သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ဂ်ီးရီးယား ေရြးေကာက္ပဲြေကာ္မရွင္ရံုးေတြ တိုက္ခိုက္ခံရ


မွတ္တမ္းဓါတ္ပံု- ၂၀၁၉ ေဖေဖာ္၀ါရီတုန္းက ႏိုင္ဂ်ီးရီးယားႏိုင္ငံမွာ မဲေပးေနသူ အမ်ိဳးသမီးတဦး

(Zawgyi/Unicode)

ႏုိင္ဂ်ီးရီးယား ႏုိင္ငံရဲ႕ လြတ္လပ္တဲ႔ အမ်ိဳးသား ေရြးေကာက္ပြဲ ဆိုင္ရာ ေကာ္မရွင္ အေဆာက္အအံုေတြ တိုက္ခုိက္ခံရမႈကို စိုးရိမ္ေၾကာင္း ႏုိင္ငံေရး သံုးသပ္သူေတြက ေျပာဆိုၾကပါတယ္။ ၂၀၁၉ ခုႏွစ္ ေရြးေကာက္ပြဲ ေနာက္ပိုင္း ႏုိင္ဂ်ီးရီးယား ေရြးေကာက္ပြဲ ေကာ္မရွင္ အေဆာက္အအံုေတြ တိုက္ခုိက္ခံရမႈ အနည္းဆံုး ၄၂ ႀကိမ္ ရွိေၾကာင္း လြတ္လပ္တဲ႔ ေရြးေကာက္ပြဲ ေကာ္မရွင္ တာ၀န္ရွိသူေတြက ေျပာပါတယ္။

၂၀၁၉ ခုႏွစ္ အတြင္းမွာ ၉ ႀကိမ္ တိုက္ခုိက္ခံရၿပီး ၿပီးခဲ႔တဲ႔ ၂၀၂၀ ျပည့္ႏွစ္ အတြင္း ၂၁ ႀကိမ္ တိုက္ခုိက္ခံခဲ႔ရပါတယ္။ ၿပီးခဲ႔တဲ႔ သီတင္း ၂ ပတ္ အတြင္းမွာေတာ့ ေရြးေကာက္ပြဲ ေကာ္မရွင္ရံုး ၁၂ ခုေက်ာ္ မီးရိႈ႕ခံရတာ ဒါမွမဟုတ္လည္း ဖ်က္စီးခံခဲ႔ရပါတယ္။

တနဂၤေႏြေန႔က ႏုိင္ငံ အေရွ႕ေတာင္ပိုင္း Imo ျပည္နယ္က မဲပံုးေတြ၊ ဆႏၵမဲေပးတဲ႔ အခန္းငယ္ေတြ၊ မီးစက္ေတြနဲ႔ လုပ္ငန္းသံုး ကားေတြ ဖ်က္စီးခံခဲ႔ရပါတယ္။ ေရြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ အေဆာက္အအံုေတြ ဖ်က္စီးခံရမႈ အတိုင္းအတာကို ကနဦး စစ္တမ္း ေကာက္ယူသံုးသပ္ခ်က္ေတြ အရ ဖ်က္ဆီးခံရတဲ႔ ေဒသေတြမွာ ယံုၾကည္စိတ္ခ်ရတဲ႔ ေရြးေကာက္ပြဲေတြ က်င္းပႏုိင္ေရးကို သိသိသာသာ ထိခိုက္ႏုိင္တယ္လို႔ ေရြးေကာက္ပြဲ ဆိုင္ရာ တာ၀န္သူေတြက ေျပာပါတယ္။

ႏုိင္ဂ်ီးရီးယားမွာ လတ္တေလာ လပိုင္းေတြ အတြင္း လက္္နက္ကိုင္ ရာဇ၀တ္ဂိုဏ္းေတြေၾကာင့္ အၾကမ္းဖက္မႈေတြ တိုးလာေနသလို ႏုိင္ငံ အေနာက္ေတာင္ပိုင္းမွာလည္း ခြဲထြက္ေရး လႈပ္ရွားမႈေတြလည္း တိုးလာေနပါတယ္။ ႏုိင္ငံေရး သံုးသပ္သူ Rotimo Olawale ကေတာ့ လံုၿခံဳေရး အေျခအေန အရ ေရြးေကာက္ပြဲေတြ ေႏွာင့္ေႏွးႏုိင္ေပမယ့္လည္း အဟန္႔အတား မျဖစ္ေလာက္ဘူးလို႔ ေျပာပါတယ္။

"၂၀၂၃ ခုႏွစ္ အေထြေထြ ေရြးေကာက္ပြဲကို စီစဥ္ထားတဲ႔ အတိုင္း က်င္းပႏုိင္ဖို႔ ေသခ်ာပါတယ္။ အဆိုးဆံုး အေျခအေနကို မွန္းၾကည့္ရင္ေတာ့ သီတင္းပတ္ အနည္းငယ္ေလာက္ ေရႊ႕ဆိုင္းရႏုိင္ပါတယ္လို႕ " ေျပာခဲ႔တာပါ။

