(Zawgyi/Unicode)
ကုလအႀကီးအကဲေရာက္ရွိေနတဲ႔ ႏိုင္ဂ်ီးရီးယားမွာ အစြန္းေရာက္ေတြ လက္ခ်က္ လူ ၇ ဦးမကေသဆံုး
ႏုိင္ဂ်ီးရီးယားႏုိင္ငံ အေရွ႕ ေျမာက္ေဒသ Borno ျပည္နယ္အတြင္း အဂၤါေန႔တုန္းက အစၥ လမ္းမစ္ အစြန္းေရာက္အဖဲြ႔က တုိက္ခုိက္ခဲ့တဲ့အတြက္ အနည္းဆုံး ၇ ဦး ေသဆုံးခဲ့ ေၾကာင္း မ်က္ျမင္သက္ေသေတြက ဗုဒၶဟူးေန႔မွာေျပာဆုိခဲ့ပါတယ္။
ဒီတုိက္ခုိက္မႈဟာ ကုလသမဂၢအတြင္းေရးမွဴး ခ်ဳပ္ Antonio Guterres အဲ့ဒိ ျပည္နယ္အတြင္းေရာက္ရွိခ်ိန္နဲ႔ တုိက္ဆုိင္ျဖစ္ပြားခဲ့တာပါ။
စစ္ေသြးၾကြေတြဟာ Borno ျပည္နယ္၊ Chibok ေဒသထဲက Kautukari ရြာကုိ အဂၤါေန႔ညေနပုိင္းက တုိက္ခုိက္ခဲ့တာပါ။
ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ဟာ ျပည္နယ္ၿမိဳ႕ ေတာ္ Maiduguri မွာ၊ ၿငိမ္းခ်မ္းေရးရယူခဲ့တဲ့ စစ္ေသြးၾကြအုပ္စုေဟာင္းေတြနဲ႔ ေထာင္နဲ႔ခ်ီတဲ့ စစ္ေၾကာင့္ အုိးမဲ့အိမ္မဲ့ျဖစ္ရသူေတြကုိ သြားေရာက္ေတြ႔ဆုံခဲ့ပါတယ္။
စစ္ေသြးၾကြတပ္ဖဲြ႔ေတြဟာ သာလြန္တဲ့လက္ႏွက္အင္အားနဲ႔ ရြာကုိ၀င္ေရာက္တုိက္ခုိက္ သိမ္းပုိက္ခဲ့တဲ့အတြက္ အနည္းဆုံး ၁၀ ေယာက္ေလာက္ ထိခုိက္ေသဆုံးခဲ့တယ္လုိ႔ ေက်းရြာလူႀကီးက ေျပာပါတယ္။
ႏုိင္ဂ်ီးရီးယားမွာ အစၥလမ္းမစ္အစြန္းေရာက္ေတြရဲ႕ အၾကမ္းဖက္တုိက္ခုိက္မႈေၾကာင့္ နည္းဆုံး လူ ၃ ေသာင္း ၅ ေထာင္ေလာက္ေသဆုံးၿပီး သန္းနဲ႔ ခ်ီအုိးမဲ့အိမ္မဲ့ျဖစ္ခဲ့ရ တယ္လုိ႔ ကုလသမဂၢကေျပာဆုိထားပါတယ္။
----------------
(Unicode)
ကုလအကြီးအကဲရောက်ရှိနေတဲ့ နိုင်ဂျီးရီးယားမှာ အစွန်းရောက်တွေ လက်ချက် လူ ၇ ဦးမကသေဆုံး
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့ မြောက်ဒေသ Borno ပြည်နယ်အတွင်း အင်္ဂါနေ့တုန်းက အစ္စ လမ်းမစ် အစွန်းရောက်အဖွဲ့က တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး ၇ ဦး သေဆုံးခဲ့ ကြောင်း မျက်မြင်သက်သေတွေက ဗုဒ္ဓဟူးနေ့မှာပြောဆိုခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ် Antonio Guterres အဲ့ဒိ ပြည်နယ်အတွင်းရောက်ရှိချိန်နဲ့ တိုက်ဆိုင်ဖြစ်ပွားခဲ့တာပါ။
စစ်သွေးကြွတွေဟာ Borno ပြည်နယ်၊ Chibok ဒေသထဲက Kautukari ရွာကို အင်္ဂါနေ့ ညနေပိုင်းက တိုက်ခိုက်ခဲ့တာပါ။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟာ ပြည်နယ်မြို့ တော် Maiduguri မှာ၊ ငြိမ်းချမ်းရေးရယူခဲ့တဲ့ စစ်သွေးကြွအုပ်စုဟောင်းတွေနဲ့ ထောင်နဲ့ချီတဲ့ စစ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ရသူတွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။
စစ်သွေးကြွတပ်ဖွဲ့တွေဟာ သာလွန်တဲ့လက်နှက်အင်အားနဲ့ ရွာကိုဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့အတွက် အနည်းဆုံး ၁၀ ယောက်လောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ကျေးရွာလူကြီးက ပြောပါတယ်။
နိုင်ဂျီးရီးယားမှာ အစ္စလမ်းမစ်အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် နည်းဆုံး လူ ၃ သောင်း ၅ ထောင်လောက်သေဆုံးပြီး သန်းနဲ့ ချီအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ တယ်လို့ ကုလသမဂ္ဂကပြောဆိုထားပါတယ်။