သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေထာင္ဒဏ္ခ်မွတ္မႈ ကုလနဲ႔ EU ရႈတ္ခ်


[[ ZAWGYI / UNICODE ]]

ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေထာင္ဒဏ္ခ်မွတ္မႈ ကုလနဲ႔ EU ရႈတ္ခ်

ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီတရားရုံးကေန မေန႔ ဗုဒၶဟူးေန႔က ေထာင္ဒဏ္ ၅ ႏွစ္ ထပ္မံ ခ်မွတ္လိုက္တာနဲ႔ ပတ္သက္ၿပီး ကုလသမဂၢအဖြဲ႔ႀကီးနဲ႔ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြက ျပင္းျပင္းထန္ထန္ ရႈတ္ခ်ၾကပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး ကိုခင္ေမာင္စိုးမင္းက စုစည္းတင္ျပပါမယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီတရားရုံးကေန အဲဒီလို ျပစ္ဒဏ္ခ်မွတ္လိုက္တဲ့အေပၚမွာ ကုလသမဂၢကလည္း ျပင္းျပင္းထန္ထန္ ရႈတ္ခ်လိုက္ပါတယ္။ ဒါနဲ႔ ပတ္သက္ၿပီး ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ António Guterres ရဲ႕ ဒုတိယ ေျပာေရးဆိုခြင့္ရွိသူ Farhan Haq က သတင္းစာရွင္းလင္းပြဲမွာ အခုလိုေျပာပါတယ္။

" ျမန္မာစစ္တပ္က မႏွစ္ ေဖေဖာ္ဝါရီလဆန္းက အာဏာသိမ္းယူခဲ့တဲ့အေပၚမွာ ကုလသမဂၢ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ ကေန ရႈတ္ခ်တဲ့အေၾကာင္း ထပ္ေလာင္ေျပာၾကားခဲ့ၿပီး လူ႔အခြင့္အေရးကို ေလးစြားလိုက္နာၿပီး ဖိႏိုပ္အၾကမ္းဖက္မႈေတြကို ခ်က္ခ်င္းရပ္ဆိုင္းဖို႔ တိုက္တြန္းလိုက္ပါတယ္။ ဒါအျပင္ ႏိုင္ငံေရး အက်ဥ္းသားေတြကို ခ်က္ျခင္းလြႊတ္ေပးဖို႔လည္း ေတာင္းဆိုလိုက္ပါတယ္။ "

အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေၾကညာစာတမ္းတြင္ တရားဥပေဒအရ အျပစ္ရွိေၾကာင္း မဆုံးျဖတ္ခင္ တန္းတူညီမွ်ၿပီး အျပစ္ကင္းစင္သည္ဟု ယူဆကာ လြတ္လပ္တဲ့ ခုံရုံး စစ္ေဆးခ်က္ေတြကို လူအမ်ား ၾကားနာခြင့္ရွိပါတယ္။ ဒါအျပင္ လြတ္လပ္မႈရွိတဲ့ တရားရုံးေတြမွာလည္း လူတေယာက္ရဲ႕ခုခံကာကြယ္ခြင့္ အားလုံးကို အာမခံခ်က္ေပးရပါမယ္။

ေဒၚေအာင္ဆန္းစုၾကည္ ကို ျမန္မာစစ္ေကာင္စီက အဲဒီလို ေထာင္ဒဏ္ ၅ ႏွစ္ ခ်မွတ္လိုက္တဲ့အေပၚ ဥေရာပ သမဂၢ EU ကလည္း မေန႔ ဗုဒ္ဓဟူးေန႔က ျပစ္တင္ရႈတ္ခ်လိုက္က္ပါတယ္။ ဒါဟာ တရားဥပေဒ စိုးမိုးေရးကို ခ်ိဳးေဖာက္လိုက္တဲ့ ေနာက္ထပ္ အဓိက ေျခလွမ္းျဖစ္ၿပီး စစ္တပ္ အာဏာသိမ္းၿပီးေနာက္ ဒီမိုကေရစီအတြက္ ဆုတ္ယုတ္မႈျဖစ္တယ္လို႔ ဥေရာပသမဂၢ ေျပာေရးဆိုခြင့္ရွိသူ က ေၾကညာခ်က္ထုတ္ေျပာဆိုလိုက္ပါတယ္။