တိုက္ခုိက္မႈေတြဟာ ဘယ္အဖြဲ႔ကလို႔ ရွင္းရွင္းလင္းလင္း မသိရတဲ႔ လက္နက္ကိုင္ အဖြဲ႔ေတြနဲ႔ ခြဲထြက္ေရး အဖြဲ႔ေတြရဲ႕ လက္ခ်က္ ျဖစ္တယ္လို႔ ေရြးေကာက္ပြဲ ေကာ္မရွင္ တာ၀န္ရွိသူေတြက အျပစ္ဖို႔ပါတယ္။ အစိုးရဘက္ကေတာ့ ဒီတိုက္ခုိက္မႈေတြနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ေပး ေျပာဆိုခ်က္ မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္


............

နိုင်ဂျီးရီးယား ရွေးကောက်ပွဲကော်မရှင်ရုံးတွေ တိုက်ခိုက်ခံရ
(Unicode)

နိုင်ဂျီးရီးယား နိုင်ငံရဲ့ လွတ်လပ်တဲ့ အမျိုးသား ရွေးကောက်ပွဲ ဆိုင်ရာ ကော်မရှင် အဆောက်အအုံတွေ တိုက်ခိုက်ခံရမှုကို စိုးရိမ်ကြောင်း နိုင်ငံရေး သုံးသပ်သူတွေက ပြောဆိုကြပါတယ်။ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်း နိုင်ဂျီးရီးယား ရွေးကောက်ပွဲ ကော်မရှင် အဆောက်အအုံတွေ တိုက်ခိုက်ခံရမှု အနည်းဆုံး ၄၂ ကြိမ် ရှိကြောင်း လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၁၉ ခုနှစ် အတွင်းမှာ ၉ ကြိမ် တိုက်ခိုက်ခံရပြီး ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အတွင်း ၂၁ ကြိမ် တိုက်ခိုက်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်း ၂ ပတ် အတွင်းမှာတော့ ရွေးကောက်ပွဲ ကော်မရှင်ရုံး ၁၂ ခုကျော် မီးရှို့ခံရတာ ဒါမှမဟုတ်လည်း ဖျက်စီးခံခဲ့ရပါတယ်။

တနင်္ဂနွေနေ့က နိုင်ငံ အရှေ့တောင်ပိုင်း Imo ပြည်နယ်က မဲပုံးတွေ၊ ဆန္ဒမဲပေးတဲ့ အခန်းငယ်တွေ၊ မီးစက်တွေနဲ့ လုပ်ငန်းသုံး ကားတွေ ဖျက်စီးခံခဲ့ရပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အဆောက်အအုံတွေ ဖျက်စီးခံရမှု အတိုင်းအတာကို ကနဦး စစ်တမ်း ကောက်ယူသုံးသပ်ချက်တွေ အရ ဖျက်ဆီးခံရတဲ့ ဒေသတွေမှာ ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေးကို သိသိသာသာ ထိခိုက်နိုင်တယ်လို့ ရွေးကောက်ပွဲ ဆိုင်ရာ တာဝန်သူတွေက ပြောပါတယ်။

နိုင်ဂျီးရီးယားမှာ လတ်တလော လပိုင်းတွေ အတွင်း လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းတွေကြောင့် အကြမ်းဖက်မှုတွေ တိုးလာနေသလို နိုင်ငံ အနောက်တောင်ပိုင်းမှာလည်း ခွဲထွက်ရေး လှုပ်ရှားမှုတွေလည်း တိုးလာနေပါတယ်။ နိုင်ငံရေး သုံးသပ်သူ Rotimo Olawale ကတော့ လုံခြုံရေး အခြေအနေ အရ ရွေးကောက်ပွဲတွေ နှောင့်နှေးနိုင်ပေမယ့်လည်း အဟန့်အတား မဖြစ်လောက်ဘူးလို့ ပြောပါတယ်။

"၂၀၂၃ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို စီစဉ်ထားတဲ့ အတိုင်း ကျင်းပနိုင်ဖို့ သေချာပါတယ်။ အဆိုးဆုံး အခြေအနေကို မှန်းကြည့်ရင်တော့ သီတင်းပတ် အနည်းငယ်လောက် ရွှေ့ဆိုင်းရနိုင်ပါတယ်လို့ " ပြောခဲ့တာပါ။

တိုက်ခိုက်မှုတွေဟာ ဘယ်အဖွဲ့ကလို့ ရှင်းရှင်းလင်းလင်း မသိရတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ ခွဲထွက်ရေး အဖွဲ့တွေရဲ့ လက်ချက် ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေက အပြစ်ဖို့ပါတယ်။ အစိုးရဘက်ကတော့ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေး ပြောဆိုချက် မရှိပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG