သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

လႊတ္ေတာ္ အေဆာက္အဦထဲ ဝင္ဖို႔ႀကိဳးပမ္းတဲ႔ သီရိလကၤာေက်ာင္းသားေတြ ရဲ ႏွိမ္နင္း


သမၼတ Gotabaya Rajapaksa ႏုတ္ထြက္ေပးဖို႔ ဆႏၵျပေတာင္းဆိုေနစဥ္

[[ ZAWGYI / UNICODE ]]

လႊတ္ေတာ္ အေဆာက္အဦထဲ ဝင္ဖို႔ႀကိဳးပမ္းတဲ႔ သီရိလကၤာေက်ာင္းသားေတြ ရဲ ႏွိမ္နင္း

သိရီလကၤာႏိုင္ငံမွာ အဆိုးဝါးဆုံး စီးပြားေရးအၾကပ္အတည္းေၾကာင့္ သမၼတ Gotabaya Rajapaksa ႏုတ္ထြက္ေပးဖို႔ ဆႏၵျပေတာင္းဆိုေနၾကစဥ္မွာ ၾကာသပေတးေန႔က သိရီလကၤာလႊြတ္ေတာ္ထဲကို ဝင္ေရာက္ဖို႔ ႀကဳိးစားတဲ့ ေက်ာင္းသားေတြကို ရဲတပ္ဖြဲ႔က မ်က္ရည္ယိုဗုံးေတြနဲ႔ ပစ္ခတ္ ႏွိမ္နင္းခဲ့ပါတယ္။

Inter University တကၠသိုလ္ေက်ာင္းသားမ်ား အဖြဲ႔ခ်ဳပ္က ဦးေဆာင္တဲ့ ေက်ာင္းသားေတြက အတားအဆီးေတြကို ဖယ္ရွားဖို႔ လုပ္ေဆာင္ေနစဥ္မွာ ရဲတပ္ဖြဲ႔က မ်က္ရည္ယုိဗုံးေတြနဲ႔ ပစ္ခတ္တာျဖစ္ပါတယ္။ ဆႏၵျပသူ လူစုလူေဝးျဖစ္ေနစဥ္ ရဲတပ္ဖြဲ႔က မ်က္ရည္ယိုဗုံးနဲ႔ ပစ္ခတ္ရာမွာ အနီးရွိ Uyana Park ေစ်းဆိုင္ေတြကို ထိမွန္ကုန္တယ္လို႔ မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။

လူဦးေရ ၂၂ သန္းရွိတဲ့ သိရီလကၤာႏိုင္ငံမွာ အစားအစာ၊ ေလာင္စာဆီနဲ႔ ေဆးဝါးေတြ ျပတ္လပ္ေနၿပီး သမၼတ Rajapaksa နဲ႔ သူမိသားဝင္ေတြ အစိုးရအဖြဲ႔ထဲက ႏုတ္ထြက္ေပးဖို႔ ဆႏၵျပေတာင္းဆိုေနၾကပါတယ္။ ဒါေပမဲ့လည္း သမၼတနဲ႔ သူမိသားဝင္ေတြကေတာ့ သူတို႔အေနနဲ႔ ရာထူးကေန ဆင္းေပမွာ မဟုတ္ေၾကာင္း ရွင္းရွင္းလင္းလင္း ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

============================

{{ UNICODE }}

လွှတ်တော် အဆောက်အဦထဲ ဝင်ဖို့ကြိုးပမ်းတဲ့ သီရိလင်္ကာကျောင်းသားတွေ ရဲ နှိမ်နင်း

သိရီလင်္ကာနိုင်ငံမှာ အဆိုးဝါးဆုံး စီးပွားရေးအကြပ်အတည်းကြောင့် သမ္မတ Gotabaya Rajapaksa နုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုနေကြစဉ်မှာ ကြာသပတေးနေ့က သိရီလင်္ကာလွှွတ်တော်ထဲကို ဝင်ရောက်ဖို့ ကြိုးစားတဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ် နှိမ်နင်းခဲ့ပါတယ်။

Inter University တက္ကသိုလ်ကျောင်းသားများ အဖွဲ့ချုပ်က ဦးဆောင်တဲ့ ကျောင်းသားတွေက အတားအဆီးတွေကို ဖယ်ရှားဖို့ လုပ်ဆောင်နေစဉ်မှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်တာဖြစ်ပါတယ်။ ဆန္ဒပြသူ လူစုလူဝေးဖြစ်နေစဉ် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ရာမှာ အနီးရှိ Uyana Park ဈေးဆိုင်တွေကို ထိမှန်ကုန်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

လူဦးရေ ၂၂ သန်းရှိတဲ့ သိရီလင်္ကာနိုင်ငံမှာ အစားအစာ၊ လောင်စာဆီနဲ့ ဆေးဝါးတွေ ပြတ်လပ်နေပြီး သမ္မတ Rajapaksa နဲ့ သူမိသားဝင်တွေ အစိုးရအဖွဲ့ထဲက နုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုနေကြပါတယ်။ ဒါပေမဲ့လည်း သမ္မတနဲ့ သူမိသားဝင်တွေကတော့ သူတို့အနေနဲ့ ရာထူးကနေ ဆင်းပေမှာ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။

XS
SM
MD
LG