ဒါ့အျပင္ ASEAN အေရွ႕ေတာင္ အာရွႏိုင္ငံမ်ားအဖြဲ႕က ခ်မွတ္ထားတဲ့ မူ ၅ ခ်က္ထဲမွာ ပါဝင္တဲ့ ေဆြးေႏြးပြဲေတြကေန ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ဖယ္ရွားဖို႔ ႀကိဳးစားမႈတခုလည္းျဖစ္တယ္လို႔ ေျပာပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးထားတဲ့ ႏိုင္ငံေရး အက်ဥ္းသား အားလုံးကို ႁခြင္းခ်က္မ ရွိ ခ်က္ခ်င္းလႊတ္ေပးဖို႔လည္း ထပ္ေလာင္း ေတာင္းဆိုလိုက္ပါတယ္လို႔ ေျပာပါတယ္။ ႏိုင္ငံ ၂၇ ႏိုင္ငံ နဲ႔ ဖြဲ႕စည္းထားတဲ့ ဥေရာပ သမဂၢအဖြဲ႕ EU အဖြဲ႕ႀကီးအေနနဲ႔ ျမန္မာစစ္အစိုးရကို စစ္အာဏာသိမ္းၿပီးကတည္းက ပိတ္ဆို႔ ဒဏ္ခတ္မႈေတြ ျပဳလုပ္ထားပါတယ္။

အလားတူ ျမန္မာႏိုင္ငံ ဒီမိုကေရစီရရွိေရး ေဆာင္ရြက္ေနတဲ့ Burma Campaign UK အဖြဲ႔ကလည္း ေဒၚေအာင္ဆန္းစုၾကည္ကို မေန႔ ဗုဒ္ဓဟူးေန႔က ေထာင္ဒဏ္ခ်မွတ္ လိုက္တဲ့အေပၚမွာ ျပင္းျပင္းထန္ထန္ ရႈတ္ခ်လိုက္ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး Burma Campaign UK အဖြဲ႔ က မေဝႏွင္းပြင့္သုန္ က အခုလို ေျပာပါတယ္။

“လူေတြကို ဖမ္းတာက ေၾကာက္စရာ မဟုတ္ဘူး၊ လူထုကို ပိုၿပီး ေဒါသ ထြက္ေစတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ လူတိုင္းက ငါတို႔ဟာ တျခား စစ္အာဏာရွင္ စနစ္ေအာက္မွာ ေနလို႔မရဘူး၊ ဒီလို ဥပေဒမဲ့ ဖမ္းဆီးမႈေတြ ဆက္ၿပီး မေနႏိုင္ေတာ့လို႔ လုံးလုံးလ်ားလ်ား လုပ္ေနတယ္။ တပ္မေတာ္ရဲ႕ေမွ်ာ္လင့္ခ်က္နဲ႔ ဆန႔္က်င္ဘက္ပါ။”

ေဒၚေအာင္ဆန္းစုၾကည္အေပၚ မေန႔ ဗုဒ္ဓဟူးေန႔က ျပစ္ဒဏ္ခ်မွတ္တဲ့ အမႈကေတာ့ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းဆီ ကေန အေမရိကန္ ေဒၚလာ ၆ သိန္းနဲ႔ ေ႐ႊ ၇ ပိႆာကို ၃ ခါ ခြဲယူခဲ့တယ္လို႔ စြပ္စြဲထားတဲ့အမႈ ျဖစ္ပါတယ္။ စစ္ေကာင္စီဟာ ေဒၚေအာင္ဆန္းစုၾကည္ကို ဒီအမႈအပါအဝင္ အဂတိအမႈေပါင္း ၁၀ မႈေက်ာ္နဲ႔ တရားစြဲဆိုခဲ့ပါတယ္။ ဒါအျပင္ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ အက္ဥပေဒခ်ိဳးေဖာက္မႈ၊ သဘာဝကပ္ေဘးဥပေဒ ခ်ိဳးေဖာက္မႈ၊ ေ႐ြးေကာက္ပြဲဥပေဒခ်ိဳးေဖာက္မႈ အပါအဝင္ ပုဒ္မအမ်ားအျပားနဲ႔ တရားစြဲဆိုခံထားရပါတယ္။

တိုက္႐ိုက္ လင့္ခ္

= = = = = = = = =

{{ UNICODE }}

ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ချမှတ်မှု ကုလနဲ့ EU ရှုတ်ချ

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတရားရုံးကနေ မနေ့ ဗုဒ္ဓဟူးနေ့က ထောင်ဒဏ် ၅ နှစ် ထပ်မံ ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ရှုတ်ချကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကိုခင်မောင်စိုးမင်းက စုစည်းတင်ပြပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတရားရုံးကနေ အဲဒီလို ပြစ်ဒဏ်ချမှတ်လိုက်တဲ့အပေါ်မှာ ကုလသမဂ္ဂကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ရဲ့ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Farhan Haq က သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောပါတယ်။

