သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (UNWTO) အဖွဲ့ဝင် အဖြစ်က ဆိုင်းငံ့


Russia Ukraine War Gagauzia
Russia Ukraine War Gagauzia

Zawgyi/Unicode

ရုရှားကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (UNWTO) အဖွဲ့ဝင် အဖြစ်က ဆိုင်းငံ့

ယူကရိန်းအပေါ် ကျုးကျော် တိုက်ခိုက်မှုအတွက် ကုလသမဂ္ဂရဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (UNWTO) အဖွဲ့ဝင် အဖြစ်ကနေ ရုရှားကို ဆိုင်းငံ့ထား လိုက်ပါတယ်။ အဖွဲ့ဝင် ၁၅၉ နိုင်ငံထဲက အများစုက ရုရှားကို ထုတ်မယ့်အဆိုကို ထောက်ခံခဲ့ကြကြောင်းလည်း UNWTO ပြောခွင့်ရက ပြောပါတယ်။

စပိန်၊ ဂျပန်၊ ပိုလန်နဲ့ ပြင်သစ်နိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံက မတ်လထဲမှာ တင်သွင်းတဲ့ အဆိုကို အဖွဲ့ဝင် ဘယ်နှစ်နိုင်ငံက ထောက်ခံမှု ပေးခဲ့သလဲ ဆိုတာကိုတော့ အတိအကျ မပြောပါဘူး။ အဖွဲ့ဝင်အဖြစ်က ဆိုင်းငံ့ခံရမယ့် အလားအလာတွေ ရှိနေတာကြောင့်၊ ညီလာခံမှာ အဆိုကို မဲမခွဲခင်မှာပဲ ရုရှားက အဖွဲ့ဝင်အဖြစ်က နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး ကိုယ်စားလှယ်ဟာလည်း ညီလာခံက ထွက်ခွာသွားခဲ့တာပါ။

UNWTO အတွင်းရေးမှူးချုပ် Zurab Pololikashvili ကတော့ ရှင်းရှင်းလင်းလင်း သတင်းစကားပါးလိုက်တဲ့ လုပ်ရပ်အဖြစ် မဲခွဲဆုံးဖြတ်အပြီးမှာပဲ Twitter လူမှုကွန်ရက်မကနေ ပြောဆိုလိုက်ပါတယ်။ လုပ်ရပ်တိုင်းမှာ နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိစမြဲဖြစ်ပြီး ငြိမ်းချမ်းရေးဟာ အခြေခံ လူ့အခွင့်အရေး ဖြစ်သလို၊ အားလုံးခံစားခွင့် ရှိရမှာ ဖြစ်ကြောင်းလည်း ပြောခဲ့တာပါ။

ညီလာခံဥက္ကဋ္ဌ စပိန်နိုင်ငံ ခရီးသွားလုပ်ငန်း ဝန်ကြီး Maria Reyes Maroto ကလည်း ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပါတယ်။ ရုရှားသမ္မတ Vladimir Putin ရဲ့ ယူကရိန်းအပေါ် ကျုးကျော်တိုက်ခိုက်မှုဟာ ကုလသမဂ္ဂရဲ့ အခြေခံ ရပ်တည်ချက်တွေကို ချိုးဖောက်ရာ ရောက်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ ယူကရိန်းစစ်ပွဲကြောင့် ကိုဗစ်ကပ်ရောဂါက ပြန်လည်နာလန်ထူဖို့ ကြိုးပမ်းနေရတဲ့ ကမ္ဘာ့ခရီးသွား လုပ်ငန်းအပေါ် ထိခိုက်မှုတွေ ကြုံရနိုင်တယ်လို့လည်း UNWTO က သတိပေးခဲ့ပါတယ်။

ရုရှားကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (UNWTO) အဖွဲ့ဝင် အဖြစ်က ဆိုင်းငံ့
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

##

Unicode






XS
SM
MD
LG