Zawgyi/Unicode
ခ်င္းတြင္း ငါးခူမ်ိဳးစိတ္သစ္ အိႏၵိယ ပညာရွင္ ရွာေဖြတြ႕ရွိ
ျမန္မာႏုိင္ငံခ်င္းတြင္းျမစ္ေၾကာင္းမွာ ငါးခူမ်ိဳးစိတ္သစ္တမ်ိဳးကုိ အိႏၵိယ သတၱေဗဒ စူးစမး္ေလ့လာေရး ဌာန ZSI ကရွာေဖြေတြ့ရွိခဲ့ပါတယ္။
အိႏၵိယျမန္မာနယ္စပ္က ခ်င္းတြင္းျမစ္လက္ေတြမွာ Ichthyology ေခၚ ငါးနဲ႔ပတ္သက္တဲ့ေလ့ လာမႈကုိျပဳလုပ္ခဲ့တဲ့ ဘဲြ႔လြန္ပညာရွင္ ေဒါက္တာ ဘန္ဒုန္း ရွန္နင္းဂမ္ Bungdon Shangningam ကရွာေဖြေတြ့ရွိခဲ့တာပါ။
စစ္ကုိင္းတုိင္းအတြင္းက ခ်င္းတြင္းျမစ္အတြင္းစီး၀င္တဲ့ျမစ္ေတြေခ်ာင္းေတြထဲက ေဒသခံငါးဖမ္းသမားေတြထံကေန ရယူခဲ့တဲ့ ငါးခူ နမႈနာ ၃ ခု ကုိ အေသ အျခာေလ့လာၾကည့္ရာကေန အခုလို မ်ိဳးစိတ္သစ္ေတြ အျဖစ္ ေတြ႕ရွိခဲ့ၿပီး မွတ္တမ္းတင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ။
ဒီငါးမ်ိဳးစိတ္သစ္ကို အမည္ေပးရာမွာ မူလေတြရွိတဲ့ ခ်င္းတြင္းျမစ္ - ျမစ္လက္တက္တခုျဖစ္တဲ့ ယုျမစ္အမည္ ကုိယူၿပီး Glyptothoraxyuensis လို႔ အမည္ေပးခဲ့တာပါ။
ငါးခူငါး အမ်ိဳးအစားေတြဟာ ေရစီးသန္တဲ့ ေတာင္က်ေခ်ာင္း ေတြထဲမွာက်က္စားေလ့ရွိပါတယ္။မ်ိဳးကဲြေပါင္းမ်ားစြာရွိၿပီး၊ တူရကီအေရွ့ပုိင္းက ယူဖေရးတီးျမစ္လ က္တက္ေတြကေန အေရွ့ဖက္တရုတ္ျပည္ ယံစီျမစ္၀ွမ္းအထိ ဒီငါးမ်ိဳးစိတ္ ေတြကုိေတြ့ ႏုိင္ပါတယ္။
ျမန္မာျပည္ ခ်င္းတြင္းျမစ္နဲ႔ ဧရာ၀တီျဖစ္၀ွမ္းမွာ ငါးခူအမ်ိဳးစိတ္ေပါင္း ၁၅ မ်ိဳးေလာက္ရွိၿပီး၊ တရုတ္ျပည္၊ နဲ့ အိႏၵိယမွာလည္းေတြ႔ႏုိင္ပါတယ္။
##
ချင်းတွင်း ငါးခူမျိုးစိတ်သစ် အိန္ဒိယ ပညာရှင် ရှာဖွေတွ့ရှိ
မြန်မာနိုင်ငံချင်းတွင်းမြစ်ကြောင်းမှာ ငါးခူမျိုးစိတ်သစ်တမျိုးကို အိန္ဒိယ သတ္တဗေဒ စူးစမ်းလေ့လာရေး ဌာန ZSI ကရှာဖွေတွေ့ရှိခဲ့ပါတယ်။
အိန္ဒိယမြန်မာနယ်စပ်က ချင်းတွင်းမြစ်လက်တွေမှာ Ichthyology ခေါ် ငါးနဲ့ပတ်သက်တဲ့လေ့ လာမှုကိုပြုလုပ်ခဲ့တဲ့ ဘွဲ့လွန်ပညာရှင် ဒေါက်တာ ဘန်ဒုန်း ရှန်နင်းဂမ် Bungdon Shangningam ကရှာဖွေတွေ့ရှိခဲ့တာပါ။
စစ်ကိုင်းတိုင်းအတွင်းက ချင်းတွင်းမြစ်အတွင်းစီးဝင်တဲ့မြစ်တွေချောင်းတွေထဲက ဒေသခံငါးဖမ်းသမားတွေထံကနေ ရယူခဲ့တဲ့ ငါးခူ နမှုနာ ၃ ခု ကို အသေ အခြာလေ့လာကြည့်ရာကနေ အခုလို မျိုးစိတ်သစ်တွေ အဖြစ် တွေ့ရှိခဲ့ပြီး မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။ ။
ဒီငါးမျိုးစိတ်သစ်ကို အမည်ပေးရာမှာ မူလတွေရှိတဲ့ ချင်းတွင်းမြစ် - မြစ်လက်တက်တခုဖြစ်တဲ့ ယုမြစ်အမည် ကိုယူပြီး Glyp- to--thorax-yuensis လို့ အမည်ပေးခဲ့တာပါ။
ငါးခူငါး အမျိုးအစားတွေဟာ ရေစီးသန်တဲ့ တောင်ကျချောင်း တွေထဲမှာကျက်စားလေ့ရှိပါတယ်။မျိုးကွဲပေါင်းများစွာရှိပြီး၊ တူရကီအရှေ့ပိုင်းက ယူဖရေးတီးမြစ်လ က်တက်တွေကနေ အရှေ့ဖက်တရုတ်ပြည် ယံစီမြစ်ဝှမ်းအထိ ဒီငါးမျိုးစိတ် တွေကိုတွေ့ နိုင်ပါတယ်။
မြန်မာပြည် ချင်းတွင်းမြစ်နဲ့ ဧရာဝတီဖြစ်ဝှမ်းမှာ ငါးခူအမျိုးစိတ်ပေါင်း ၁၅ မျိုးလောက်ရှိပြီး၊ တရုတ်ပြည်၊ နဲ့ အိန္ဒိယမှာလည်းတွေ့နိုင်ပါတယ်။