" မြန်မာစစ်တပ်က မနှစ် ဖေဖော်ဝါရီလဆန်းက အာဏာသိမ်းယူခဲ့တဲ့အပေါ်မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကနေ ရှုတ်ချတဲ့အကြောင်း ထပ်လောင်ပြောကြားခဲ့ပြီး လူ့အခွင့်အရေးကို လေးစွားလိုက်နာပြီး ဖိနိုပ်အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ဆိုင်းဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါအပြင် နိုင်ငံရေး အကျဉ်းသားတွေကို ချက်ခြင်းလွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။ "

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းတွင် တရားဥပဒေအရ အပြစ်ရှိကြောင်း မဆုံးဖြတ်ခင် တန်းတူညီမျှပြီး အပြစ်ကင်းစင်သည်ဟု ယူဆကာ လွတ်လပ်တဲ့ ခုံရုံး စစ်ဆေးချက်တွေကို လူအများ ကြားနာခွင့်ရှိပါတယ်။ ဒါအပြင် လွတ်လပ်မှုရှိတဲ့ တရားရုံးတွေမှာလည်း လူတယောက်ရဲ့ခုခံကာကွယ်ခွင့် အားလုံးကို အာမခံချက်ပေးရပါမယ်။

ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာစစ်ကောင်စီက အဲဒီလို ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တဲ့အပေါ် ဥရောပ သမဂ္ဂ EU ကလည်း မနေ့ ဗုဒ်ဓဟူးနေ့က ပြစ်တင်ရှုတ်ချလိုက်က်ပါတယ်။ ဒါဟာ တရားဥပဒေ စိုးမိုးရေးကို ချိုးဖောက်လိုက်တဲ့ နောက်ထပ် အဓိက ခြေလှမ်းဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် ဒီမိုကရေစီအတွက် ဆုတ်ယုတ်မှုဖြစ်တယ်လို့ ဥရောပသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ က ကြေညာချက်ထုတ်ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ASEAN အရှေ့တောင် အာရှနိုင်ငံများအဖွဲ့က ချမှတ်ထားတဲ့ မူ ၅ ချက်ထဲမှာ ပါဝင်တဲ့ ဆွေးနွေးပွဲတွေကနေ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖယ်ရှားဖို့ ကြိုးစားမှုတခုလည်းဖြစ်တယ်လို့ ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မ ရှိ ချက်ချင်းလွှတ်ပေးဖို့လည်း ထပ်လောင်း တောင်းဆိုလိုက်ပါတယ်လို့ ပြောပါတယ်။ နိုင်ငံ ၂၇ နိုင်ငံ နဲ့ ဖွဲ့စည်းထားတဲ့ ဥရောပ သမဂ္ဂအဖွဲ့ EU အဖွဲ့ကြီးအနေနဲ့ မြန်မာစစ်အစိုးရကို စစ်အာဏာသိမ်းပြီးကတည်းက ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ပြုလုပ်ထားပါတယ်။

အလားတူ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မနေ့ ဗုဒ်ဓဟူးနေ့က ထောင်ဒဏ်ချမှတ် လိုက်တဲ့အပေါ်မှာ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး Burma Campaign UK အဖွဲ့ က မဝေနှင်းပွင့်သုန် က အခုလို ပြောပါတယ်။

“လူတွေကို ဖမ်းတာက ကြောက်စရာ မဟုတ်ဘူး၊ လူထုကို ပိုပြီး ဒေါသ ထွက်စေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူတိုင်းက ငါတို့ဟာ တခြား စစ်အာဏာရှင် စနစ်အောက်မှာ နေလို့မရဘူး၊ ဒီလို ဥပဒေမဲ့ ဖမ်းဆီးမှုတွေ ဆက်ပြီး မနေနိုင်တော့လို့ လုံးလုံးလျားလျား လုပ်နေတယ်။ တပ်မတော်ရဲ့မျှော်လင့်ချက်နဲ့ ဆန့်ကျင်ဘက်ပါ။”

ဒေါ်အောင်ဆန်းစုကြည်အပေါ် မနေ့ ဗုဒ်ဓဟူးနေ့က ပြစ်ဒဏ်ချမှတ်တဲ့ အမှုကတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီ ကနေ အမေရိကန် ဒေါ်လာ ၆ သိန်းနဲ့ ရွှေ ၇ ပိဿာကို ၃ ခါ ခွဲယူခဲ့တယ်လို့ စွပ်စွဲထားတဲ့အမှု ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီအမှုအပါအဝင် အဂတိအမှုပေါင်း ၁၀ မှုကျော်နဲ့ တရားစွဲဆိုခဲ့ပါတယ်။ ဒါအပြင် နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေချိုးဖောက်မှု၊ သဘာဝကပ်ဘေးဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲဥပဒေချိုးဖောက်မှု အပါအဝင် ပုဒ်မအများအပြားနဲ့ တရားစွဲဆိုခံထားရပါတယ်။

XS
SM
MD
LG