိဳ႕ တရား႐ုံးတခုက ၫႊန္ၾကားခဲ့တာပါ။

အေမရိကန္ျပည္ေထာင္စု၊ အရီဇိုးနားျပည္နယ္ ေအာက္လႊတ္ေတာ္မွာ မတ္လ ၁၅ ရက္ေန႔က ေျပာခဲ့တဲ့ မိန႔္ခြန္းထဲမွာ Kara-Murza က ယူကရိန္းစစ္ပြဲကို ျပစ္တင္႐ႈတ္ခ်ခဲ့တဲ့အေပၚ သတင္းမွားျဖန႔္ခ်ိတယ္ဆိုတဲ့ စြဲခ်က္နဲ႔ ဖမ္းဆီး တရားစြဲဆိုထားတာလို႔ ေရွ႕ေနျဖစ္သူ Vadim Prokhorov က သတင္းေထာက္ေတြကို ေျပာပါတယ္။ Kara-Murza ကေတာ့ စြပ္စြဲခ်က္ေတြကို ပယ္ခ်ထားပါတယ္။

႐ုရွားအေျခစိုက္ သီးျခားလြတ္လပ္တဲ့ ထိပ္တန္းသတင္းဌာနျဖစ္တဲ့ Meduza အြန္လိုင္းသတင္းဌာနရဲ႕ ထုတ္ေဝသူေဟာင္းျဖစ္ၿပီး ႐ုရွားအစိုးရကို ေဝဖန္ေျပာဆိုေလ့ရွိတဲ့ Ilya Krasilshchik ကိုလည္း အလားတူ စြပ္စြဲခ်က္ေတြနဲ႔ တရားစြဲထားတယ္လို႔ ႐ုရွား သတင္းမီဒီယာေတြက ေဖာ္ျပၾကပါတယ္။

ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္တိုက္ခိုက္တဲ့ေအပၚ ျပစ္တင္ေဝဖန္သူေတြကို ႐ုရွား အာဏာပိုင္ေတြက အျပင္းအထန္ ႏွိမ္နင္းေနတာမွာ အစိုးရကို အျပင္းအထန္ ေဝဖန္ေလ့ရွိတဲ့ ထင္ရွားသူႏွစ္ဦးလည္း ပါလာတာပါ။

ေဖေဖာ္ဝါရီလေႏွာင္းပိုင္းမွာ ယူကရိန္းကို ႐ုရွားတပ္ေတြ က်ဴးေက်ာ္ဝင္ေရာက္ခဲ့ၿပီး သိပ္မၾကာခင္မွာပဲ ႐ုရွားစစ္ဘက္နဲ႔ ပတ္သက္ၿပီး သတင္းမွား ျဖန႔္ခ်ိတယ္လို႔ ဆိုတာကို ရာဇဝတ္မႈေျမာက္တဲ့ လုပ္ရပ္အျဖစ္ ဥပေဒျပ႒ာန္းခဲ့ပါတယ္။ ဒီဥပေဒအရ ျပစ္မႈက်ဴးလြန္ေၾကာင္း တရား႐ုံးက ဆုံးျဖတ္ရင္ ေထာင္ဒဏ္ ၁၅ ႏွစ္ထိ ခ်မွတ္ခံရႏိုင္ပါတယ္။

အခုခ်ိန္ထိဆိုရင္ က်ဴးေက်ာ္စစ္နဲ႔ပတ္သက္လို႔ ဒီဥပေဒအရ တရားစြဲခဲ့တဲ့အမႈေပါင္း ၃၂ မႈရွိၿပီလို႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

ယူကရိန်းကို ရုရှားကျူးကျော်စစ် ဝေဖန်သူများ ဖမ်းဆီး တရားစွဲခံရ

ရုရှားနိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး “သတင်းမှား” ဖြန့်ချိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထင်ရှားတဲ့ ရုရှားအတိုက်အခံတဦးကို အာဏာပိုင်တွေက သောကြာနေ့မှာ ဖမ်းဆီးခဲ့ပြီး အမှုဖွင့်ပြီးတော့ ရမန်ယူ ချုပ်ထားလိုက်တယ်လို့ AP သတင်းတပုဒ်မှာ ရေးထားပါတယ်။

Vladimir Kara-Murza Jr. ကို ဇွန်လ ၁၂ ရက်နေ့ထိ ချုပ်ထားဖို့ မော်စကိုမြို့ တရားရုံးတခုက ညွှန်ကြားခဲ့တာပါ။

အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ် အောက်လွှတ်တော်မှာ မတ်လ ၁၅ ရက်နေ့က ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ Kara-Murza က ယူကရိန်းစစ်ပွဲကို ပြစ်တင်ရှုတ်ချခဲ့တဲ့အပေါ် သတင်းမှားဖြန့်ချိတယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီး တရားစွဲဆိုထားတာလို့ ရှေ့နေဖြစ်သူ Vadim Prokhorov က သတင်းထောက်တွေကို ပြောပါတယ်။ Kara-Murza ကတော့ စွပ်စွဲချက်တွေကို ပယ်ချထားပါတယ်။

ရုရှားအခြေစိုက် သီးခြားလွတ်လပ်တဲ့ ထိပ်တန်းသတင်းဌာနဖြစ်တဲ့ Meduza အွန်လိုင်းသတင်းဌာနရဲ့ ထုတ်ဝေသူဟောင်းဖြစ်ပြီး ရုရှားအစိုးရကို ဝေဖန်ပြောဆိုလေ့ရှိတဲ့ Ilya Krasilshchik ကိုလည်း အလားတူ စွပ်စွဲချက်တွေနဲ့ တရားစွဲထားတယ်လို့ ရုရှား သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်တဲ့အေပါ် ပြစ်တင်ဝေဖန်သူတွေကို ရုရှား အာဏာပိုင်တွေက အပြင်းအထန် နှိမ်နင်းနေတာမှာ အစိုးရကို အပြင်းအထန် ဝေဖန်လေ့ရှိတဲ့ ထင်ရှားသူနှစ်ဦးလည်း ပါလာတာပါ။

ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ယူကရိန်းကို ရုရှားတပ်တွေ ကျူးကျော်ဝင်ရောက်ခဲ့ပြီး သိပ်မကြာခင်မှာပဲ ရုရှားစစ်ဘက်နဲ့ ပတ်သက်ပြီး သတင်းမှား ဖြန့်ချိတယ်လို့ ဆိုတာကို ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်အဖြစ် ဥပဒေပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေအရ ပြစ်မှုကျူးလွန်ကြောင်း တရားရုံးက ဆုံးဖြတ်ရင် ထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်ခံရနိုင်ပါတယ်။

အခုချိန်ထိဆိုရင် ကျူးကျော်စစ်နဲ့ပတ်သက်လို့ ဒီဥပဒေအရ တရားစွဲခဲ့တဲ့အမှုပေါင်း ၃၂ မှုရှိပြီလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

XS
SM
MD
LG