သုံးရလွယ်ကူစေသည့် Link များ

site logo
နောက်ဆုံးရသတင်း

သီရိလင်္ကာ ဝန်ကြီးချုပ် နှုတ်ထွက်


FILE - FILE PHOTO: Sri Lanka's Prime Minister Mahinda Rajapaksa reacts during his swearing in ceremony as the new Prime Minister, at Kelaniya Buddhist temple in Colombo, Sri Lanka, Aug. 9, 2020.

အစိုးရနှုတ်ထွက်ပေးဖို့တောင်းဆိုနေတဲ့ သီရိလင်္ကာနိုင်ငံမှာ တနင်္လာနေ့တုန်းက ၀န်ကြီးချုပ် Mahinda Rajapaska နှုတ်ထွက်သွားပါတယ်။

Zawgyi/Unicode

သီရိလင်္ကာ ဝန်ကြီးချုပ် နှုတ်ထွက်

အစိုးရနှုတ်ထွက်ပေးဖို့တောင်းဆိုနေတဲ့ သီရိလင်္ကာနိုင်ငံမှာ တနင်္လာနေ့တုန်းက ၀န်ကြီးချုပ် Mahinda Rajapaska နှုတ်ထွက်သွားပါတယ်။

ငွေကြေးနဲ့စီးပွားရေးဆိုင်ရာအကြပ်အတည်းတွေကြောင့်လနဲ့ချီဆန္ဒပြပွဲတွေဖြစ်နေတဲ့ သီရိလင်္ကာနိုင်ငံမှာ သမတဖြစ်သူ Gotabaya Rajapaska နဲ့ ညီအကိုဖြစ်သူ ၀န်ကြီး ချုပ်တို့နှစ်စလုံးကိုနှုတ်ထွက်ပေးဖို့တောင်းဆိုနေတာပါ။

ဝန်ကြီးချုပ်အဖြစ်ကနေနှုတ်ထွက်စာကိုတနင်္လာနေ့က သမတထံပေးပို့ခဲ့ပြီး၊ သူနှုတ်ထွ က်ကြောင်းကိုလည်းတွစ်တာစာမျက်နှာကနေဖေါ်ပြခဲ့ပါတယ်။

တနင်္လာနေ့က အစိုးရနှုတ်ထွက်ပေးဖို့တောင်းဆိုနေတဲ့ဆန္ဒပြသမားတွေကို၊လက်ရှိ SLPP ပါတီအစိုးရထောက်ခံသူတွေကတိုက်ခိုက်ခဲ့ပြီးနောက် အခုလိုဝန်ကြီးချုပ်ရာထူး ကနေနှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့်အနည်းဆုံးလူ ၂၀၀ လောက်ထိ ခိုက်ဒါဏ်ရာရခဲ့ပါတယ်။

ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ပစ်ခတ်ခဲ့သလို၊ ရေပိုက်တွေနဲလည်းထိုးပြီးလူစုခွဲခဲ့ပါတ ယ်။ အဲဒိနောက်အကန့်အသတ်မရှိ အပြင်မထွက်ရကာဖြူးအမိန့်ကိုလည်းထုတ်ပြန် လိုက်ပါတယ်။

ရာဂျပါကစာ ညီအကိုဟာလွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်းသိရိလင်္ကာရဲ့နိုင်ငံရေးကို ကြီးစိုးထိန်းချုပ်ထားခဲ့ပါတယ်။

သိရီလင်္ကာနိုင်ငံဟာ ၁၉၄၈ ကနေဒီကနေကာလအတွင်းအဆိုးဆုံးစီးပွားရေးကျဆင်းမှု နဲ့ကြုံနေရတဲ့အတွက် ပြည်သူတွေကအစိုးရကို နှုတ်ထွက်ပေးဖို့ ဆန္ဒပြနေကြတာဖြစ် ပါတယ်။

###

သီရိလင်္ကာ ဝန်ကြီးချုပ် နှုတ်ထွက်
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

Unicode









XS
SM
MD
LG